မူလပဏ္ဏာသ ၁-၅၀

မူလပရိယာယဝဂ် ၁ – ၁၀

မန ၁: မူလပရိယာယသုတ် – The Root Sequence [Thanissaro] [Bodhi]
ဤသုတ်တွင် မြတ်စွာဘုရား၊ ရဟန္တာ၊ အရဟတ္တဖိုလ် မရသေးသောရဟန်း နှင့် အသိအမြင်မရှိသော ပုထုဇဉ် တို့၏ အမြင်ခြားနားပုံကို ဖော်ပြထားပါသည်။ ဤသုတ်သည် နက်နဲလွန်းသဖြင့် အခြားသုတ်များ လေ့လာပြီးမှ ဖတ်ရူသင့်ပါသည်။

မန ၂: သဗ္ဗာသဝသုတ် – Discourse on All Āsavas/All the Fermentations [Burma Piṭaka Assn. | Thanissaro] [Bodhi]
သံသရာလည်စေတတ်သော အာသဝတို့ ကုန်ခန်းစေရန် နည်းခုနှစ်မျိုးကို ဟောကြားထားပါသည်။

မန ၄: ဘယဘေရဝသုတ် – Fear & Terror [Thanissaro] [Bodhi]
နက်ရှိုင်းသော တောနက်ထဲတွင် ကြောက်ရွံ့ခြင်းကင်း၍ တစ်ပါးတည်း တရားအားထုတနိုင်ရန် လိုအပ်သော အရည်အချင်းကို ဟောထားပါသည်။ ဘုရားလောင်းဘဝတွင် မြတ်စွာဘုရားကိုယ်တိုင် ကြောက်ရွံ့ခြင်းကို မည်သို့ရင်ဆိုင်ခဲ့သည်ကိုဖော်ပြထားပါသည်။

   မန ၇: ဝတ္ထသုတ် – The Simile of the Cloth [Nyanaponika] [Bodhi]
ညစ်ပေနေသောအဝတ်ကို ဆိုးဆေးကောင်းစွာ မစွဲသကဲ့သို့ ကိလေသာများနေသောစိတ်ဖြင့် တရားမပေါက်နှိင်သည်ကို ဟောကြားထားပါသည်။ မြစ်ထဲဆင်း ရေချိုး၍ စိတ်မစင်ကြယ်လာစေနိုင်ပဲ ကိလေသာတို့ကိုသိ၍ စွန့်ပစ်နိုင်မှသာ စိတ်စင်ကြယ်လာနိုင်ပါသည်။

မန ၈: သလ္လေခသုတ် – The Discourse on Effacement [Nyanaponika] [Bodhi]
”ဤခန္ဓာငါးပါးသည် ငါ့ဥစ္စာ မဟုတ်၊ ဤခန္ဓာ ငါးပါးသည် ငါ မဟုတ်၊ ဤခန္ဓာငါးပါးသည် ငါ့အတ္တ မဟုတ်” ဟု မှန်ကန်စွာ နားလည်မှသာ မှားသောအယူတို့ကို ပယ်စွန့်နိုင်မည်ကို ဟောကြားထားပါသည်။

မန ၉: သမ္မာဒိဋ္ဌိသုတ် – The Discourse on Right View/Right View [Ñanamoli/Bodhi | Thanissaro] [Bodhi]
အရှင်သာရိပုတြာက အရိယာမဂ်၏ ပထမဆုံးနှင့် အရေးကြီးဆုံးဖြစ်သော မှန်ကန်သောအမြင်(သမ္မာဒိဋ္ဌိ) ကို ကုသိုလ်နှင့်အကုသိုလ်၊ အာဟာရ၊ သစ္စာလေးပါး၊ ပဋိစ္စသမုပ္ပါဒ် တရားတော်တို့နှင့် ယှဉ်တွဲ၍ အသေးစိတ်ဟောထားပါသည်။ မှန်ကန်သောအမြင်(သမ္မာဒိဋ္ဌိ) ကိုနားလည်လိုပါက ဖတ်သင့်သောသုတ်ဖြစ်ပါသည်။

မန ၁၀: မဟာသတိပဋ္ဌာနသုတ် – The Foundations of Mindfulness/The Discourse on the Arousing of Mindfulness/Frames of Reference [Nyanasatta | Soma | Thanissaro] [Bodhi]
ဤသုတ်သည် မြတ်စွာဘုရားကိုယ်တိုင် ဟောကြားတော်မူသော တရားထိုင်နည်းများဖြစ်သော သတိပဋ္ဌာန လေးပါး၊ ဗောဇ္ဈင်ခုနစ်ပါး စသည်တို့မှ သစ္စာလေးပါးထိ အသေးစိတ် ဖော်ပြထားသော အလွန် တန်ဖိုးကြီးသောသုတ် ဖြစ်ပါသည်။

