ဒေဝဒဟဝဂ် ၁၀၁ – ၁၁၀
မန ၁၀၁: ဒေဝဒဟသုတ် – At Devadaha [Thanissaro]
မျက်မှောက်ဘဝခံစားရသော ဆင်းရဲချမ်းသာခံစားမှုအားလုံးသည် အတိတ်ကံကြောင့်ဖြစ်၍ အကျင့်ဖြင့် ကံအဟောင်းတို့ကို ပျောက်ကင်းစေလျက် ကံအသစ်တို့ကို နောက်ထက်မပြုလုပ်ခြင်းသည် ဗုဒ္ဓ၏ကံဝါဒမဟုတ် ဂျိန်းတို့၏ကံဝါဒဖြစ်ကြောင်းကို တွေ့ရပါမည်။ ဗုဒ္ဓ၏ကံဝါဒကိုသိလိုပါက ဖတ်သင့်သော သုတ်ဖြစ်ပါသည်။
မန ၁၀၅: သုနက္ခတ္တသုတ် – To Sunakkhatta [Thanissaro]
တရားကို အမှန်မရရှိပဲ မိမိကိုယ်ကို အထင်ကြီးမှုဖြင့် တရားပေါက်သည်ထင်သော ရဟန်းများ အကြောင်းဖြစ်သည်။ တရားကိစ္စပြီးဆုံးပြီဆို၍ မိမိ၏သီလကို မစောင့်ရှောက်သောသူသည် အဆိပ်ခွက်ကို သိလျက်နှင့်သောက်သောသူ၊ အဆိပ်ရှိသောမြွေဆီသို့ လက်ထိုးပေးသောသူနှင့်တူသည်ဟု ဆုံးမထားပါသည်။
မန ၁၀၆: အာနေဉ္ဇသပ္ပါယသုတ် – Conducive to the Imperturbable [Thanissaro]
ရူပ အရူပဈာန်တို့ဖြင့် နိဗ္ဗာန်ရရှိနိုင်ပုံကို အရှင်အာနန္ဒာအား ဟောကြားသောသုတ် ဖြစ်ပါသည်။
မန ၁၀၇: ဂဏကမောဂ္ဂလ္လာနသုတ် – The Discourse to Ganaka-Moggallana [Horner]
ရဟန်းတို့၏ တစ်ဆင့်ပြီးတစ်ဆင့်တက်ရသော သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်ကို ဖော်ပြထားပါသည်။
မန ၁၀၈: ဂေါပကမောဂ္ဂလ္လာနသုတ် – Moggallana the Guardsman [Thanissaro] [Bodhi]
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် သံဃာအဖွဲ့အစည်း မည်ကဲ့သို့စည်းလုံးစွာနေသည့်အကြောင်းကို ဖော်ပြထားပါသည်။
မန ၁၀၉: မဟာပုဏ္ဏမသုတ် – The Great Full-moon Night Discourse [Thanissaro]
ရဟန်းတစ်ပါးက မြတ်စွာဘုရားကို စွဲလမ်းဖွယ်ခန္ဓာငါးပါး (ဥပါဒါနက္ခန္ဓာ)၊ သက္ကာယဒိဋ္ဌိ တို့ကိုမေးမြန်း လျှောက်ထားသောသုတ်ဖြစ်ပါသည်။ စွဲလမ်းဖွယ်ခန္ဓာငါးပါးကိုသိလိုပါက လေ့လာဖတ်ရှုသင့်သော တရားတော်ဖြစ်ပါသည်။
မန ၁၁၀: စူဠပုဏ္ဏမသုတ် – The Shorter Discourse on the Full-moon Night [Thanissaro]
သူယုတ်မာနှင့် သူတော်ကောင်းအကြောင်းကို ဟောထားပါသည်။
အနုပဒဝဂ် ၁၁၁ – ၁၂၀
မန ၁၁၁: အနုပဒသုတ် – One After Another [Thanissaro]
အရှင်သာရိပုတြာ၏ ရူပ အရူပဈာန်တို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ရဟန္တာ ဘဝရောက်ပုံကို ဟောကြားထားပါသည်။ ရူပ အရူပဈာန်များတွင် ပါဝင်သော အစိတ်အပိုင်းများကို အသေးစိတ် တွေ့ရပါမည်။
မန ၁၁၃: သပ္ပုရိသသုတ် – A Person of Integrity [Thanissaro]
သူယုတ်မာနှင့် သူတော်ကောင်းအကြောင်းကို ဟောထားပါသည်။
မန ၁၁၆: ဣသိဂိလိသုတ် – The Discourse at Isigili [Piyadassi]
ဣသိဂိလိတောင်၌ သီတင်းသုံးနေခဲ့သော ပစ္စေကဗုဒ္ဓါတို့၏ အကြောင်းဖြစ်ပါသည်။
မန ၁၁၇: မဟာစတ္တာရီသကသုတ် – The Great Forty [Thanissaro] [Bodhi]
ဆင်းရဲချုပ်ရာအကျင့်ဖြစ်သော အရိယာမဂ်ရှစ်ပါးတို့ တစ်ပါးကိုတစ်ပါး အကျိုးပြုပုံကို ဟောကြားထားပါသည်။ အရိယာမဂ်ရှစ်ပါးတို့ကို နားလည်လိုပါက လေ့လာသင့်သော သုတ်ဖြစ်ပါသည်။
