သဠာယတနဝဂ် ၃၅ – ၄၄

သဠာယတနဝဂ္ဂ – The Section on the Six Sense Bases

သံယုတ္တ: ၃၅ ၊ ၃၆ ၊ ၃၇ ၊ ၃၈ ၊ ၃၉ ၊ ၄၀ ၊ ၄၁ ၊ ၄၂ ၊ ၄၃ ၊ ၄၄ ၊

 

 ၃၅. သဠာယတနသံယုတ် – The six senses

သန ၃၅.၂၃: သဗ္ဗသုတ်The All [Thanissaro]
မြတ်စွာဘုရား ဆိုလိုသော “အလုံးစုံ”ဟူသော အဓိပ္ပါယ်ကို ဖော်ပြထားပါသည်။

သန ၃၅.၂၄: ပဟာနသုတ်To Be Abandoned [Thanissaro]
မြတ်စွာဘုရား ဆိုလိုသော “အလုံးစုံ ကိုပယ်ခြင်း”ဟူသော အဓိပ္ပယ်ကို ဖော်ပြထားပါသည်။

သန ၃၅.၂၈: အာဒိတ္တသုတ် – The Fire Sermon [Ñanamoli | Thanissaro]
ဘုရားဖြစ်ပြီးစ လပိုင်းကာလတွင် ယခင် မီးပူဇော်ခြင်းအလေ့၌ ကျင့်ကြံခဲ့ဖူး၍ ယခုရဟန်းဘဝဖြစ်နေသော သံဃာ အပါး ၁၀၀၀ ကို ဟောကြားသော သုတ်ဖြစ်သည်။ မီးပူဇော်ခြင်းကို တောက်လောင်ခြင်းဖြင့် အစားထိုး၍ ဟောကြားသွားသော မြတ်စွာဘုရား၏ သင်ကြားတတ်သော အရည်အချင်းကို တွေ့ရပါမည်။

သန ၃၅.၆၃: – ပဌမ မိဂဇာလသုတ် – To Migajala/Migajaala [Thanissaro | Walshe]
မြတ်စွာဘုရား ဆုံးမလေ့ရှိ တော်မူသော “တစ်ယောက်ထဲနေပါ” ဆိုသည်မှာ တောထဲတောင်ထဲ၌ တစ်ယောက်ထဲနေခြင်းကို ဆိုလိုခြင်းမဟုတ်။

သန ၃၅.၆၉: ဥပသေနအာသီဝိသသုတ်Upasena [Thanissaro]
အဆိပ်ပြင်းသောမြွေ အကိုက်ခံရသော်လည်း သေခြင်းတရားကို အေးချမ်းတည်ငြိမ်စွာ ရင်ဆိုင်သွားသော အရှင်ဥပသေန အကြောင်းဖြစ်သည်။ ရဟန္တာ သည်အဘယ်ကြောင့် ကြောက်ခြင်း စိုးရိမ်ခြင်း မရှိသနည်း။ ဤသုတ်တွင် တွေ့ရပါမည်။

သန ၃၅.၇၄: ပဌမ ဂိလာနသုတ်Ill (1) [Thanissaro]
မြတ်စွာဘုရားသည် သီလစင်ကြယ်ခြင်းသည် နောက်ဆုံးပန်းတိုင်ဟု မဟော၊ အခြေခံလိုအပ်ချက်ဟုသာ ဟော၍ တပ်မက်မှု “ရာဂ” ကင်းခြင်းသည်သာ နောက်ဆုံးပန်းတိုင်ဖြစ်ကြောင်းကို တွေ့ရပါမည်။ မြတ်စွာဘုရားက နာမကျန်းဖြစ်သော ရဟန်းသည် ရဟန်းပြုစ မထင်မရှား ရဟန်းဟုသိ၍ မြတ်စွာဘုရား လူနာကြည့် ကြွတော်မူသည့်ပြင် ကိုယ်အမူရာ နှုတ်အမူရာ ယဉ်ကျေးသည်ကို ကြည်ညိုစွာ တွေ့ရပါမည်။

သန ၃၅.၇၅: ဒုတိယ ဂိလာနသုတ်Ill (2) [Thanissaro]
မြတ်စွာဘုရားသည် သီလစင်ကြယ်ခြင်းသည် နောက်ဆုံးပန်းတိုင်ဟု မဟော၊ အခြေခံလိုအပ်ချက်ဟုသာ ဟော၍ တပ်မက်မှု “ရာဂ” ကင်းခြင်းသည်သာ နောက်ဆုံးပန်းတိုင်ဖြစ်ကြောင်းကို တွေ့ရပါမည်။ မြတ်စွာဘုရားက နာမကျန်းဖြစ်သော ရဟန်းသည် ရဟန်းပြုစ မထင်မရှား ရဟန်းဟုသိ၍ မြတ်စွာဘုရား လူနာကြည့် ကြွတော်မူသည့်ပြင် ကိုယ်အမူရာ နှုတ်အမူရာ ယဉ်ကျေးသည်ကို ကြည်ညိုစွာ တွေ့ရပါမည်။

သန ၃၅.၈၀: ဒုတိယ အဝိဇ္ဇာပဟာနသုတ် Ignorance [Thanissaro]
မည်သည့်အရာကို စွန့်ပယ်သောကြောင့် မသိမှု “အဝိဇ္ဇာ” ပျောက်၍ သိမှု “ဝိဇ္ဇာ”ဖြစ်ပေါ်လာမည်နည်း။

