သံယုတ္တနိကာယ် (Connected Discourses)
သန ၅.၆: စာလာသုတ်
မာရ်နတ်က စာလာဘိက္ခုနီမကို ပဋိသန္ဓေနေသူသည် ကာမဂုဏ်တို့ကို ခံစားရ၏ဟု နှောက်ယှက်သော အကြောင်းဖြစ်သည်။
သန ၆.၁: ဗြဟ္မာယာစနသုတ်
ဘုရားဖြစ်တော်မူပြီးစ တရားဟောရန် စိတ်မညွတ်သော မြတ်စွာဘုရားကို သဟမ္ပတိဗြဟ္မာက တရားဟောရန် လျှောက်ထားသော သုတ်ဖြစ်ပါသည်။
သန ၇.၂: အက္ကောသသုတ်
ပုဏ္ဏားတစ်ယောက် ရဟန်းပြုသွားသည်ကို မကျေနပ်၍ ဆဲရေး ခြိမ်းခြောက်သော အခြားပုဏ္ဏား တစ်ယောက်ကို မြတ်စွာဘုရားက ဆုံးမသော သုတ်ဖြစ်သည်။
သန ၁၂.၁၂: မောဠိယဖဂ္ဂုနသုတ်
အာဟာရလေးမျိုးနှင့် ပဋိစ္စသမုပ္ပါဒ် ဆက်စပ်ပုံတရားတော်ကို သက္ကာယမကင်းသော မေးခွန်းများဖြင့် မေးမိသော အရှင်မောဠိယဖဂ္ဂုနကို ဆုံးမသော သုတ်ဖြစ်ပါသည်။
သန ၁၂.၁၅: ကစ္စာနဂေါတ္တသုတ်
မှန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ နှင့် ပဋိစ္စသမုပ္ပါဒ် ဆက်စပ်ပုံ တရားတော်ကို ဟောကြားထားပါသည်။
သန ၁၂.၁၇: အစေလကဿပသုတ်
သက္ကာယ မကင်းသရွေ့ လူမှုဒုက္ခများ ရင်ဆိုင်ခဲ့လျှင် “သူ့ကြောင့် ငါ့ကြောင့်”ဟု စွတ်စွဲနေရဦးမည်။
သန ၁၂.၂၅: ဘူမိဇသုတ်
မြတ်စွာဘုရားခေတ်မှ အခြားအယူရှိသူတို့၏ ကံဝါဒကို ဖော်ပြထားပါသည်။ ဆင်းရဲသော ခံစားမှုနှင့် ချမ်းသာသော ခံစားမှုဖြစ်ပုံကို အသေးစိတ်ဟောကြားထားပါသည်။
သန ၁၂.၃၈: စေတနာသုတ်
နောက်တဖန် ဘဝသစ်ဖြစ်ခြင်း၏ အကြောင်းကို ဟောထားပါသည်။
သန ၁၂.၄၁: ပဉ္စဝေရဘယသုတ်
အနာထပိဏ်သူဌေးကို သောတာပန်ဖြစ်ရခြင်း၏ အကျိုးများကို ဟောကြားထားပါသည်။
သန ၁၂.၆၁: အဿုတဝါသုတ်
မျောက်သစ်ကိုင်းကူးသည့်နည်းတူ စိတ်၊ မနော၊ ဝိညာဏ် စသည့် တရားတို့ အချိန်နှင့်အမျှ ဖြစ်၍ ချုပ်နေသည်။ ဤအကြောင်းကြောင့် အကျိုးဖြစ်သော သဘောတရားတို့ကို မသိသောကြောင့် သင်ကြားလေ့လာမှု မရှိသော ပုထုဇဉ်သည် သံသရာမှ မလွတ်နိုင်ဟု ဟောကြားထားပါသည်။
သန ၁၂.၆၄: အတ္ထိရာဂသုတ်
အထောက်အပံ့ အာဟာရလေးမျိုးတို့၌ တပ်မက်မှု၊ နှစ်သက်မှု၊ တက်မက်မှု ရှိခဲ့လျှင် နောက်တဖန် ဘဝသစ်ဖြစ်ကြောင်း ဟောကြားထားပါသည်။
သန ၁၂.၆၅: နဂရသုတ်
