မန ၁၁၆: ဣသိဂိလိသုတ်

၁၃၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် –

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဣသိဂိလိတောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ”ရဟန်းတို့”ဟု မိန့်တော်မူ၏။ ”အသျှင်ဘုရား”ဟု ထိုရဟန်း တို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော် မူ၏ –

ရဟန်းတို့ သင်တို့သည် ထိုဝေဘာရတောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုဝေဘာရတောင်၏လည်း (ဝေဘာရအမည်မှ) တစ်ပါး သာလျှင်ဖြစ်သော အမည်ပညတ်သည် ဖြစ်ခဲ့ဖူး၏။

ရဟန်းတို့ သင်တို့သည် ထိုပဏ္ဍဝတောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုပဏ္ဍဝတောင်၏လည်း (ပဏ္ဍဝအမည်မှ) တစ်ပါးသာ လျှင်ဖြစ်သော အမည်ပညတ်သည် ဖြစ်ခဲ့ဖူး၏။

ရဟန်းတို့ သင်တို့သည် ထိုဝေပုလ္လတောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုဝေပုလ္လတောင်၏လည်း (ဝေပုလ္လအမည်မှ) တစ်ပါး သာလျှင် ဖြစ်သော အမည်ပညတ်သည် ဖြစ်ခဲ့ဖူး၏။

ရဟန်းတို့ သင်တို့သည် ထိုဂိဇ္ဈကုဋ်တောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ထိုဂိဇ္ဈကုဋ်တောင်၏လည်း (ဂိဇ္ဈကုဋ်အမည်မှ) တစ်ပါး သာလျှင် ဖြစ်သော အမည်ပညတ်သည် ဖြစ်ခဲ့ဖူး၏။

ရဟန်းတို့ သင်တို့သည် ဤဣသိဂိလိတောင်ကို မြင်ကုန်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ ဤဣသိဂိလိတောင်၏လည်း ဤဣသိဂီလိဟူသော အမည်ပညတ်သာလျှင် ဖြစ်ခဲ့ဖူး၏။

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား ပစ္စေကဗုဒ္ဓါငါးရာတို့သည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေခဲ့ဖူးကုန်၏။ ဤတောင်သို့ဝင်ဆဲဖြစ်သော ထိုပစ္စေကဗုဒ္ဓါတို့ကို မြင်ကုန်၏၊ ဝင်ပြီးနေကုန် သော ထိုပစ္စေကဗုဒ္ဓါတို့ကို မမြင်ရကုန်။ လူတို့သည် ထိုပစ္စေကဗုဒ္ဓါတို့ကို မြင်ကုန်၍ ”ဤတောင်သည် ဤပစ္စေကဗုဒ္ဓါ ဣသိတို့ကို မျို၏”ဟု ဤသို့ ပြောဆိုကုန်၏၊ ထို့ကြောင့် ရသေ့မျိုတောင် ရသေ့မျိုတောင် ‘ဣသိဂိလိ ဣသိဂိလိ’ ဟူ၍သာလျှင် အမည်ထင်ရှားဖြစ်၏။ ရဟန်းတို့ ပစ္စေကဗုဒ္ဓါတို့၏ အမည်တို့ကို ပြောကြားပေအံ့၊ ဟောကြားပေအံ့၊ ထိုစကားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့ဟု မိန့်တော်မူ၏။ ”အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏ –

၁၃၄။ ရဟန်းတို့ အရိဋ္ဌမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်း သုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ ဥပရိဋ္ဌမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ တဂရသိခိမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌့ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ ယသဿိမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိ တောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ သုဒဿနမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ ပီယဒဿိမည်သော ပစ္စေကဗုဒ္ဓါ သည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံး နေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ ဂန္ဓာရမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ ပိဏ္ဍောလ မည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိ တောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ ဥပါသဘ မည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ နီတမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏။ ရဟန်း တို့ တထမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မူခဲ့ဖူး၏၊ ရဟန်းတို့ သုတဝါမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိ တောင်၌ ကြာမြင့်စွာ သီတင်းသုံး နေတော်မူ ခဲ့ဖူး၏၊ ရဟန်းတို့ ဘာဝိတတ္တမည်သော ပစ္စေကဗုဒ္ဓါသည် ဤဣသိဂိလိတောင်၌ ကြာမြင့်စွာ သီတင်းသုံး နေတော်မူခဲ့ဖူး၏။

၁၃၅။ သတ္တဝါတို့၏ အနှစ်သဖွယ် ဖြစ်ကုန်သော ဆင်းရဲကင်းကုန်သော အာသာ တဏှာကင်းကုန်သော အကြင်ပစ္စေကဗုဒ္ဓါတို့သည် အသီးအခြားသာလျှင် အရဟတ္တ မဂ်သို့ ရောက်ကုန်၏၊ တဏှာဟူသော ငြောင့်ကင်းကုန်သော လူတို့ထက် မြတ်ကုန် သော ထိုပစ္စေကဗုဒ္ဓါတို့၏ အမည်နာမတို့ကို ဟောကြားအံ့သော ငါ၏ စကားကို နာကြကုန်လော့။