သန ၃၅.၈၂: လောကပဉှာသုတ်The World [Thanissaro]
အဘယ်အကြောင်းကြောင့် “လောက”ဟု ခေါ်သနည်း။

သန ၃၅.၈၅: သုညတလောကသုတ်Empty [Thanissaro]
အဘယ်အကြောင်းကြောင့် လောကသည် အနှစ်မဲ့ဆိတ်သုဉ်း သနည်း။

သန ၃၅.၈၈: ပုဏ္ဏသုတ်To Punna [Thanissaro]
ကြမ်းတမ်း သတ်ဖြတ်တတ်သော ဒေသသို့သွားတော့မည့် ရဟန်းအား မြတ်စွာဘုရား ဆုံးမတော်မူပုံဖြစ်သည်။

သန ၃၅.၉၃: ဒုတိယ ဒွယသုတ်A Pair [Thanissaro]
ဝိညာဏ် ၆ မျိုးရှိ၍ ၎င်းတို့ဖြစ်ပေါ်လာပုံကို ဟောကြားထားပါသည်။ ဝိညာဏ်ဟု ခေါ်သော သိစိတ်ဆိုသည်မှာ ခန္ဓာငါးပါးမှ တစ်ပါးကိုဆိုခြင်းဖြစ်သည်။ အခြား အရှေ့တိုင်း အယူဝါဒများတွင် ယူဆသော သက္ကာယ အမြင်မကင်းသည့် ဘဝတစ်ခုမှ တစ်ခု ကူးပြောင်းသွားသော ဝိညာဏ် လိပ်ပြာကောင် (Spirit) မဟုတ်။

 သန ၃၅.၉၅: မာလုကျပုတ္တသုတ် – To Malunkyaputta/Maalunkyaputta [Thanissaro | Walshe]
ဤတရားတော်သည် ဥဒ ၁.၁၀: ဗာဟိယသုတ်တွင်ပါရှိသော “မြင်လျှင် မြင်ကာမျှ၊ ကြားလျှင် ကြားကာမျှ၊ တွေ့လျှင် တွေ့ကာမျှ၊ သိလျှင် သိကာမျှ”စသည်ဖြင့် တိုတောင်း၍ နက်နဲသော တရားတော်ဖြင့် ရဟန္တာ ဘဝကို ရရှိသွားသော အရှင်ဗာဟိယကို ဟောသော တရားတော်နှင့် တူပါသည်။ ဤသုတ်တွင် အရှင်မာလုကျပုတ္တက အကျယ် ရှင်းပြခြင်းကို တွေ့ရပါသည်။

သန ၃၅.၉၇: ပမာဒဝိဟာရီသုတ်Dwelling in Heedlessness [Thanissaro]
မြတ်စွာဘုရား ဟောကြားတော်မူသော မမေ့မလျော့ကြနှင့် (အပ္ပမာဒ)ဟူသည်မှာ အဘယ်ကို မမေ့မလျော့ရမည်နည်း။ ဤသုတ်တွင် ဖော်ပြထားပါသည်။

သန ၃၅.၉၉: သမာဓိသုတ်Concentration [Thanissaro]
တည်ကြည်ခြင်း “သမာဓိ”ကိုပွါးများလျှင် ဟုတ်တိုင်းမှန်စွာသိသည်။ မည်သည်ကို ဟုတ်တိုင်းမှန်စွာ သိသနည်း။

သန ၃၅.၁၀၁: ပဌမ နတုမှာကသုတ်Not Yours [Thanissaro]
မိမိပိုင် မဟုတ်သည့်အရာများ ပြောင်းလဲပျက်စီးလျှင် စိတ်ထိခိုက်စရာမရှိ။ မည်သည်တို့သည် မိမိပိုင်များ မဟုတ်သနည်း။

သန ၃၅.၁၁၅: ဒုတိယ မာရပါသသုတ်Mara’s Power [Thanissaro]
မည်သို့လျှင် မာရ်နတ်၏ အနှောင်အဖွဲ့ခံနေရသနည်း။ အလိုရှိတိုင်း ပြုခံနေရသနည်း။

သန ၃၅.၁၂၀: သာရိပုတ္တသဒ္ဓိဝိဟာရိကသုတ်Sariputta [Walshe]
အရှင်သာရိပုတြာက အဘယ်သို့ အာရုံတံခါးတို့ကို စောင့်ရှောက်၍ ဣနြေ္ဒတို့ကို လုံခြုံအောင်နေရမည်ကို ဟောကြားထားပါသည်။

သန ၃၅.၁၂၇: ဘာရဒွါဇသုတ် – About Bharadvaja/Bhaaradvaaja Instructs a King [Thanissaro | Walshe]
ဥဒေနမင်းက အရှင်ပိဏ္ဍောလဘာရဒွါဇကို “အသက်ငယ်သည့် အချိန်တွင် ရဟန်းပြုသောအခါ အဘယ်သို့ ကာမကိစ္စတို့ကို စောင့်စည်းသနည်း”ဟု မေးလျှောက်သော သုတ်ဖြစ်ပါသည်။ အရှင်ပိဏ္ဍောလဘာရဒွါဇသည် “ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါး မြွက်ဆိုနိုင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို ပိဏ္ဍောလဘာရဒွါဇသည် အမြတ်ဆုံး (ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