တောနက်ထဲတွင် လှည့်လည်ရင်း ရှေးမြို့ဟောင်းတစ်မြို့ကို ရှာဖွေတွေ့သကဲ့သို့ ဘုရားလောင်းသည် ရှေးဘုရားတို့ သွားခဲ့သည့် အရိယာမဂ္ဂ်ရှစ်ပါးဖြင့် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို စတင်ထွင်းဖောက်နားလည်သွားခဲ့ကြောင်း ဟောကြားထားပါသည်။
သန ၁၅.၃: အဿုသုတ်
သံသရာတလျှောက် ချစ်သောသူတို့နှင့် လွဲခဲ့သောကြောင့်လည်းကောင်း မချစ်သောသူတို့နှင့် တွေ့ဆုံရသောကြောင့်လည်းကောင်း ကျခဲ့ရသော မျက်ရည်သည် သမုဒ္ဒရာရေထက်ပင် များလှသည်။
သန ၂၂.၁: နကုလပိတုသုတ်
မြတ်စွာဘုရား၏ တရားတော်ကိုနာခဲ့ရ၍ မျက်နာကြည်လင် စိတ်ကြည်လင်လာသော နကုလပိတာသူကြွယ်ကို အရှင်သာရိပုတြာက အသက်အရွယ်ကြီး၍ လူနာသော်လည်း စိတ်မနာအောင် အဘယ်သို့ နေမည်နည်းဟု မေးမြန်းသော သုတ်ဖြစ်ပါသည်။ နကုလပိတာသူကြွယ်သည် “ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် နကုလပိတာသူကြွယ်သည် အမြတ်ဆုံး ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာဖြစ်သည်။
သန ၂၂.၃: ဟာလိဒ္ဒိကာနိသုတ်
ဟာလိဒ္ဒိကာနိသူကြွယ်က အရှင်မဟာကစ္စည်းကို သနပ ၄.၉: မာဂဏ္ဍိယသုတ်တွင်ပါသော မြတ်စွာဘုရား အတိုဟောထားသည့်တရားကို မေးလျှောက်ခြင်းဖြစ်သည်။ အရှင်မဟာကစ္စာနသည် “အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ်သော အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။ (အရှင်မဟာကစ္စည်း နှင့် အရှင်မဟာကစ္စာန သည်တစ်ပါးတည်းဖြစ်သည်။)
သန ၂၂.၅: သမာဓိသုတ်
ခန္ဓာငါးပါး မည်သို့ဖြစ်တည်လာသနည်း၊ မည်သည့်နည်းဖြင့် ခန္ဓာငါးပါးချုပ်မည်နည်း။ ဤတိုတောင်းသော်လည်း လေးနက်သောသုတ်တွင် ဟောကြားထားပါသည်။
သန ၂၂.၄၈: ခန္ဓသုတ်
ခန္ဓာငါးပါးနှင့် စွဲလမ်းဖွယ် ခန္ဓာငါးပါး (ဥပါဒါနက္ခန္ဓာ) မတူကြောင်း ဟောကြားထားပါသည်။
သန ၂၂.၅၄: ဗီဇသုတ်
နှစ်သက်စွဲမက်မှု ‘နန္ဒီရာဂ’ ကြောင့် ဝိညာဏသည် အခြားခန္ဓာလေးပါးပေါ်မှီ၍ ကြီးပွား ပြန့်ပြောသည်။
သန ၂၂.၅၆: ဥပါဒါနပရိပဝတ္တနသုတ်
မည်သည်ကို မြင်သော သိသောကြောင့် မြတ်စွာဘုရားသည် “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ”ဟု ဝန်ခံသနည်း။
သန ၂၂.၅၇: သတ္တဋ္ဌာနသုတ်
ခန္ဓာငါးပါးကို ခုနစ်မျိုးအားဖြင့် နားလည်ထွင်းဖောက်နိုင်လျှင် ရဟန္တာ အဖြစ်ကို ရရှိနှိင်မည်။
သန ၂၂.၅၉: အနတ္တလက္ခဏသုတ်
