သံယုတ္တနိကာယ်

သံယုတ္တနိကာယ် (Connected Discourses)

သံယုတ္တနိကာယ် (Connected Discourses)သည် သုတ္တန်ပိဋကတော်ရှိ နိကာယ်ငါးစုမှ သုံးခုမြောက် နိကာယ်ဖြစ်သည်။ သံယုတ္တနိကာယတွင် သုတ်ပေါင်း ၂၈၅၄ သုတ်ပါဝင်ပြီး သဂါထာဝဂ်၊ နိဒါနဝဂ်၊ ခန္ဓဝဂ်၊ သဠာယတနဝဂ်၊ မဟာဝဂ်ဟူ၍ အုပ်စု ငါးစု ခွဲထားပါသည်။ ယင်းဝဂ်တစ်စုခြင်းတွင် အကြောင်းအရာတူသော သုတ်များကို စုစည်း၍ (သံယုတ်) အုပ်စုငယ်များထက်မံ ဖွဲ့စည်းထားပါသည်။ ဥပမာ ဒေဝတာသံယုတ်တွင် နတ်များကို ဟောကြားသော တရားများ၊ ကောသလသံယုတ်တွင် ကောသလမင်းကို ဟောကြားသော တရားများ၊ နိဒါနသံယုတ်တွင် ပဋိစ္စသမုပ္ပါဒ် တရားတော်များ စသည်တို့ဖြစ်သည်။

ပါဠိဘာသာပြန်ဆရာတော်ကြီး ဘိက္ခုဗောဒီ (Bhikkhu Bodhi) ၏ အမှာစာ

ဤအမှာစာကို Wisdom Publication မှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော The Connected Discourses of the Buddha (A Translation of the Samyutta Nikaya by Bhikkhu Bodhi) တွင်ပါရှိသည့် General Introduction ကို ခွင့်ပြုချက်ဖြင့် ထုတ်နှုတ် ဘာသာပြန် ဖော်ပြထားပါသည်။ (မကြာမှီ မျှော်)