သန ၃၅.၁၃၂: လောဟိစ္စသုတ် Lohicca [Walshe]
အမျိုးမာန်တက်နေသော ပုဏ္ဏားလုလင်တို့နှင့် လောဟိစ္စပုဏ္ဏားကြီးကို အဘယ်သို့ အာရုံတခါးတို့ကို စောင့်ရှောက်၍ ဣနြေ္ဒတို့ကို လုံခြုံအောင်နေခြင်းသဘောကို ဟောကြားထားပါသည်။ အရှင်မဟာကစ္စာနသည် “အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ်သော အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

သန ၃၅.၁၃၃: ဝေရဟစ္စာနိသုတ်Verahaccaani [Walshe]
အရှင်ဥဒါယီက တရားကို လေးစားစွာ မနာယူသေးသ၍ တရားမဟောခြင်းကို တွေ့ရပါမည်။

သန ၃၅.၁၃၅: ခဏသုတ်The Opportunity [Thanissaro]
မြတ်စွာဘုရားက ရဟန်းတို့ကို ဆင်းရဲနှင့်ပြည့်သော ငရဲပြည် လည်းမဟုတ်၊ ချမ်းသာနှင့်ပြည့်သော နတ်ပြည်လည်းမဟုတ်သော လူဘဝတွင် တရားကျင့်ခွင့် ရခြင်းကို ဟောကြားခြင်းဖြစ်သည်။

သန ၃၅.၁၄၆: ကမ္မနိရောဓသုတ် – Action/Kamma [Thanissaro | Walshe]
မြတ်စွာဘုရားက “ကံ”အကြောင်းကို အတိုဟောကြားထားခြင်းဖြစ်သည်။ မြတ်စွာဘုရား ဆိုလိုသော“ကံ”ဟူသည်မှာ စေတနာနှင့်တွဲ၍ ပြုလုပ်သော ကိုယ်၊နှုတ်၊စိတ်တို့၏ အလုပ်ဖြစ်သည်။ အရပ်သုံးစကားဖြစ်သော “ကံကောင်းခြင်း – Good luck/Chance”တို့နှင့် မဆိုင်ပါ။

သန ၃၅.၁၅၃: အတ္ထိနုခေါပရိယာယသုတ် Is There a Criterion? [Walshe]
မြတ်စွာဘုရားက ရဟန်းတို့ကို မည်သို့ ကိုယ့်ကိုယ်ကို ရဟန္တာ ဖြစ်မဖြစ် စီစစ်နည်းကို ဟောကြားထားပါသည်။

သန ၃၅.၁၅၄: ဣန္ဒြိယသမ္ပန္နသုတ်Faculties [Thanissaro]
မြတ်စွာဘုရားက ရဟန္တာတို့ မည်သို့ “ဣနြေ္ဒနှင့် ပြည့်စုံသူ”ဖြစ်ပုံကို ဟောကြားထားပါသည်။

သန ၃၅.၂၂၈: ပဌမ သမုဒ္ဒသုတ် The Ocean (1) [Walshe]
မြတ်စွာဘုရား ဆိုလိုသော သမုဒ္ဒရာ၏ တဖက်ကမ်းကို ဖော်ပြထားပါသည်။

သန ၃၅.၂၃၀: ဗာဠိသိကောပမသုတ်The Fisherman [Thanissaro]
ငါးတို့သည် ငါးမျှားချိတ်ဖြင့် အဖမ်းခံရသည်။ လူတို့သည် အပြင်အာရုံ ၆ပါးကို နှစ်သက်ခြင်းကြောင့် အဖမ်းခံရသည်။

သန ၃၅.၂၃၂: ကောဋ္ဌိကသုတ် – To Kotthita/Ko.t.thika [Thanissaro | Walshe]
အရှင်သာရိပုတြာက အပြင်အာရုံခံ ၆ပါးနှင့် အတွင်းအာရုံတံခါး ၆ပါးတို့ အကြောင်းကို နွားနှစ်ကောင်ကို ကြိုးဆွဲ ထားသော ဥပမာဖြင့် ဟောကြားခြင်းဖြစ်သည်။

သန ၃၅.၂၃၄: ဥဒါယီသုတ်With Udayin [Thanissaro]
အရှင်သာရိပုတြာက ဝိညာဏ် ၆ မျိုးတို့ ဖြစ်ပေါ်လာပုံနှင့် အနတ္တဖြစ်ပုံကို ငှက်ပျောပင် ဥပမာဖြင့် ဟောကြားထားပါသည်။

သန ၃၅.၂၃၈: အာသဝိသောပမသုတ်Vipers [Thanissaro]
မြတ်စွာဘုရားက နှောင့်နှေးမနေဘဲ တရားကျင့်ကြံရန် အလွန်ပေါ်လွင်သော ဥပမာများဖြင့် ဟောကြားထားပါသည်။

သန ၃၅.၂၄၀: ကုမ္မောပမသုတ်The Tortoise [Thanissaro]
အာရုံတံခါးတို့ကို လုံခြုံစွာထိန်းသိမ်းသင့်ကြောင်းကို လိပ်ဥပမာ ပေး၍ ဟောကြားထားပါသည်။

သန ၃၅.၂၄၁: ပဌမ ဒါရုက္ခန္ဓောပမသုတ် The Log [Thanissaro]
မြတ်စွာဘုရားက နိဗ္ဗာန်ကို တားဆီးတတ်သော အကြောင်းများကို အလွန်ပေါ်လွင်သော ဥပမာများဖြင့် ဟောကြားထားပါသည်။