မန ၁၁၈: အာနာပါနဿတိသုတ် – Mindfulness of Breathing [Thanissaro] [Bodhi]
အာနာပါန ကမ္မဋ္ဌာန်းတစ်ဆယ်ခြောက်ဆင့်ဖြင့် သတိပဋ္ဌာန် လေးပါး၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေ၍ အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိပုံကို ဟောကြားထားပါသည်။
မန ၁၁၉: ကာယဂတာသတိသုတ် – Mindfulness Immersed in the Body [Thanissaro]
ကာယဂတာသတိ ကမ္မဋ္ဌာန်းဖြင့် အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိပုံကို ဟောကြားထားပါသည်။ ကာယဂတာသတိ ကမ္မဋ္ဌာန်းကျင့်နည်း အသေးစိတ်ကို သိလိုပါက ဖတ်သင့်သော သုတ်ဖြစ်ပါသည်။
သုညတဝဂ် ၁၂၁ – ၁၃၀
မန ၁၂၁: စူဠသုညတသုတ် – The Lesser Discourse on Emptiness [Thanissaro]
အရှင်အာနန္ဒာကို သုညတဝိဟာရ အကြောင်းကို ဟောကြားသောသုတ်ဖြစ်ပါသည်။
မန ၁၂၂: မဟာသုညတသုတ် – The Greater Discourse on Emptiness [Thanissaro]
အပေါင်းအသင်း အဖွဲ့အစည်း၌ ပျော်ပိုက်သော ရဟန်းတို့ကို အကြောင်းပြု၍ အရှင်အာနန္ဒာကို ဟောကြားသောသုတ်ဖြစ်ပါသည်။
မန ၁၂၅: ဒန္တဘူမိသုတ် – The Discourse on the ‘Tamed Stage’ [Horner]
မြတ်စွာဘုရားက ရဟန်းတို့ကို သွန်သင်ပုံကို ဆင်ထိန်းဥပမာဖြင့် ဟောကြားထားပါသည်။
မန ၁၂၆: ဘူမိဇသုတ် – To Bhumija [Thanissaro]
အရိယာမဂ်ကို မှန်ကန်စွာကျင့်ပါက နိဗ္ဗာန်ကို တော့င်တသည်ဖြစ်စေ မတောင့်တသည်ဖြစ်စေ ကိစ္စပြီးပုံကို ဟောကြားထားပါသည်။
မန ၁၂၇: အနုရုဒ္ဓသုတ်
အရှင်အနုရုဒ္ဓ က အပ္ပမာဏ စေတောဝိမုတ္တိ (Immeasurable deliverance of mind) နှင့် မဟဂ္ဂုတ် စေတောဝိမုတ္တိ ((Exalted deliverance of mind) မတူပုံကို ပဉ္ဓကင်္ဂ လက်သမားကြီ:အား ဟောကြားသော သုတ်ဖြစ်သည်။ အရှင်အနုရုဒ္ဓသည် “ဒိဗ္ဗစက္ခုအဘိညာဉ် ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။
မန ၁၃၀: ဒေဝဒူတသုတ် – The Deva Messengers [Thanissaro]
ငရဲပြည်အကြောင်းကို အသေးစိတ် ဟောကြားထားပါသည်။
ဝိဘင်္ဂဝဂ် ၁၃၁ – ၁၄၂
မန ၁၃၁: ဘဒ္ဒေကရတ္တသုတ် – The Discourse on the Ideal Lover of Solitude/An Auspicious Day [Ñanananda | Thanissaro]
မနက်ဖြန်သေမည်ကို မည်သူကြိုသိနိုင်မည်နည်း။ အတိတ်ကာလသည် ပြီးဆုံး၍ပြန်မရနိုင်၊ အနာဂါတ်ကာလကား မရောက်သေး၊ ယခုပစ္စုပ္ပန်ကာလသည်သာ အရေးကြီးဆုံးဖြစ်၍ တရားကျင့်ကြရန် ဆုံးမသော သုတ်ဖြစ်ပါသည်။
မန ၁၃၅: စူဠကမ္မဝိဘင်္ဂသုတ် – The Shorter Exposition of Kamma/The Shorter Analysis of Action [Ñanamoli | Thanissaro] [Bodhi]
အဘယ်ကြောင့် အချို့ အသက်ရှည်၍ အချို့အသက်တိုသနည်း၊ အချို့ ဆင်းရဲ၍ အချို့ ချမ်းသာသနည်း။ မိမိပြုလုပ်သော ကံသာကြောင့်သာလျှင် ဖြစ်ကုန်၏။
မန ၁၃၆: မဟာကမ္မဝိဘင်္ဂသုတ် – The Great Exposition of Kamma/The Greater Analysis of Action [Ñanamoli | Thanissaro]