သီဟနာဒဝဂ် ၁၁ – ၂၀

မန ၁၁: စူဠသီဟနာဒသုတ် – The Shorter Discourse on the Lion’s Roar [Ñanamoli/Bodhi] [Bodhi]
ဤသာသနာတော်၌သာလျှင် သောတာပန် ရဟန်း၊ သကဒါဂါမ် ရဟန်း၊ အနာဂါမ် ရဟန်း၊ ရဟန္တာ ရဟန်း ရှိနှိင်ခြင်း၏ အကြောင်းကိုဟောထားပါသည်။

မန ၁၂: မဟာသီဟနာဒသုတ် – The Great Discourse on the Lion’s Roar [Ñanamoli/Bodhi] [Bodhi]
အဘယ်ကြောင့် မြတ်စွာဘုရားသည် ပရိတ်သတ်အလည်၌ ကြောက်ခြင်းကင်း၍ တင့်တယ်သနည်း။ မြတ်စွာဘုရား၏ အားတော် ဆယ်ပါး၊ မြတ်စွာဘုရား၏ ရဲရင့်ခြင်း (ဝေသာရဇ္ဇ) ဉာဏ်တော် လေးပါး တို့ကို အသေးစိတ်ဖော်ပြထား၍ ဘုရားလောင်းဘဝတွင် ကျင့်ကြံခဲ့သော ပြင်းထန်သောအကျင့်များကို တွေ့ရပါမည်။

  မန ၁၃: မဟာဒုက္ခက္ခန္ဓသုတ် – The Great Mass of Stress [Thanissaro] [Bodhi]
ရွှေငွေ စည်းစိမ် ဂုဏ်တို့အတွက် အလွန်အမင်း လုပ်ကိုင်ရှာဖွေနေရခြင်းသည် အဘယ်ကြောင့်နည်း။ ကာမ၊ ရုပ် နှင့် ဝေဒနာတို့၏ အပြစ်နှင့် သာယာဖွယ်ကို ဟောထားပါသည်။

မန ၁၄: စူဠဒုက္ခက္ခန္ဓသုတ် – The Lesser Mass of Stress [Thanissaro]
လောဘ ဒေါသ မောဟ ကုန်စင်အောင် မပယ်နိုင်သေးသ၍ သံသရာလည်နေရဦးမည်။ ဘုရားလောင်းဘဝ၌ မြတ်စွာဘုရားကိုယ်တိုင် ဈာန်မဂ်ကိုမရသေးသမျှ ကာမတို့၏ဆွဲဆောင်မှုမ မလွတ်ခဲ့ဟုဟောကြားထားပါသည်။ မြတ်စွာဘုရားနှင့် ဂျိန်းဝါဒီ(နာဋ၏သား နိဂဏ္ဌ- နိဂဏ္ဌနာဋပုတြာ) သည်တစ်ဦးတို့ အပြန်အလှန် ဆွေးနွေးခန်းကို စိတ်ဝင်စားဖွယ်တွေ့ရပါမည်။ ဗုဒ္ဓ၏ကံဝါဒနှင့် ဂျိန်းတို့၏ကံဝါဒ မတူပုံကိုလည်း တွေ့ရပါမည်။

မန ၁၅: အနုမာနသုတ်
အရုင်မဟာမောဂ္ဂလာန်က ပြောဆိုဆုံးမရန် ခက်ခဲသော ရဟန်းများ မဖြစ်စေရန် ဟောကြားထားသော သုတ်ဖြစ်သည်။ ဤသုတ်သည် ရဟန်းများအတွက်ပါမက အပေါင်းအသင်း အဖွဲ့အစည်း နှင့် နေထိုင်ရသော လူတို့တွင်လည်း လိုက်နာကျင့်သုံးသင့်သော အဆုံးအမ များ ပါဝင်ပါသည်။

မန ၁၈: မဓုပိဏ္ဍိကသုတ် – The Ball of Honey [Thanissaro]
ပညာစမ်းမေးခွန်းထုတ်ရန်လာသော သာကီဝင်မင်းသားတစ်ပါးကို မြတ်စွာဘုရားက မင်းသားနားမလည်နိုင်သော တိုတောင်းသော အဖြေကိုပေးခဲ့၏။ ထိုအဖြေကို ရဟန်းများလည်းနားမလည်၍ အရှင်မဟာကစ္စာနက ဖြေရှင်းဟောကြားထားသော သုတ်ဖြစ်ပါသည်။ အရှင်မဟာကစ္စာနသည် “အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ်သော အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