သန ၃၅.၂၄၃: အဝဿုတပရိယာယသုတ်Soggy [Thanissaro]
အရှင်မောဂ္ဂလာန်က ကိလေသာတို့ မည်သို့လွှမ်းမိုးပုံကို ဟောကြားထားပါသည်။ မြတ်စွာဘုရား ခါးတော်နာ၍ လဲလျောင်းခြင်းသည် အိပ်စက်ခြင်းမဟုတ်ဘဲ အရှင်မောဂ္ဂလာန်၏ တရားကို နာနေခြင်းဖြစ်ကြောင်းကို သုတ်၏ နောက်ဆုံးတွင်တွေ့ရပါမည်။

သန ၃၅.၂၄၄: ဒုက္ခဓမ္မသုတ်Things Productive of Suffering [Walshe (excerpt)]
ဒုက္ခတို့ ဖြစ်ပေါ်ရခြင်း၏အကြောင်း နှင့် ချုပ်ခြင်း၏ အကြောင်းကို သိလျှင် ကာမတို့မှ ရှောင်နိုင်သည်။

  သန ၃၅.၂၄၅: ကိံသုကောပမသုတ် – The Riddle Tree/The ‘What’s It’ Tree (Ki.msuka) [Thanissaro | Walshe]
နိဗ္ဗာန်ကို ရဟန္တာများကြား အမြင်မတူကြပုံကို အလွန်ရှင်းလင်းသော ဥပမာများဖြင့် ဟောကြားထားပါသည်။

သန ၃၅.၂၄၆: ဝီဏောပမသုတ် – The Lute [Thanissaro | Walshe (excerpt)]
ကောက်ပင်စောင့်သည် ကောက်ခင်းကို သတိဖြင့် စောင့်ရှောက်သကဲ့သို့ အာရုံတံခါးတို့ကို စောင့်ရှောက်ရန် ဟောကြားထားပါသည်။ စောင်းတူရိယာ အစိတ်အပိုင်းများတွင် ဂီတသံကို ရှာမရသကဲ့သို့ ခန္ဓာငါးပါး၏ ဖြစ်တည်ရာကို ရှာလျှင် အတ္တပြုတ်နိုင်သည်။

သန ၃၅.၂၄၇: ဆပ္ပါဏကောပမသုတ် – The Six Animals [Thanissaro | Walshe (excerpt)]
စိတ်သည် အပြင်အာရုံခံ ၆ပါးတို့နောက်သို့ လိုက်တတ်ပုံကို သတ္တဝါ ၆ မျိုးကို ကြိုးဖြင့် ပူးတွဲချည်ထားသော ဥပမာဖြင့် ဟောကြားထားပါသည်။ “ကာယဂတာသတိ”ဖြင့် မိမိကိုယ်ကို စောင့်ရှောက်ရန်လည်း ဟောကြားထားပါသည်။ “ကာယဂတာသတိ”ကျင့်ကြံနည်းကို မန ၁၁၉: ကာယဂတာသတိသုတ်တွင် အသေးစိတ် ဖော်ပြထားပါသည်။

သန ၃၅.၂၄၈: ယဝကလာပိသုတ်The Sheaf of Barley [Thanissaro]
သိမ်မွေ့သော“ငါ”ဟူသော အထင်မှားမှု မာန်တက်မှု မျိုးစုံကို ပယ်ရန် ဟောကြားထားပါသည်။

၃၆. ဝေဒနာသံယုတ် – Feeling

သန ၃၆.၁: သမာဓိသုတ်Concentration [Nyanaponika] [Bodhi]
ဝေဒနာတို့ကို သစ္စာလေးပါး အမြင်ဖြင့် မြင်နိုင်လျှင် နိဗ္ဗာန်ရောက်နိုင်ပုံကို ဟောကြားထားပါသည်။ မြတ်စွာဘုရား ဆိုလိုသော ဝေဒနာဟူ သည်မှာ အရပ်သုံးစကား “နာကြင်မှု – ဝေဒနာ” နှင့် မတူပါ။ ဝေဒနာသည် ခံစားမူကို ဆိုလိုပါသည်။

သန ၃၆.၂: သုခသုတ်Happiness [Nyanaponika]  [Bodhi]
ဝေဒနာတို့ကို ဆင်းရဲ ဒုက္ခဟု မြင်နိုင်လျှင် ထိုဝေဒနာတို့ကို မမက်မောတော့ပေ။

  သန ၃၆.၃: ပဟာနသုတ်Giving Up [Nyanaponika] [Bodhi]
ချမ်းသာသော ခံစားမှု၌ စွဲမက်မှုအာရုံ ကပ်ညှိတတ်သည်။ ဆင်းရဲသော ခံစားမှု၌ ဒေါသထွက်မှုအာရုံ ကပ်ညှိတတ်သည်။ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမှု၌ မသိမှုအာရုံ ကပ်ညှိတတ်သည်။ ခံစားမှု ဝေဒနာတို့ကို ပိုင်းခြား၍ သိလျှင် ယခုဘဝ၌ပင် ရဟန္တာ ဖြစ်သည်။

သန ၃၆.၄: ပါတာလသုတ် – The Bottomless Pit/The Bottomless Chasm [Nyanaponika | Thanissaro] [Bodhi]
မလေ့လာ မသင်ကြားထားသောသူသည် ဆင်းရဲသော ခံစားမှုတို့ကို သည်းမခံနိုင်။