အရိဋ္ဌပစ္စေကဗုဒ္ဓါ ဥပရိဋ္ဌပစ္စေကဗုဒ္ဓါ တဂရသိခိပစ္စေကဗုဒ္ဓါ ယသဿိပစ္စေကဗုဒ္ဓါ သုဒဿနပစ္စေကဗုဒ္ဓါ ပိယဒဿိပစ္စေကဗုဒ္ဓါ သုသမ္ဗုဒ္ဓပစ္စေကဗုဒ္ဓါ ဂန္ဓာရပစ္စေကဗုဒ္ဓါ ပိဏ္ဍောလပစ္စေကဗုဒ္ဓါ ဥပါသဘ ပစ္စေကဗုဒ္ဓါ နီတပစ္စေကဗုဒ္ဓါ သုတဝါပစ္စေကဗုဒ္ဓါ ဘာဝိတတ္တပစ္စေကဗုဒ္ဓါ သုမ္ဘပစ္စေကဗုဒ္ဓါ သုဘပစ္စေကဗုဒ္ဓါ အတုမရှိသော အဋ္ဌမ ပစ္စေကဗုဒ္ဓါ သုမေဃပစ္စေကဗုဒ္ဓါ အနီဃပစ္စေကဗုဒ္ဓါ သုဒါဌပစ္စေကဗုဒ္ဓါ ကြီးသော တန်ခိုးရှိသော ဟိင်္ဂုပစ္စေကဗုဒ္ဓါ ဟိင်္ဂပစ္စေကဗုဒ္ဓါ ဤသို့ ဘဝသို့ ဆောင်တတ်သော တဏှာကုန်ခန်းပြီးကုန်သော အသျှင်ပစ္စေကဗုဒ္ဓါတို့သည် ရှစ်ပါးဖြစ်ကုန်၏။

စူဠဇာလိ မဟာဇာလိမည်သော နှစ်ပါးသော ပစ္စေကဗုဒ္ဓါတို့ အဋ္ဌကပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး ကောသလ္လပစ္စေကဗုဒ္ဓါ ဗုဒ္ဓပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး သုဗာဟုပစ္စေကဗုဒ္ဓါ ဥပနေမိသပစ္စေကဗုဒ္ဓါ နေမိသပစ္စေကဗုဒ္ဓါ သန္တစိတ္တပစ္စေကဗုဒ္ဓါ သစ္စပစ္စေကဗုဒ္ဓါ တထပစ္စေက ဗုဒ္ဓါ ဝိရဇပစ္စေကဗုဒ္ဓါ ပဏ္ဍိတပစ္စေကဗုဒ္ဓါ။

ကာဠပစ္စေကဗုဒ္ဓါ ဥပကာဠပစ္စေကဗုဒ္ဓါ ဝိဇိတပစ္စေကဗုဒ္ဓါ ဇိတပစ္စေကဗုဒ္ဓါ အင်္ဂပစ္စေကဗုဒ္ဓါ ပင်္ဂပစ္စေကဗုဒ္ဓါ ဂုတ္တိဇိတပစ္စေကဗုဒ္ဓါ ပဿိပစ္စေကဗုဒ္ဓါ သည် ဒုက္ခ၏ အကြောင်းဖြစ်သော တဏှာကို ပယ်၏၊ အပရာဇိတမည်သော ပစ္စေကဗုဒ္ဓါ သည် မာရ်မင်း၏ စစ်သည်ကို အောင်၏။

သတ္ထပစ္စေကဗုဒ္ဓါ ပဝတ္တပစ္စေကဗုဒ္ဓါ သရဘင်္ဂပစ္စေကဗုဒ္ဓါ လောမဟံသပစ္စေကဗုဒ္ဓါ ဥစ္စင်္ဂမာယပစ္စေကဗုဒ္ဓါ အသိတပစ္စေကဗုဒ္ဓါ အနာသဝပစ္စေကဗုဒ္ဓါ မနောမယပစ္စေက ဗုဒ္ဓါ မာနကို ပယ်ဖြတ်နိုင်သော ဗန္ဓုပစ္စေကဗုဒ္ဓါ တဒါဓိမုတ္တပစ္စေကဗုဒ္ဓါ ဝိမလ ပစ္စေကဗုဒ္ဓါ ကေတုမပစ္စေကဗုဒ္ဓါ။

ကေတုမ္ဘရာဂပစ္စေကဗုဒ္ဓါ မာတင်္ဂပစ္စေကဗုဒ္ဓါ အရိယပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး အစ္စုတပစ္စေကဗုဒ္ဓါ အစ္စုတဂါမပစ္စေကဗုဒ္ဓါ ဗျာမကပစ္စေကဗုဒ္ဓါ သုမင်္ဂလပစ္စေကဗုဒ္ဓါ ဒဗ္ဗိလ ပစ္စေကဗုဒ္ဓါ သုပတိဋ္ဌိတပစ္စေကဗုဒ္ဓါ အသယှပစ္စေကဗုဒ္ဓါ ခေမာဘိရတပစ္စေက ဗုဒ္ဓါ သောရတပစ္စေကဗုဒ္ဓါ။

