မဇ္ဈိမနိကာယ် (Middle length Discourses)
မဇ္ဈိမနိကာယ် (Middle length Discourses)သည် သုတ္တန်ပိဋကတော်ရှိ နိကာယ်ငါးစုမှ နှစ်ခုမြောက် နိကာယ်ဖြစ်ပြီး သုတ်ပေါင်း ၁၅၂ သုတ်ပါဝင်ပါသည်။ ယင်းသုတ်များမှာ မြတ်စွာဘုရားကိုယ်တော်တိုင်နှင့် သာဝကကြီးများ ဟောကြားတော်မှုသော သုတ်များဖြစ်သည်။ အခြားအယူဝင်ရဟန်းများနှင့် တရားပြိုင်ဆွေးနွေးခြင်း၊ ရဟန်းများကို ဟောကြားခြင်း၊ လူဝတ်ဥပါသကာ ဥပါသကာမများကို ဟောကြားခြင်း စသည်ဖြင့် အကြောင်းအရာများစွာ ပါဝင်ပါသည်။