သန ၃၆.၅: ဒဋ္ဌဗ္ဗသုတ်To Be Known [Nyanaponika] [Bodhi]
ချမ်းသာသော ခံစားမှုကို ဆင်းရဲဟုလည်းကောင်း၊ ဆင်းရဲသော ခံစားမှုကို ဆူးငြောင့်ဟုလည်းကောင်း၊ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သော ခံစားမှုကို မမြဲဟုလည်းကောင်း ကောင်းစွာ ပိုင်းခြားသိမြင်နိုင်လျှင် ယခုဘဝ၌ပင် ရဟန္တာဖြစ်မည်။

သန ၃၆.၆: သလ္လသုတ် – The Dart/The Arrow [Nyanaponika | Thanissaro] [Bodhi]
မလေ့လာ မသင်ကြားထားသောသူလည်း ခံစားမှု ၃ မျိုးကို ခံစားရသည်။ အရိယာတပည့်လည်း ခံစားမှု ၃ မျိုးကို ခံစားရသည်။ မည်သို့ ကွာခြားသနည်း။

  သန ၃၆.၇: ပဌမ ဂေလညသုတ် – At the Sick Room (1)/The Sick Ward (1) [Nyanaponika | Thanissaro] [Bodhi]
လူနာဆောင်သို့ မြတ်စွာဘုရားက တစ်ပါးတည်းကြွကာ သေခါနီးအချိန်၌ မည်သို့ရှုရမည်ကို ဟောကြားထားပါသည်။

သန ၃၆.၈: ဒုတိယ ဂေလညသုတ် At the Sick Room (2) [Nyanaponika] [Bodhi]
လူနာဆောင်သို့ မြတ်စွာဘုရားက တစ်ပါးတည်းကြွကာ သေခါနီးအချိန်၌ မည်သို့ရှုရမည်ကို ဟောကြားထားပါသည်။

သန ၃၆.၉: အနိစ္စသုတ် Impermanent [Nyanaponika] [Bodhi]
ဝေဒနာတို့၏ သဘော သဘာဝကို ဟောကြားထားပါသည်။

သန ၃၆.၁၀: ဖဿမူလကသုတ် Rooted in Sense-impression [Nyanaponika] [Bodhi]
ခံစားမှု ဝေဒနာတို့ ဖြစ်ပေါ်လာပုံ အကြောင်းအရင်းကို ဟောကြားထားပါသည်။

သန ၃၆.၁၁: ရဟောဂတသုတ် – Secluded/Alone [Nyanaponika | Thanissaro] [Bodhi]
ရူပဈာန်မှ အရူပဈာန်သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်၍ သင်္ခါရတို့ တစ်ခုပြီးတစ်ခု ငြိမ်းကာ ရဟန္တာဖြစ်ပုံကို ဟောကြားထားပါသည်။

သန ၃၆.၁၂: ပဌမ အာကာသသုတ် In the Sky (1) [Nyanaponika] [Bodhi]
လေတို့သည် တိုက်ချင်သလို တိုက်သကဲ့သို့ ခံစားမှု ဝေဒနာတို့သည်လည်း ခန္ဓာကိုယ်၌ မျိုးစုံပေါ်ပေါက်နေသည်။

သန ၃၆.၁၃: ဒုတိယ အာကာသသုတ်In the Sky (2) [Nyanaponika] [Bodhi]
လေတို့သည် တိုက်ချင်သလို တိုက်သကဲ့သို့ ဝေဒနာတို့သည်လည်း ခန္ဓာကိုယ်၌ မျိုးစုံပေါ်ပေါက်နေသည်။

သန ၃၆.၁၄: အဂါရသုတ်The Guest House [Nyanaponika] [Bodhi]
တည်းခိုရာ အဆောက်အဦး၌ လူပေါင်းစုံ တည်းခိုသကဲ့သို့ ခံစားမှု ဝေဒနာတို့သည်လည်း ခန္ဓာကိုယ်၌ မျိုးစုံပေါ်ပေါက်နေသည်။

သန ၃၆.၁၅: ပဌမ အာနန္ဒသုတ် – To Ananda (1) [Nyanaponika] [Bodhi]
မြတ်စွာဘုရားက အရှင်အာနန္ဒာကို ခံစားမှု ဝေဒနာတို့၏ အကြောင်း၊ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ ချုပ်နည်း၊ သာယာဖွယ်၊ အပြစ် နှင့် ထွက်မြောက်ခြင်းကို ဟောကြားထားပါသည်။ ထို့ပြင် ရူပဈာန်မှ အရူပဈာန်သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်၍ သင်္ခါရတို့ တစ်ခုပြီးတစ်ခု ငြိမ်းကာ ရဟန္တာဖြစ်ပုံကို ဟောကြားထားပါသည်။

သန ၃၆.၁၆: ဒုတိယ အာနန္ဒသုတ် – To Ananda (2) [Nyanaponika] [Bodhi]
မြတ်စွာဘုရားက အရှင်အာနန္ဒာကို ခံစားမှု ဝေဒနာတို့၏ အကြောင်း၊ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ ချုပ်နည်း၊ သာယာဖွယ်၊ အပြစ် နှင့် ထွက်မြောက်ခြင်းကို ဟောကြားထားပါသည်။

သန ၃၆.၁၇: ပဌမ သမ္ဗဟုလသုတ် – Eightfold 1 [Bodhi]
မြတ်စွာဘုရားက ရဟန်းတို့ကို ခံစားမှု ဝေဒနာတို့၏ အကြောင်း၊ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ ချုပ်နည်း၊ သာယာဖွယ်၊ အပြစ် နှင့် ထွက်မြောက်ခြင်းကို ဟောကြားထားပါသည်။

