၆ – ဆက္ကနိပါတ်

ဆက္ကနိပါတ် – Book of the Sixes

အန ၆.၁၂: ဒုတိယ သာရဏီယသုတ်Conducive to Amiability [Thanissaro]
ရဟန်းတို့ အချင်းချင်းချစ်ခင်လေးစားစွာ နေထိုင်ရန် လိုအပ်သော အရည်အချင်း ၆ မျိုးကို ဟောကြားထားပါသည်။

အန ၆.၁၃: နိဿာရဏီယသုတ်Means of Escape [Thanissaro]
မေတ္တာဘာဝနာကို အမှန်ပွားများထားလျှင် ပျက်စီးစေလိုမှု “ဗျာပါဒ” မဖြစ်၊ ဂရုဏာဘာဝနာကို အမှန်ပွားများထားလျှင် ညှဉ်းဆဲလိုမှု “ဝိဟိံသ” မဖြစ်၊ မုဒိတာဘာဝနာကို အမှန်ပွားများထားလျှင် မမွေ့လျော်မှု “အရတိ” မဖြစ်၊ ဥပေက္ခာဘာဝနာကို အမှန်ပွားများထားလျှင် စွဲမက်မှု “ရာဂ” မဖြစ်။ ဆန့်ကျင်ဘက်မှ လွတ်မြောက်ခြင်းတရား ၆ မျိုးကို ဟောကြားထားပါသည်။

အန ၆.၁၆: နကုလပိတုသုတ်Nakula’s Parents [Thanissaro]
သေဆုံးခါနီး လင်ကို အသိပညာရှိသော မယားက နှစ်သိမ့်စကားပြောကြားသော အကြောင်းဖြစ်သည်။ နကုလပိတာသူကြွယ်ဇနီးမောင်နှံသည် “ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာ ဥပါသကာမ တို့တွင် နကုလပိတာသူကြွယ်ဇနီးမောင်နှံသည် အမြတ်ဆုံး ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာ ဥပါသကာမတို့ ဖြစ်သည်။

အန ၆.၁၉: ပဌမ မရဏဿတိသုတ် Mindfulness of Death (1) [Thanissaro]
ရဟန်းတို့အား မရဏဿတိ ပွားများနည်းကို ဟောကြားထားပါသည်။

  အန ၆.၂၀: ဒုတိယ မရဏဿတိသုတ်Mindfulness of Death (2) [Thanissaro]
လူသည် အချိန်မရွေးသေနိုင်သည်။ မရဏဿတိ ပွားများနည်းကို ဟောကြားထားပါသည်။

အန ၆.၃၇: ဒါန (ဆဠင်္ဂဒါန) သုတ်Giving [Thanissaro]
အလှူပေးသူ၏စိတ်အနေအထား ၃ ပါးနှင့် အလှူခံသူ၏ အကျင့်သိက္ခာ ၃ ပါး ပြည့်စုံမှုကြောင့်ရသော အကျိုးများကို ဟောကြားထားပါသည်။

အန ၆.၃၈: အတ္တကာရီသုတ်The Self-Doer [Nizamis]
ကံဝါဒမဟုတ်သော “မိမိပြုလုပ်ခြင်း သူတစ်ပါးပြုလုပ်ခြင်းမရှိ”ဟူသော ပုဏ္ဏားတစ်ဦးကို ဆုံးမတော်မှုသော သုတ်ဖြစ်သည်။

အန ၆.၄၁: ဒါရုက္ခန္ဓသုတ်The Wood Pile [Thanissaro]
တန်ခိုး အဘိညာဉ်ရသော ရဟန်း၏ စိတ်နိုင်နင်းပုံကို အရှင်သာရိပုတြာက ဟောကြားထားပါသည်။

အန ၆.၄၂: နာဂိတသုတ် To Nagita [Thanissaro]
မြတ်စွာဘုရားကို ဖူးမျှော်ပူဇော်ရန် စုရုံးလာသော ရွာသားတို့ ဆူညံသောကြောင့် အဖူးမခံနိုင်၍ အေးချမ်းတိပ်ဆိတ်သော ရဟန်းတရား အကြောင်းကို ဟောကြားထားပါသည်။

အန ၆.၄၅: ဣဏသုတ်Debt [Thanissaro]
ကာမဂုဏ်တို့ကို ခံစားသူသည် အကြွေးယူရသော ဆင်းရဲသားနှင့်တူသည်ဟု ဟောကြားထားပါသည်။

အန ၆.၄၆: မဟာစုန္ဒသုတ် Cunda [Thanissaro]
တရားသာဟော၍ ဈာန်မရသော ရဟန်းများနှင့် ဈာန်ရ၍ တရားမဟောသော ရဟန်းများ တစ်ဦးကို တစ်ဦး လေးစား ချီးမြောက်ရန် ဟောကြားထားသော သုတ်ဖြစ်သည်။