  မန ၁၉: ဒွေဓာဝိတက္ကသုတ် – Two Sorts of Thinking [Thanissaro] [Bodhi]
ဘုရားလောင်းဘဝ၌ မြတ်စွာဘုရားကိုယ်တိုင် အတွေးတို့ကိုမည်သို့ ရင်ဆိုင်ခဲ့ရသည်ကို ဟောကြားထားသော သုတ်ဖြစ်ပါသည်။ ထိုအတွေးတို့မှာ ကာမနှင့်စပ်သော ကြံစည်ခြင်း၊ သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်းတို့ နှင့် ကာမမှ ထွက်မြောက်မှုနှင့်စပ်သော ကြံစည်ခြင်း၊ မသတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း တို့ဖြစ်ပါသည်။

မန ၂၀: ဝိတက္ကသဏ္ဌာနသုတ် – The Removal of Distracting Thoughts/The Relaxation of Thoughts [Soma | Thanissaro] [Bodhi]
တရားကျင့်ကြံနေသော သူများအတွက် အတွေးတို့ကို ကိုင်တွယ်နည်း ငါးနည်းကို ဟောကြားထားပါသည်။

သြပမ္မဝဂ် ၂၁ – ၃၀

မန ၂၁: ကကစူပမသုတ် – The Parable of the Saw/The Simile of the Saw [Buddharakkhita (excerpt) | Thanissaro (excerpt)]
သည်းခံခြင်းကို မည်သို့ကျင့်ကြံရမည်ကို ဟောထားသော သုတ်ဖြစ်ပါသည်။

မန ၂၂: အလဂဒ္ဒူပမသုတ် – The Snake Simile/The Water-Snake Simile [Nyanaponika | Thanissaro] [Bodhi]
သံသရာခရီးဆုံးကို သွားလိုသူတို့အတွက် မြွေနှင့်ဖောင်ကို ဥပမာပေး၍ဟောထားသော သုတ်ဖြစ်ပါသည်။ ဤသုတ်တွင် အနတ္တတရားကို အသေးစိတ်တွေ့ရပါမည်။

မန ၂၄: ရထဝိနီတသုတ် – Relay Chariots [Thanissaro]
အရှင်ပုဏ္ဏမန္တာဏီပုတြာက အရှင်သာရိပုတြာကို ရထားဥပမာနှင့် တရားဆွေးနွေးသော သုတ်ဖြစ်ပါသည်။ အရှင်ပုဏ္ဏမန္တာဏီပုတြာသည် မြတ်စွာဘုရားနှင့် တစ်နယ်ထဲသားဖြစ်၍ အရှင်အာနန္ဒာကို သောတာပန်ဖြစ်ရန် ပထမဆုံးသင်ကြားပေးခဲ့သော ရဟန်းဖြစ်ပါသည်။ (သန ၂၂.၈၃: အာနန္ဒသုတ် ) အရှင်ပုဏ္ဏမန္တာဏီပုတြာသည် “တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏသည် အမြတ်ဆုံး(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

မန ၂၆: ပါသရာသိသုတ် – The Noble Search [Thanissaro] [Bodhi]
ဤသုတ်တွင် မင်းသားဘဝမှ စည်းစိမ်စွန့်ကာ တရားရှာထွက်ခဲ့သော ကိုယ်ရေးရာဇဝင် အတိုကို မြတ်စွာဘုရားကိုယ်တိုင် ဟောကြားထားသည်ကို ဖော်ပြထားပါသည်။ ရဟန်းတို့စုဝေးကြလျှင် တရားဆွေးနွေးခြင်းနှင့် အပြစ်ကင်းသော ဆိတ်ဆိတ် နေခြင်း(ဒုတိယဈာန်ဝင်စားခြင်း) မှလွဲ၍ အခြားကိစ္စ မပြောသင့်ဟူသော ဆုံးမစကား ဤသုတ်တွင် ပါရှိပါသည်။ ရဟန်းများစကား မပြီးဆုံးသေး၍ ပြီးဆုံးအောင် စောင့်ကာ ချောင်းဟန့် တခါးခေါက်ပြီး ကျောင်းအပြင်မှ စောင့်တော်မူသော ကိုယ်အမှုရာ နုတ်အမှုရာ ယဉ်ကျေးသော မြတ်စွာဘုရားကို ကြည်ညိုဖွယ် တွေ့ရပါမည်။