သန ၃၆.၁၈: ဒုတိယ သမ္ဗဟုလသုတ် – Eightfold 2 [Bodhi]
မြတ်စွာဘုရားက ရဟန်းတို့ကို ခံစားမှု ဝေဒနာတို့၏ အကြောင်း၊ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ ချုပ်နည်း၊ သာယာဖွယ်၊ အပြစ် နှင့် ထွက်မြောက်ခြင်းကို ဟောကြားထားပါသည်။

သန ၃၆.၁၉: ပဉ္စကင်္ဂသုတ် – Carpenter Fivetools/With Pañcakanga [Nyanaponika | Thanissaro] [Bodhi]
ပဉ္စကင်္ဂလက်သမားကြီးနှင့် အရှင်ဥဒါယီတို့ ဝေဒနာအမျိုးအစားတို့ မည်မျှရှိကြောင်း အမြင်ကွဲနေသည်ကို အကြောင်းပြု၍ ဟောကြားသောသုတ်ဖြစ်ပါသည်။

သန ၃၆.၂၀: ဘိက္ခုသုတ် – Monks [Bodhi]
အကောင်းတကာ့ အကောင်းဆုံး ချမ်းသာကို သိချင် လိုချင် ပါသလား။ မြတ်စွာဘုရားက တစ်ခုပြီးတစ်ခု ကောင်းတထက် ကောင်းသော ချမ်းသာများကို တစ်ဆင့်ပြီးတစ်ဆင့် ဟောကြားထားပါသည်။

သန ၃၆.၂၁: သီဝကသုတ် – To Sivaka [Nyanaponika | Thanissaro] [Bodhi]
ဖြစ်သမျှ အကောင်းအဆိုး အတိတ်ကံကြောင့်ဟု ပုံချလေ့ရှိသော အယူမှာ မြတ်စွာဘုရား၏ ကံအယူမဟုတ်။

သန ၃၆.၂၂: အဋ္ဌသတပရိယာယသုတ် – One Hundred Eight Feelings/The One-hundred-and-eight Exposition [Nyanaponika | Thanissaro] [Bodhi]
မြတ်စွာဘုရားသည် ဝေဒနာတို့ကို ၃ မျိုးနှင့် ၆ မျိုးခွဲကာ အများအားဖြင့် ဟောကြားသော်လည်း ဤသုတ်တွင် ၁၀၈ မျိုးခွဲခြားပြထားပါသည်။

သန ၃၆.၂၃: အညတရဘိက္ခုသုတ်To a Certain Bhikkhu [Thanissaro] [Bodhi]
မြတ်စွာဘုရားက ရဟန်းတစ်ပါးကို ခံစားမှု ဝေဒနာတို့၏ အကြောင်း၊ ဖြစ်ခြင်း၊ ချုပ်ခြင်း၊ ချုပ်နည်း၊ သာယာဖွယ်၊ အပြစ် နှင့် ထွက်မြောက်ခြင်းကို ဟောကြားထားပါသည်။ တဏှာသည် ဝေဒနာဖြစ်စေတတ်သော အကျင့်ဟု ဟောထားသည်ကို တွေ့ရပါမည်။

သန ၃၆.၃၀: သုဒ္ဓိကသုတ် – Purified of Feeling [Bodhi]

သန ၃၆.၃၁: နိရာမိသသုတ် – Unworldly/Not of the Flesh [Nyanaponika | Thanissaro] [Bodhi]
ပီတိ၊ သုခ နှင့် ဥပေက္ခာ ဝေဒနာတို့ကို ၃မျိုးခွဲ၍ ပြင်ပအာရုံ ကာမဂုဏ်တို့မှ ရသော ဝေဒနာ၊ ရူပဈာန် ဝင်စားနေချိန်တွင် ရသော ဝေဒနာ နှင့် ရဟန္တာ ပုဂ္ဂိုလ်တို့ မိမိစိတ်ကို ဆင်ခြင်သောအခါတွင် ရသော ဝေဒနာ ဟူ၍ ဟောကြားထားပါသည်။

 ၃၇. မာတုဂါမသံယုတ် – Destinies of women

သန ၃၇.၃၄: ၀ဍ္ဎီသုတ်Growth [Thanissaro]
အမျိုးသမီးများ၏ ကြီးပွာရေးအတွက် လိုအပ်သော ၅ ချက်ကို ဟောထားပါသည်။

၃၈. ဇမ္ဗုခါဒကသံယုတ် – Jambhukhadaka the wanderer

သန ၃၈.၁၄: ဒုက္ခပဉှာသုတ်Stress [Thanissaro]
အရှင်သာရိပုတြာက ဒုက္ခ သုံးမျိုးနှင့် ဒုက္ခ ချုပ်ရာ လမ်းကြောင်းကို ဟောထားပါသည်။

 ၃၉. သာမဏ္ဍကသံယုတ် – Samandaka the wanderer

၄၀. မောဂ္ဂလာနသံယုတ် – Ven. Moggallana

သန၄၀.၉: အနိမိတ္တပဉှာသုတ်The Signless [Walshe]
ရဟန္တာဘဝ မရသေးခင် တရားကျင့်နေသော အရှင်မဟာမောဂ္ဂလာန်ကို မြတ်စွာဘုရားက တန်ခိုးတော်ဖြင့် တရားဟောခြင်းဖြစ်သည်။