မြတ်စွာဘုရားက ပဉ္စဝဂ္ဂီရဟန်းတို့ကို အမေးအဖြေပြု၍ ခန္ဓာငါးပါးအကြောင်းကိုဟောသော တရားတော် ဖြစ်ပါသည်။ မြတ်စွာဘုရား ဗုဒ္ဓဖြစ်ပြီးစ ဒုတိယမြောက် ဟောသော တရားတော် ဖြစ်ပါသည်။
သန ၂၂.၇၉: ခဇ္ဇနီယသုတ်
ခန္ဓာတစ်ခုချင်းစီ၏ အလုပ်လုပ်ပုံကို အသေးစိတ်ဟောထားပါသည်။ အဘယ်ကြောင့် ရုပ်ကို ရုပ်၊ ခံစားခြင်း ကို ဝေဒနာ၊ မှတ်သားမှု ကို သညာ၊ ပြုပြင်မှု ကို သင်္ခါရ၊ သိမှု ကို ဝိညာဏ် ဟု ခေါ်သနည်း။
သန ၂၂.၈၁: ပါလိလေယျသုတ်
ရဟန်းတစ်ပါး၏ “မည်သို့သိသော မြင်သို့မြင်သောသူသည် ယခုချက်ချင်း အသဝေါကုန် သနည်း”ဟု တွေးသော အတွေးကို မြတ်စွာဘုရားက မိမိစိတ်တော်ဖြင့်သိ၍ ဆုံးမသော သုတ်ဖြစ်သည်။
သန ၂၂.၉၅: ဖေဏပိဏ္ဍူပမသုတ်
ခန္ဓာငါးပါး၏ သဘော သဘာဝနှင့် အနှစ်မရှိပုံကို အလွန်ရှင်းလင်းသော ဥပမာများဖြင့် ဟောကြားထားပါသည်။
သန ၂၂.၁၂၂: သီလဝန္တသုတ်
အရှင်သာရိပုတြာက သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ရနည်းကို ဟောကြားထားပါသည်။
သန ၂၅. ၂: ရူပသုတ်
အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အတွေ့ နှင့် သဘောတရားတို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။
သန ၃၅.၂၄၅: ကိံသုကောပမသုတ်
နိဗ္ဗာန်ကို ရဟန္တာများကြား အမြင်မတူကြပုံကို အလွန်ရှင်းလင်းသော ဥပမာများဖြင့် ဟောကြားထားပါသည်။
သန ၃၆.၃: ပဟာနသုတ်
ချမ်းသာသော ခံစားမှု၌ စွဲမက်မှုအာရုံ ကပ်ညှိတတ်သည်။ ဆင်းရဲသော ခံစားမှု၌ ဒေါသထွက်မှုအာရုံ ကပ်ညှိတတ်သည်။ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ မသိမှုအာရုံ ကပ်ညှိတတ်သည်။ ခံစားမှု ဝေဒနာတို့ကို ပိုင်းခြား၍ သိလျှင် ယခုဘဝ၌ပင် ရဟန္တာ ဖြစ်သည်။
သန ၃၆.၇: ပဌမ ဂေလညသုတ်
လူနာဆောင်သို့ မြတ်စွာဘုရားက တစ်ပါးတည်းကြွကာ သေခါနီးအချိန်၌ မည်သို့ရှုရမည်ကို ဟောကြားထားပါသည်။
သန ၄၅.၈: ဝိဘင်္ဂသုတ်
အရိယာမဂ် ၈ပါးကို အဓိပ္ပါယ်ဖွင့် ဟောကြားထားပါသည်။
သန ၄၅.၁၅၉: အာဂန္တုကသုတ်
အရိယာမဂ် ၈ပါးကို အကြိမ်များစွာ ကျင့်ကြံလျှင် ထိုးထွင်း၍ သိသင့်သောတရားတို့ကို ထိုးထွင်း၍ သိသည်။ ထိုးထွင်းသိသော ဉာဏ်ဖြင့် စွန့်ပယ်သင့်သည့်တရားတို့ကို စွန့်ပယ်သည်။ ထိုးထွင်းသိသော ဉာဏ်ဖြင့် မျက်မှောက်ပြု နားလည်သင့်သောတရားတို့ကို မျက်မှောက်ပြု နားလည်သည်။ ထိုးထွင်းသိသော ဉာဏ်ဖြင့် ကျင့်ကြံအားထုတ်ရမည့်တရားတို့ကို ကျင့်ကြံအားထုတ်သည်။