ဒုရန္ဒယပစ္စေကဗုဒ္ဓါ သံဃပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး ဥဇ္ဇယပစ္စေကဗုဒ္ဓါ တစ်ပါး သော မုနိပစ္စေကဗုဒ္ဓါ မဆုတ်မနစ်သော လုံ့လရှိသော သယှပစ္စေကဗုဒ္ဓါ အာနန္ဒ ပစ္စေကဗုဒ္ဓါလေးပါး နန္ဒပစ္စေကဗုဒ္ဓါလေးပါ့းဥပနန္ဒပစ္စေကဗုဒ္ဓါလေးပါးအားဖြင့် တစ်ဆယ့်နှစ်ပါးသော ပစ္စေကဗုဒ္ဓါတို့ အဆုံးစွန်သော ကိုယ်ခန္ဓာကိုဆောင်သော ဘာရဒွါဇပစ္စေကဗုဒ္ဓါ။

ဗောဓိပစ္စေကဗုဒ္ဓါ မဟာနာမပစ္စေကဗုဒ္ဓါ ထိုမှတစ်ပါး ဥတ္တရပစ္စေကဗုဒ္ဓါ ကေသိ ပစ္စေကဗုဒ္ဓါ သိခိပစ္စေကဗုဒ္ဓါ သုန္ဒရပစ္စေကဗုဒ္ဓါ ဒွါရဘာဇပစ္စေကဗုဒ္ဓါ ဘဝအနှောင် အဖွဲ့ကို ဖြတ်ကုန်သော တိဿပစ္စေကဗုဒ္ဓါ ဥပတိဿပစ္စေကဗုဒ္ဓါတို့ ဥပသိခိပစ္စေက ဗုဒ္ဓါ တဏှာကို ဖြတ်သော သိခရိပစ္စေကဗုဒ္ဓါ။

ဗုဒ္ဓပစ္စေကဗုဒ္ဓါ ရာဂကင်းပြီးသော အဟုမင်္ဂလပစ္စေကဗုဒ္ဓါ ဆင်းရဲ၏ အကြောင်း ရင်းဖြစ်သော တဏှာဟူသော ကွန်ရက်ကို ဖြတ်ပြီးသော ဥသ ဘပစ္စေကဗုဒ္ဓါ ငြိမ်း အေးသော နိဗ္ဗာန်သို့ကြွသွားတော်မူပြီးသော ဥပနီတပစ္စေကဗုဒ္ဓါ ဥပေါသထ ပစ္စေကဗုဒ္ဓါ သုန္ဒရပစ္စေကဗုဒ္ဓါ၊ သစ္စပစ္စေကဗုဒ္ဓါ။

ဇေတပစ္စေကဗုဒ္ဓါ ဇယန္တပစ္စေကဗုဒ္ဓါ ပဒုမပစ္စေကဗုဒ္ဓါ ဥပ္ပလပစ္စေကဗုဒ္ဓါ ပဒုမုတ္တရ ပစ္စေကဗုဒ္ဓါ ရက္ခိတပစ္စေကဗုဒ္ဓါ ပဗ္ဗတပစ္စေကဗုဒ္ဓါ မာနတ္ထဒ္ဓပစ္စေကဗုဒ္ဓါ သောဘိတ ပစ္စေကဗုဒ္ဓါ ဝီတရာဂပစ္စေကဗုဒ္ဓါ ကောင်းစွာ ကိလေသာမှ လွတ်သောစိတ်ရှိသော ကဏှ ပစ္စေကဗုဒ္ဓါ ဗုဒ္ဓပစ္စေကဗုဒ္ဓါ။

ကြီးသော တန်ခိုးရှိကုန်သော ဘဝသို့ဆောင်တတ်သော တဏှာကုန်ခန်းပြီးကုန် သော ထိုပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်း၊ တစ်ပါးသော ပစ္စေကဗုဒ္ဓါတို့သည်လည်း ကောင်း ပွင့်တော်မူကြကုန်ပြီ၊ အလုံးစုံ သိမ်းကျုံး၍ ယူအပ်ကုန်သော မြတ်သော သီလက္ခန္ဓတို့ကို ရှာလေ့ရှိကုန်သော ပရိနိဗ္ဗာန်ဝင်စံကုန်ပြီးသော အတိုင်းမသိများ ကုန်သော ထိုပစ္စေကဗုဒ္ဓါတို့ကို သင်တို့သည် ရှိခိုးကြကုန်လော့ဟု (မိန့်တော် မူ၏)။

ခြောက်ခုမြောက် ဣသိဂိလိသုတ် ပြီး၏။