 ၄၁. စိတ္တသံယုတ် – Citta the householder

သန ၄၁.၁: သံယောဇနသုတ် The Fetter
သံယောဇဉ်နှင့် ပက်သက်၍ တရားဆွေးနွေးရင်း အမြင်ကွဲနေသော မထေရ်ကြီးများကို စိတ္တသူကြွယ်က ရှင်းလင်း ဟောပြောခြင်းဖြစ်သည်။ စိတ္တသူကြွယ်သည် “တရားဟောတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် မစ္ဆိကာသဏ္ဍမြို့သား စိတ္တသူကြွယ်သည် အမြတ်ဆုံး (ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာ ဖြစ်သည်။ စိတ္တသူကြွယ်သည် အနာဂါမ် ဖြစ်သည်ဟု မြတ်စွာဘုရား ကိုယ်တော်တိုင် အသိအမှတ် ပြုခံရသော ဥပါသကာလည်း ဖြစ်ပါသည်။

သန ၄၁.၃: ဒုတိယ ဣသိဒတ္တသုတ် About Isidatta [Thanissaro]
စိတ္တသူကြွယ်၏ သက္ကာယအမြင် ဖြစ်ရခြင်း မေးခွန်းများကို မဖြေနိုင်သော မထေရ်ကြီးများအစား ရဟန်းငယ် အရှင်ဣသိဒတ္တက ဖြေဆိုသော အကြောင်းဖြစ်သည်။

သန ၄၁.၄: မဟကပါဋိဟာရိယသုတ်About Mahaka [Thanissaro]
စိတ္တသူကြွယ်၏တောင်းဆိုချက်ကြောင့် တန်ခိုးပြသော အရှင်မဟက က ကျော်ကြားခြင်း လာဘ်များခြင်းကို အလိုမရှိ၍ ကျောင်းမှ အပြီးထွက်သွားသော အကြောင်းဖြစ်သည်။

သန ၄၁.၅: ပဌမ ကာမဘူသုတ် About Kamabhu (1) [Nizamis]
မြတ်စွာဘုရား အကျဉ်းဟောထားသော ဂါထာကို စိတ္တသူကြွယ်က အရှင်ကာမဘူကို ရှင်းလင်းဟောကြားခြင်း ဖြစ်ပါသည်။

သန ၄၁.၆: ဒုတိယ ကာမဘူသုတ် About Kamabhu (2) [Nizamis]
စိတ္တသူကြွယ်နှင့် အရှင်ကာမဘူတို့ တရားဆွေးနွေးသော အကြောင်းဖြစ်ပါသည်။ အကြောင်းအရာတို့မှာ သက္ကာယ၊ ဥပါဒါနက္ခန္ဓာ (စွဲလမ်းဖွယ်ခန္ဓာ)၊ အင်္ဂါရှစ်ပါး ရှိသော မဂ်၊ နိရောဓ သမာပတ် စသည်ဖြင့် အကြောင်းအရာစုံ ပါဝင်ပါသည်။ ဤသုတ်သည် မန ၄၄: စူဠေဝဒလ္လသုတ် နှင့်ထပ်တူ နည်းပါးဖြစ်၍ အနည်းငယ် ပိုရှည်ပါသည်။

သန ၄၁.၇: ဂေါဒတ္တသုတ် To Godatta [Thanissaro]
စိတ္တသူကြွယ်က အရှင်ဂေါဒတ္တကို အဓိပ္ပါယ်မတူ အသုံးအနုံးလည်းမတူသော တရားတို့နှင့် အဓိပ္ပါယ်တူ၍ အသုံးအနုံးသာ ကွဲသော တရားတို့ကို ရှင်းလင်း ဟောကြားသော အကြောင်းဖြစ်ပါသည်။

သန ၄၁.၉: အစေလကဿပသုတ်Naked ascetic Kassapa
လူဘောင်ကိုစွန့်၍ အခြားအယူ၌ ရဟန်းပြုသွားသော သူငယ်ချင်းဟောင်း အစေလကဿပကို စိတ္တသူကြွယ်က ရဟန်းဒကာ ပြုပေးခြင်းဖြစ်သည်။ ဤသုတ်တွင် စိတ္တသူကြွယ်သည် ရူပဈာန်များကို လိုသလို ဝင်စားနှိင်ခြင်း၊ အနာဂါမ် ဖြစ်ခြင်းများကို ဖော်ပြထားပါသည်။

သန ၄၁.၁၀: ဂိလာနဒဿနသုတ် – Sick/Seeing the Sick (Citta) [Thanissaro | Walshe]
စိတ္တသူကြွယ်က သေခါနီးအချိန်တွင် မိသားစု မိတ်ဆွေ အပေါင်းအသင်းများကို ဘုရား၊ တရား၊ သံဃာ နှင့် ပေးကမ်းလှူဒါန်းခြင်း၌ ဆောက်တည်ရန် မှာကြားပုံကို ဖော်ပြထားပါသည်။

၄၂. ဂါမဏိသံယုတ် – Village headmen

သန ၄၂.၂: တာလပုဋသုတ် To Talaputa the Actor [Thanissaro]
ဇာတ်ဆရာကြီးက မိမိ၏ အသက်မွေးဝမ်းကြောင်းသော အတတ်ပညာဖြင့် ပတ်သက်၍ မေးလျှောက်သော အကြောင်းဖြစ်သည်။

