၂ – ဒုကနိပါတ်

ဒုကနိပါတ် – Book of the Twos

 

၁ – ကမ္မကရဏဝဂ်

အန ၂.၅: ဥပညာသသုတ်Relentlessly [Thanissaro]
နေရာတကာ ရောင့်ရဲတင်းတိမ်ခြင်းသည် မြတ်စွာဘုရား၏ အဆုံးအမမဟုတ်၊ တရားအားထုတ်ခြင်း၌ အရိုးကြေကြေ အရေခန်းခန်း ကြိုးစားရမည်ဟု ဟောကြားထားပါသည်။

အန ၂.၉: စရိယသုတ် – The Bright Protectors/Guardians of the World [Ireland | Thanissaro]
မကောင်းမှုမှ ရှက်ခြင်း ”ဟီရိ” နှင့် မကောင်းမှုမှ ထိတ်လန့်ခြင်း ”သြတ္တပ္ပ”တို့၏ အရေးကြီးပုံကို ဟောကြားထားပါသည်။

 

၂ – အဓိကရဏဝဂ်

အန ၂.၁၈: Categorically [Thanissaro]
ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တို့၏ အပြစ်ကို ဟောကြားထားပါသည်။

အန ၂.၁၉: Skillful [Thanissaro]
အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို ပွားများရန် ဟောကြားထားပါသည်။

 

၃ – ဗလဝဂ်

အန ၂.၂၂: Fools & Wise People [Thanissaro]
လူမိုက်နှင့် ပညာရှိတို့ ကွဲပြားပုံကို ဟောကြားထားပါသည်။ မိမိအပြစ်ကို အပြစ်ဟု မြင်သူနှင့် တောင်းပန်ဝန်ချသူ၏ အပြစ်ကို လက်ခံသူသည် ပညာရှိဖြစ်သည်။

အန ၂.၂၃: မြတ်စွာဘုရားကို သဒ္ဒါလွန်၍ မှားယွင်းစွာ ကိုးကွယ်ခြင်းသည် မြတ်စွာဘုရားကို မဟုတ်မမှန် စွပ်စွဲတတ်သည်။

အန ၂.၂၄: What Was Not Said  [Thanissaro]
မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲပုံနှစ်မျိုးကို ဟောကြားထားပါသည်။

အန ၂.၂၅: A Meaning to be Inferred [Thanissaro]
မြတ်စွာဘုရားကို မဟုတ်မမှန် ပြောဆို စွပ်စွဲပုံနှစ်မျိုးကို ဟောကြားထားပါသည်။ ဆောင်ဟောထားသောသုတ်ကို တိုက်ရိုက်ဟောထားသည်ဟု ပြောဆိုခြင်းနှင့် တိုက်ရိုက်ဟောထားသောသုတ်ကို ဆောင်ဟောထားသည်ဟု ပြောဆိုခြင်းတို့ဖြစ်သည်။

  အန ၂.၃၂: A Share in Clear Knowing [Thanissaro]
သမထနှင့် ဝိပဿနာသည် အစုံလိုက်ကျင့်ကြံရသော တရားတို့ဖြစ်သည်။ သမထမကျင့်လျှင် ကိလေသာမှမလွတ်၊ ဝိပဿနာမကျင့်လျှင် မသိခြင်း “အဝိဇ္ဇာ”ကို မပယ်နိုင်ဟု ဟောကြားထားပါသည်။

 

၎- သမစိတ္တဝဂ်

အန ၂.၃၃-၃၄: Gratitude [Thanissaro]
သူယုတ်မာနှင့် သူတော်ကောင်းတို့ ကျေးဇူးတရားသိတတ်ခြင်း မတူပုံကို ဟောကြားထားပါသည်။ မိခင် ဖခင်တို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်၍ မကုန်နိုင်ပုံကို တွေ့ရပါမည်။

အန ၂.၃၅: A Certain Brahman [Nizamis]
ဘာသာခြားတစ်ဦးက ဗုဒ္ဓဘာသာသည် မည်သို့အယူရှိသနည်းဟု မေးလျှင် မည်သို့ဖြေမည်နည်း။

အန ၂.၃၉: To Kandarayana [Thanissaro]
အသက်ကြီး၍ လေးစားရိုသေမှုရရန် မည်သို့နေထိုင်ရမည်နည်း။

 

၅ – ပရိသဝဂ်

  အန ၂.၄၈: Bombast [Thanissaro]
ပရိတ်သတ်နှစ်မျိုးအကြောင်း ဟောထားပါသည်။ ဘုရားဟောထားသော လေးနက်သောသုတ်များကို လေ့လာခြင်းထက် အဆန်းတကြယ်ဖွဲ့နွဲ့ထားသော စာများကို အထင်ကြီးလိုက်စားခြင်း အကြောင်းဖြစ်သည်။

 

၁၀ – ဗာလဝဂ်

အန ၂.၉၉: Fools [Thanissaro]
သူမိုက်နှစ်မျိုးအကြောင်း ဟောထားပါသည်။

အန ၂.၁၂၀: Hard to Find [Thanissaro]
တွေ့ရန်မလွယ်ကူသော လူနှစ်မျိုးအကြောင်းဖြစ်သည်။

အန ၂.၁၂၆ – ၁၂၇: Voice [Thanissaro]
သင့်တော်သောအကြောင်းဖြင့် နှလုံးသွင်းခြင်း (ယောနိသော မနသိကာယ)သည် မှန်ကန်သောအမြင် သမ္မာဒိဋ္ဌိ ဖြစ်ပေါ်ရန် လိုအပ်သော အကြောင်းဖြစ်သည်။