သံသရာတစ်လျှောက်ပြုခဲ့သောကံတို့သည် ရှုတ်ထွေးလှသည်။ ကံတို့၏အကျိုးဆက်သည် ၁+၁=၂ ကဲ့သို့မရှိုးရှင်းပါ။ ဗုဒ္ဓ၏ ကံဝါဒကိုသိလိုပါက ဖတ်သင့်သော သုတ်ဖြစ်သည်။ မြတ်စွာဘုရား ဆိုလိုသော“ကံ”ဟူသည်မှာ စေတနာနှင့်တွဲ၍ ပြုလုပ်သော ကိုယ်၊နှုတ်၊စိတ်တို့၏ အလုပ်ဖြစ်သည်။ အရပ်သုံးစကားဖြစ်သော “ကံကောင်းခြင်း – Good luck/Chance”တို့နှင့် မဆိုင်ပါ။
မန ၁၃၇: သဠာယတနဝိဘင်္ဂသုတ် – An Analysis of the Six Sense-media [Thanissaro]
အာရုံတခါးခြောက်ပါး(သဠာယတန) တို့ကို ဟောကြားသော သုတ်ဖြစ်ပါသည်။
မန ၁၃၈: ဥဒ္ဒေသဝိဘင်္ဂသုတ် – An Analysis of the Statement [Thanissaro]
မြတ်စွာဘုရား အကျဉ်းဟောထားသော သိမှု ဝိညာဏ်တို့၏ အပ၌ မပြန့်လွင့်ခြင်း အတွင်း၌ မတည်ခြင်း တရားတော်ကို အရှင်မဟာကစ္စာနက အကျယ်ရှင်းပြသော သုတ်ဖြစ်ပါသည်။ အရှင်မဟာကစ္စာနသည် “အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ်သော အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။
မန ၁၄၀: ဓာတုဝိဘင်္ဂသုတ် – An Analysis of the Properties [Thanissaro]
မြတ်စွာဘုရားကို တစ်ခါမျှ မဖူးမြင်ဖူးဘဲ ကြည်ညိုသည့်အလျှောက် ရဟန်းပြုသော အမျိုးသားကို တရားဟောသော သုတ်ဖြစ်ပါသည်။
မန ၁၄၁: သစ္စဝိဘင်္ဂသုတ် – Discourse on The Analysis of the Truths/An Analysis of the Truths [Piyadassi | Thanissaro] အရှင်သာရိပုတြာက သစ္စာလေးပါးတရားတော်ကို အသေးစိတ်ဟောထားသော သုတ်ဖြစ်ပါသည်။
သဠာယတနဝဂ် ၁၄၃ – ၁၅၂
မန ၁၄၃: အနာထပိဏ္ဍိကောဝါဒသုတ် – Instructions to Anathapindika/Advice to A Dying Man [Thanissaro | Olendzki (excerpt)]
သေဆုံးခါနီး အနာထပိဏ်သူဌေးကို အရှင်သာရိပုတြာက တရားဟောကြားသော သုတ်ဖြစ်ပါသည်။
မန ၁၄၆: နန္ဒကောဝါဒသုတ် – Nandaka’s Exhortation [Thanissaro] [Bodhi]
အရှင်နန္ဒက က ရဟန်းမတို့အား အနိစ္စတရားဟောကြားသော တရားတော်ဖြစ်ပါသည်။ အရှင်နန္ဒကသည် “ဘိက္ခုနီမတို့ကို ဆုံးမကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။
မန ၁၄၇: စူဠရာဟုလောဝါဒသုတ် – The Shorter Exposition to Rahula [Thanissaro] [Bodhi]
မြတ်စွာဘုရားက အရှင်ရာဟုလာကို ရဟန္တာ ဘဝရောက်ရန် ဟောကြားသော သုတ်ဖြစ်ပါသည်။
မန ၁၄၈: ဆဆက္ကသုတ် – The Six Sextets [Thanissaro] [Bodhi]
အာရုံခြောက်ပါးတို့ကို အနတ္တအဖြစ်ရှုနိုင်ရန် ဟောကြားထားသော အလွန်အကျိုးများသော သုတ်ဖြစ်ပါသည်။
မန ၁၄၉: မဟာသဠာယတနိကသုတ် – The Great Six Sense-media Discourse [Thanissaro] [Bodhi]
အာရုံခြောက်ပါးတို့ကို ကောင်းစွာနားလည်ခြင်းဖြင့် နိဗ္ဗာန်ရောက်ပုံကို ဟောထားသော သုတ်ဖြစ်ပါသည်။
မန ၁၅၂: ဣန္ဒြိယဘာဝနာသုတ် – The Development of the Faculties [Thanissaro]
ရဟန်းတို့၏ ကြည်ညိုဖွယ်ဣနြေ္ဒ အဘယ်သို့ပွါးများပုံကို ဖော်ပြထားပါသည်။ ရဟန္တာတို့ မိမိတို့၏သညာအပေါ်၌ ကျွမ်းကျင်စွာ ပြောင်းလဲ ရှုမြင်နိုင်ပုံကို တွေ့ရပါမည်။