မန ၂၇: စူဠဟတ္ထိပဒေါပမသုတ် – The Shorter Elephant Footprint Simile [Thanissaro] [Bodhi]
အဘယ်ကြောင့် မြတ်စွာဘုရားသည် “ဗုဒ္ဓ”ဟူသော ဘွဲ့ရရှိသနည်း။ ဆင်ခြေရာ ဥပမာနှင့်ရှင်းပြထားပါသည်။ ဤသုတ်တွင် ရဟန်းတို့၏ ကျင့်စဉ်ကို အသေးစိတ် တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြထားသည်ကို တွေ့ရပါမည်။

  မန ၂၈: မဟာဟတ္ထိပဒေါပမသုတ် – The Great Elephant Footprint Simile [Thanissaro] [Bodhi]
အရှင်သာရိပုတြာက သစ္စာလေးပါး၊ စွဲယူအပ်သော ခန္ဓာငါးပါး နှင့် ပဋိစ္စသမုပ္ပါဒ်တရားတော် ဆက်စပ်ပုံကို ဟောကြားထားပါသည်။

မန ၂၉: မဟာသာရောပမသုတ် – The Longer Heartwood-simile Discourse [Thanissaro] [Bodhi]
ရဟန်းဘဝတရားရှာခြင်းကို သစ်အနှစ်သားရှာသူ ဥပမာပေး၍ ဟောကြားထားပါသည်။

မန ၃၀: စူဠသာရောပမသုတ် – The Shorter Heartwood-simile Discourse [Thanissaro]
ရဟန်းဘဝတရားရှာခြင်းကို သစ်အနှစ်သားရှာသူ ဥပမာပေး၍ ဟောကြားထားပါသည်။


မဟာယမကဝဂ် ၃၁ – ၄၀

မန ၃၃: မဟာဂေါပါလကသုတ် – The Greater Cowherd Discourse [Thanissaro]
အလွန်ပေါ်လွင်သော ဥပမာ ၁၆မျိုးဖြင့် ရဟန်းတို့ပြုသင့် မပြုသင့်သည်များကို ဟောကြားထားသော သုတ်ဖြစ်ပါသည်။

မန ၃၄: စူဠဂေါပါလကသုတ် – The Shorter Discourse on the Cowherd [Olendzki (excerpt)]
နွားကျောင်းသားဥပမာပေး၍ သံသရာကူးခတ်ရပုံကို ဟောကြားထားပါသည်။

မန ၃၅: စူဠသစ္စကသုတ် – The Shorter Discourse to Saccaka [Thanissaro]
စကားပြောဆို အနိုင်ယူရန်လာသော သစ္စကကို ဆုံးမသောသုတ် ဖြစ်ပါသည်။

  မန ၃၆: မဟာသစ္စကသုတ် – The Longer Discourse to Saccaka [Thanissaro] [Bodhi]
စကားပြောဆို အနှိင်ယူရန်လာသော သစ္စက ကိုထက်မံဆုံးမသော သုတ်ဖြစ်ပါသည်။ ဘုရားလောင်းဘဝတွင် ရသေ့ အာဠာရ နှင့် ရာမသား ဥဒကထံ ချည်းကပ်၍ အရူပဈာန်များကို လေ့လာခြင်း၊ ဆိုးရွား ပြင်းထန်သော အလေ့အကျင့်များ ကျင့်ခြင်း၊ ငယ်စဉ်ဘဝက ရရှိဖူးသော ပထမဈာန်ကို ပြန်လည်အမှတ်ရ၍ လမ်းမှန်ပေါ် ရောက်ခြင်းများကို ဖော်ပြထားပါသည်။

မန ၃၈: မဟာတဏှာသင်္ခယသုတ် – The Greater Craving-Destruction Discourse [Thanissaro] [Bodhi]
သေလျှင် သိစိတ် ဝိညာဏ်သည် ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ကူးပြောင်းသွားသည်ဟု သက္ကာယအမြင် ရှိသော ရဟန်းကို အကြောင်းအကျိုးသဘောဖြစ်သော ပဋိစ္စသမုပ္ပါဒ် တရားနှင့်ဆုံးမသော သုတ်ဖြစ်ပါသည်။

မန ၃၉: မဟာအဿပုရသုတ် – The Greater Discourse at Assapura [Thanissaro]
ရှက်ခြင်း ကြောက်ခြင်းဖြင့် ရဟန်းဘဝကို ဆောင့်ရှောက်ရသည်ကို ဟောထားပါသည်။

