ခုဒ္ဒကပါဌ ပါဠိတော်
ခပ ၅: မင်္ဂလသုတ်
ကောင်းမြတ်ခြင်း မင်္ဂလာ တရားများအကြောင်းကို ဟောကြားထားပါသည်။
ဓမ္မပဒ ပါဋ္ဌိတော်
အရှင်သေဋ္ဌိလ ဘာသာပြန်ကို ဖတ်ထားပါသည်။
ဥဒါန်း ပါဠိတော်
ဥဒ ၂.၄: သက္ကာရသုတ်
အခြားအယူဝင် လည့်လည်သော ရဟန်းတို့၏ ဆဲရေးခြင်းကိုခံရသော ရဟန်းတို့အား ဆင်းရဲချမ်းသာနှင့်တွေ့သော် သူ့ကြောင့်ငါ့ကြောင့်ဟု အစွဲမထားရဟု ဆုံးမသောသုတ်ဖြစ်သည်။
ဥဒ ၅.၄: ကုမာရကသုတ်
ငါးဖမ်းနေသော ကလေးများကို ကိုယ်ချင်းစာတရားနားလည်ရန် ဆုံးမသော သုတ်ဖြစ်ပါသည်။
ဥဒ ၅.၆: သောဏသုတ်
သူဌေးဘဝမှ ရဟန်းပြုသွားသော အရှင်သောဏ အကြောင်းဖြစ်သည်။ ဤသုတ်တွင် မြတ်စွာဘုရား လက်ထက်တော်ကပင် အဋ္ဌကဝဂ်၌ ပါသော တစ်ဆယ့် ခြောက်သုတ်လုံးတို့ကို ရွတ်ဖတ်ကြသည်ကို တွေ့ရပါသည်။ ထို့ပြင် မြတ်စွာဘုရား၏ အသွင်အပြင်ကို “ကြည်ညို ဖွယ် ပသာဒနီယဂုဏ်ကို ဆောင်လျက် ငြိမ်သက်သော ဣနြေ္ဒ ငြိမ်းအေးသော စိတ်ရှိသော အလွန်အကဲ ဆုံးမခြင်း အလွန် အကဲ ငြိမ်းအေးခြင်းသို့ ရောက်သည်ဖြစ်၍ ကိုယ်အမူအရာ ယဉ်ကျေးသော နှုတ်အမူအရာကို စောင့်ရှောက်သော မနိနြေ္ဒကို စောင့်စည်း တော်မူ သော ဆင်ပြောင်ကြီးသဖွယ်ဖြစ်သော ထိုမြတ်စွာဘုရားကို ဖူးမြော်ရလတ္တံ့”ဟု ကြည်ညိုဖွယ် ဖော်ပြထားသည်ကို တွေ့ရပါသည်။ အရှင်သောဏသည် “ချိုသာသော စကားကို ပြောဆိုတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကုဋိကဏ္ဏ အမည်ရသော သောဏသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။ (အရှင်မဟာကစ္စည်း နှင့် အရှင်မဟာကစ္စာန သည်တစ်ပါးတည်းဖြစ်သည်။)
ဥဒ ၆.၆: တတိယနာနာတိတ္ထိယသုတ်
ငြင်းခုံကြကုန်သော သမဏဗြာဟ္မဏတို့ကိုအကြောင်းပြု၍ ဆုံးမသောသုတ်ဖြစ်ပါသည်။ ဤသုတ်အဆုံးတွင် သုခနှင့် ဒုက္ခကို ငါပြု၏သို့မဟုတ် သူတစ်ပါးပြု၏ ဟူသော အယူမှာ မှားသောအယူဖြစ်သည်ဟု ဖော်ပြထားပါသည်။
ဣတိဝုတ် ပါဠိတော်
ဣတ ၈၅: အသုဘာနုပဿီသုတ်
အသုဘကမ္မဋ္ဌာန်း၊ အာနာပါနဿတိ နှင့် သင်္ခါရတရားတို့၌အနိစ္စဟု ရှုရန် ဟောကြားထားသော သုတ်ဖြစ်သည်။
ဣတ ၈၅: ဇီဝကသုတ်
လောကီစည်းစိမ်လည်းဆုံးရှုံး၊ ရဟန်းတရားလည်း မပြည့်စုံသော ရဟန်းဘဝမရောက်ရန် ပေါ်လွင်သော ဥပမာများဖြင့် ဟောကြားထားပါသည်။
သုတ္တနိပါတ် ပါဠိတော်
သနပ ၁.၈: မေတ္တသုတ်
မြတ်စွာဘုရား ဟောကြားတော်မူသော မေတ္တာ ပို့နည်းဖြစ်သည်။
သနပ ၄.၁: ကာမသုတ်
ကာမတို့၏ အပြစ်များကို ဟောကြားထားပါသည်။ ဤသုတ်ကို စမ္မပဒ ပါဠိတော်တွင်လည်းပါရှိပါသည်။
သနပ ၄.၂: ဂုဟဋ္ဌကသုတ်
ဤခန္ဓာကိုယ်နှင့် ကာမတို့ကို စွဲမက်ပါက လွတ်မြောက်ရန် မလွယ်ကူကြောင်း ဟောကြားထားပါသည်။
သနပ ၄.၁၁: ကလဟဝိဝါဒသုတ်
ခိုက်ရန်ဖြစ်မှုနှင့် ငြင်းခုံမှုတို့ဖြစ်ရခြင်း အကြောင်းအရင်းကို ဟောထားပါသည်။
သနပ ၅.၃: ပုဏ္ဏကမာဏဝပုစ္ဆာ
မြတ်စွာဘုရားအား “လူတို့ အဘယ့်ကြောင့် နတ်တို့ကို ပူဇော်ပသခြင်း ပြုသနည်း”ဟု မေးလျှောက်ခြင်းဖြစ်ပါသည်။
သနပ ၅.၄: မေတ္တဂူမာဏဝပုစ္ဆာ
မြတ်စွာဘုရားအား လောက၌ဆင်းရဲမှု မျိုးစုံရှိခြင်း၏ အကြောင်းအရင်းကို မေးလျှောက်ခြင်းဖြစ်ပါသည်။