သန ၄၆.၆: ကုဏ္ဍလိယသုတ်
အသိဉာဏ် “ဝိဇ္ဇာ”၊ လွတ်မြောက်မှု “ဝိမုတ္တိ”၊ သတိပဋ္ဌာန် ၄ ပါး၊ ဗောဇ္ဈင် ၇ ပါး ဆက်စက်ပုံကို ဟောကြားထားပါသည်။
သန ၄၆.၅၁: အာဟာရသုတ်
တရားတက်ခြင်းကို ပိတ်ပင်တတ်သော နီဝါရဏ ၅ ပါးနှင့် တရားပြည့်စုံခြင်းကို ဖြစ်စေတတ်သော ဗောဇ္ဈင်ခုနစ်ပါးတရားတော်တို့၏ ဖြစ်ခြင်းနှင့် ပျက်ခြင်း၏အကြောင်းအရင်း အထောက်အပံ့ကို ဟောကြားထားပါသည်။
သန ၄၆.၅၂: ပရိယာယသုတ်
သာသနာပြင်ရှိ ဗောဇ္ဈင်ခုနစ်ပါးတရားတော်နှင့် သာသနာတွင်းရှိ ဗောဇ္ဈင်ခုနစ်ပါးတရားတော်တို့ ကွာခြားပုံကို ဟောကြားထားပါသည်။
သန ၄၆.၅၃: အဂ္ဂိသုတ်
စိတ်လေးလံ ထိုင်းမှိုင်းသောအခါနှင့် စိတ်ဂနာမငြိမ် ဖြစ်နေသောအခါ ပွားများသင့်သော ဗောဇ္ဈင်တရားကို ဟောကြားထားပါသည်။
သန ၄၇.၁၀: ဘိက္ခုနုပဿယသုတ်
စိတ်အခြေအနေပေါ်မူတည်၍ သတိပဋ္ဌာန်လေးပါးကို နှစ်မျိုးခွဲကာ ကျင့်နည်းကို ဟောကြားထားပါသည်။ တရားထိုင်ရင်း စိတ်ပျံ့လွင့်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း ဖြစ်လာလျှင် သတိပဋ္ဌာန်ကို မည်သို့ရှုရမည်ကို တွေ့ရပါမည်။
သန ၄၇.၁၂: နာလန္ဒသုတ်
“သဗ္ဗညုတဉာဏ်တော်၌ မြတ်စွာဘုရားထက် ပိုမိုလွန်ကဲစွာ သိသော မြတ်စွာဘုရားမှ အခြားတစ်ပါးသော သမဏသည် လည်းကောင်း၊ ဗြာဟ္မဏသည် လည်းကောင်း ဖြစ်လည်း မဖြစ်ဖူး၊ ဖြစ်လိမ့်မည်လည်း မဟုတ်၊ ယခုအခါ၌လည်း မရှိပါဟု မြတ်စွာဘုရား၌ တပည့်တော် ဤသို့ ယုံကြည်ပါ၏”ဟု အဘယ်အကြောင်းကြောင့် အရှင်သာရိပုတြာ လျောက်ထားသနည်း။
သန ၄၇.၃၅: သတိသုတ်
“သတိရှိရမည်” မည်သည်ကို သတိ ရှိရမည်နည်း။ ဤသုတ်တွင် ရှင်းပြထားပါသည်။
သန ၄၇.၄၂: သမုဒယသုတ်
သတိပဋ္ဌာန်လေးပါးတို့၏ ဖြစ်ရခြင်းနှင့် ချုပ်ရခြင်း အကြောင်းအရင်းကို ဟောကြားထားပါသည်။
သန ၅၅.၅၄: ဂိလာနသုတ်
သေဆုံးခါနီးသူအား နှစ်သိမ့်နည်းကို ဟောကြားထားပါသည်။
သန ၅၆.၁၁: ဓမ္မစက္ကပ္ပဝတ္တနသုတ်
ဗုဒ္ဓအဖြစ်ကို ရတော်မှုပြီး မြတ်စွာဘုရား ဟောတော်မှုသော တရားဦးဖြစ်သည်။ သစ္စာလေးပါးကို ထိုးထွင်းနားလည်တော်မှုသောကြောင့် အရှင်ကောဏ္ဍညသည် သောတာပန်တည်၍ ပထမဆုံး အရိယာသံဃာစတင် ဖြစ်ပေါ်သည်။