မန ၄၀: စူဠအဿပုရသုတ်
ရဟန်းဘဝဆောက်တည်ခြင်းသည် ပြင်ပအသွင်အပြင်များနှင့်မဆိုင်၊ ဖြစ်ပေါ်လာသော မကောင်းသောစိတ်များကို ပယ်၍ မိမိစိတ်ကို ဖြူစင်အောင်ပြုလုပ်ရခြင်းဖြစ်သည်။ လှူတန်းသူတို့၏ အထောက်အပံ့ကို သုံးဆောင်၍ လှူတန်းသူတို့အကျိုးရှိစေရန် ဗြဟ္မာဝိဟာရ ထူထောင်ဖို့ ဆုံးမထားသော သုတ်ဖြစ်ပါသည်။


စူဠယမကဝဂ် ၄၁ – ၅၀

မန ၄၁: သာလေယျကသုတ် – The Brahmans of Sala/(Brahmans) of Sala [Ñanamoli | Thanissaro] [Bodhi]
သာလာရွာသား ပုဏ္ဏားသူကြွယ်တို့အား တရား မျှတမှု နှင့် တရား မမျှတမှုကို ပြုလုပ်ခြင်း အကြောင်းကြောင့် နောင်ဘဝတွင် နတ်ပြည် နှင့် ငရဲ ရောက်ရပုံကို ဟောထားသော သုတ်ဖြစ်ပါသည်။

မန ၄၃: မဟောဝဒလ္လသုတ် – The Greater Set of Questions-and-Answers [Thanissaro]
အရှင်သာရိပုတြာ နှင့် အရှင်မဟာကောဋ္ဌိကတို့ တရားဆွေးနွေးသော သုတ်ဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သိမှု ‘ပညာ’ နှင့် အထူးသိမှု ‘ဝိညာဏ်’ ဆက်စပ်ခြင်း၊ ဈာန်၊ မှန်သော အယူ ‘သမ္မာဒိဋ္ဌိ’ ဖြစ်ရန် အကြောင်းအရင်း စသည်တို့ပါဝင်ပါသည်။

မန ၄၄: စူဠေဝဒလ္လသုတ် – The Shorter Set of Questions-and-Answers [Thanissaro]
ဝိသာခ နှင့် ဓမ္မဒိန္နာ ဘိက္ခုနီမတို့ တရားဆွေးနွေးသောသုတ်ဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သက္ကာယ၊ ဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ်ခန္ဓာ)၊ အင်္ဂါရှစ်ပါး ရှိသော မဂ်၊ နိရောဓ သမာပတ် စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်ပါသည်။ “တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် ဓမ္မဒိန္နာသည် အမြတ်ဆုံး (ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းမဖြစ်သည်။ ဓမ္မဒိန္နာ ဘိက္ခုနီမသည် ဝိသာခသူဌေး၏ ဇနီးဟောင်းဖြစ်၍ ဝိသာခသည် အနာဂါမ်ဖြစ်သည်ဟု ဆိုပါသည်။

မန ၄၅: စူဠဓမ္မသမာဒါနသုတ် – The Shorter Discourse on Taking on Practices [Thanissaro]
တရားကျင့်တိုင်း နာကျင်သော ဝေဒနာများဖြင့်သာ အမြဲခံစားရန် မလိုပါ။ ယခုပင် ချမ်းသာ၍ နောက်လည်း ချမ်းသာသော တရားကျင့်နည်းကို ဟောကြားထားပါသည်။

မန ၄၈: ကောသမ္ဗီယသုတ်
ငြင်းခုန်ရန်ဖြစ်၍ ဝါဒကွဲနေကြသော ရဟန်းအုပ်စု နှစ်စုတို့ကို တစ်ဦးကိုတစ်ဦး ချစ်ခင်မှု လေးစားမှုတိုးစေရန် လိုအပ်သော တရား ၆ မျိုးအကြောင်း ဆုံးမသော သုတ်ဖြစ်သည်။ ထို့အပြင် သောတာပန်တို့ ပိုင်ဆိုင်သော ဉာဏ် ၇ မျိုးကို ဟောကြားထားပါသည်။

မန ၄၉: ဗြဟ္မနိမန္တနိကသုတ် – The Brahma Invitation [Thanissaro]
ဗြဟ္မာလောကသည် မြဲ၏ခိုင်ခန့်၏ဟု အထင်မှားနေသော ဗကဗြဟ္မာကို ဆုံးမသော သုတ်ဖြစ်ပါသည်။