အန ၆.၄၇: ပဌမ သန္ဒိဋ္ဌိကသုတ်Visible Here-&-Now [Thanissaro]
“တရားတော်သည် ကိုယ်တိုင်သိနိုင်၏၊ အချိန်မရွေးအကျိုးပေး၏၊ လာ၍ စမ်းစစ်နိုင်၏၊ ပညာရှိတို့ သိနိုင်၏”ဆိုသော စကား၏ အဓိပ္ပါယ်ကို ဟောကြားထားပါသည်။

အန ၆.၄၉: ခေမသုတ်With Khema [Thanissaro]
ရဟန္တာတို့တွင် “သူတပါးထက်မြတ်သည်၊ တူသည်၊ နိမ့်ကျသည်”ဟူသော အတွေးများမရှိ၊ မာန်မရှိ။

အန ၆.၅၁: အာနန္ဒာသုတ်Ven. Ananda [Thanissaro]
အရှင်အာနန္ဒာက အရှင်သာရိပုတြာကို ရဟန်းတို့ အဆင့်ဆင့် တရားလေ့လာသင်ကြားနည်းကို ဟောကြားလျှောက်ထားပါသည်။

အန ၆.၅၄: ဓမ္မိကသုတ်Dhammika [Olendzki (excerpt)]
ကျောင်းတိုက် ၇ လုံး၌ ကျောင်းထိုင်ဖြစ်သော အရှင်ဓမ္မိကသည် အခြားအာဂန္တုကရဟန်းများကို ဆဲရေးကာ ရဟန်းတရားမတည်သောကြောင့် ဒကာများက ကျောင်းတိုက်မှ နှင်ထုတ်လိုက်သည်။ အခြားသွားစရာမရှိသော အရှင်ဓမ္မိကကို မြတ်စွာဘုရားက ရဟန်းတရားတည်ခြင်း အကြောင်းကို ဟောကြားသောသုတ်ဖြစ်သည်။

အန ၆.၅၅: သောဏသုတ်About Sona [Thanissaro]
လူဘဝ၌ စောင်းပညာရှင်ဖြစ်ခဲ့သော အရှင်သောဏက တရားမရ၍ လူထွက်လိုသောစိတ် ဖြစ်ပေါ်ခြင်းကို အကြောင်းပြု၍ ဟောကြားသောသုတ်ဖြစ်သည်။ ဤသုတ်တွင် စောင်းကြိုးအလျှော့ အတင်း ဥပမာဖြင့် ဝီရိယနှင့် သမာဓိ ညှိရပုံ၊ ဣနြေ္ဒ ညှိရပုံတို့ကို ဖော်ပြထားပါသည်။

အန ၆.၆၃: နိဗ္ဗေဓိကသုတ်Penetrative [Thanissaro]
ကိလေသာချုပ်ငြိမ်းရာ တရား ၆ မျိုးကို ၆ ပြန်စီစစ်နည်း။

အန ၆.၈၅: သီတိဘာဝသုတ်Cooled [Thanissaro]
နိဗ္ဗာန်မျက်မှောက်မရနိုင်သော စိတ်ထား ၆ မျိုးနှင့် ရနိုင်သော စိတ်ထား ၆ မျိုး။

အန ၆.၈၆: အာဝရဏသုတ်Obstructions [Thanissaro]
သူတော်ကောင်းတရားကို ကြားနာရသော်လည်း နိဗ္ဗာန်မျက်မှောက်မရနိုင်သော တရား ၆ မျိုးနှင့် ရနိုင်သော တရား ၆ မျိုး။

အန ၆.၈၇: ဝေါရောပိတသုတ်Kamma Obstructions [Thanissaro]
သူတော်ကောင်းတရားကို ကြားနာရသော်လည်း နိဗ္ဗာန်မျက်မှောက်မရနိုင်သော ကံ ၆ မျိုးနှင့် ရနိုင်သော ကံ ၆ မျိုး။

အန ၆.၈၈: သုဿူသတိသုတ် Listening Well [Thanissaro]
နိဗ္ဗာန်မျက်မှောက်ရနိုင်သော သူတော်ကောင်းတရား ကြားနာနည်းကို ဟောကြားထားပါသည်။

အန ၆.၉၇: အာနိသံသသုတ် Rewards { [Thanissaro]
သောတာပန် ပုဂ္ဂိုလ်တို့ ရရှိသော အကျိုး ၆ မျိုး။

အန ၆.၁၀၂: အနဝတ္ထိတသုတ်Without Exception (1) [Thanissaro]
အနိစ္စသညာကို ထူထောင်ခြင်း၏ အကျိုး ၆ မျိုး။

အန ၆.၁၀၃: ဥက္ခိတ္တာသိကသုတ်Without Exception (2) [Thanissaro]
ဒုက္ခသညာကို ထူထောင်ခြင်း၏ အကျိုး ၆ မျိုး။

အန ၆.၁၀၄: အတမ္မယသုတ်Without Exception (3) [Thanissaro]
အနတ္တသညာကို ထူထောင်ခြင်း၏ အကျိုး ၆ မျိုး။