သန ၄၂.၃: ယောဓာဇီဝသုတ်To Yodhajiva (The Warrior) [Thanissaro]
စစ်ဗိုလ်မှူးကြီးက မိမိ၏ အသက်မွေးဝမ်းကြောင်းသော အတတ်ပညာဖြင့် ပတ်သက်၍ မေးလျှောက်သော အကြောင်းဖြစ်သည်။

သန ၄၂.၆: အသိဗန္ဓကပုတ္တသုတ်[Brahmans] of the Western Land [Thanissaro]
မည်သူကမှ မည်သူ့ကို မကယ်နိုင်ပါ။ မိမိ၏ သီလကသာ မိမိကို ဆွဲတင်နိုင်မည်။

သန ၄၂.၇: ခေတ္တူပမသုတ် Teaching [Walshe]
မြတ်စွာဘုရားသည် သတ္တဝါအားလုံး၏ အကျိုးစီးပွားကို အလိုရှိသော်လည်း အားလုံးကို ညီတူညီမျှ အချိန်ပေး၍ တရားဟောခြင်းတော့ မပြုပါ။

သန ၄၂.၈: သင်္ခဓမသုတ်The Conch Trumpet [Thanissaro]
မြတ်စွာဘုရား၏ ကံဝါဒနှင့် ဂျိန်းတို့၏ ကံဝါဒ ခြားနားပုံကို ဖော်ပြထားပါသည်။ ပြီးခဲ့သော မှားရွင်းသော လုပ်ရပ်များကြောင့် ငရဲကြပြီဟု စိတ်စွဲနေလျှင် တကယ် ငရဲသို့ ရောက်နိုင်သည်။ နောင်တရ၍ နောက်မဖြစ်ရန် ဆင်ခြင်ပြီး ဗြဟ္မာ ဝိဟာရ (မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ပွားများခြင်းဖြင့် စင်ကြယ်ရသည်။

သန ၄၂.၉: ကုလသုတ်Families [Thanissaro]
“မြတ်စွာဘုရားသည် သတ္တဝါတို့ကို အစဉ်သနားခြင်း ရှိသည်ဆိုလျှင် အဘယ်ကြောင့် အငတ်ဘေးကျချိန်တွင် ဆင်းရဲသော မိသားစုများထံမှ ဆွမ်းခံသနည်း”ဟု မေးလျှောက်သော အကြောင်းဖြစ်သည်။ ဒါန၏အရေးပါပုံ နှင့် မိသားစုတို့ ပျက်စီးဆုံးရှံးရခြင်း အကြောင်း ၈မျိုးကို ဟောကြားထားပါသည်။

သန ၄၂.၁၀: မဏိစူဠကသုတ် To Maniculaka [Thanissaro]
ရဟန်းတို့ ရွှေငွေ ကိုင်ခွင့်ရှိမရှိကို မေးလျှောက်ထားပါသည်။

သန ၄၂.၁၁: ဘဒြကသုတ်To Gandhabhaka (Bhadraka) [Thanissaro]
အတိတ်နှင့် အနာဂါတ်ကို မဆိုထားနှင့် ယခု ကာလ၌ပင် အဘယ်ကြောင့် ဆင်းရဲခြင်းကို ခံစားရသနည်း။ မြတ်စွာဘုရားက အလွန်ရိုးရှင်း နားလည်လွယ်သော ဥပမာများဖြင့် ဟောကြားထားပါသည်။

၄၃. အသင်္ခတသံယုတ် – The unfashioned (Nibbana)

 

၄၄. အဗျာကတသံယုတ် – Undeclared

သန ၄၄.၁: ခေမာသုတ် With Khema [Thanissaro] [Bodhi]
ကောသလမင်းကြီးက ခေမာ ဘိက္ခုနီ (ရဟန်းမိန်းမ) ကို မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးလျှင် နောက်ထက်ဖြစ်သေးသလော မဖြစ်သလောဟု မေးလျှောက်သော အကြောင်းဖြစ်သည်။ မြန်မာပြန်တွင် “တထာဂတော” ကို သတ္တဝါဟု ပြန်ဆို၍ အခြားသော အင်္ဂလိပ်ဘာသာပြန်များတွင် “တထာဂတာ” ပုဒ်အရ မြတ်စွာဘုရားဟု ပြန်ထားပါသည်။ ခေမာ ဘိက္ခုနီသည် “ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် ထို ခေမာသည် အမြတ်ဆုံး (ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းမဖြစ်သည်။ အရှင်သာရိပုတြာသည် ရဟန်းများတွင် ပညာအရာ၌ ဧတဒဂ္ဂ ဖြစ်သကဲ့သို့ ခေမာ ဘိက္ခုနီသည် ရဟန်းမများတွင် ပညာအရာ၌ ဧတဒဂ္ဂ ရခြင်းကို ဆိုလိုသည်။ မြတ်စွာဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်ကပင် အမျိုးသမီးများကို အသိအမှတ်ပြု ချီးမြောက် ပေးခဲ့သည်ကို ကြည်ညိုဖွယ် တွေ့ရပါသည်။ အမြတ်ဆုံး (ဧတဒဂ္ဂ) ဂုဏ်ကို ရဟန်းများ၊ ရဟန်းမိန်းမများ၊ ဒကာများ၊ ဒကာမများ အထိ ချီးမြောက်တော် မူခဲ့ပါသည်။ အသေးစိတ်ကို အန ၁၈၈-၁၉၇ တွင်ကြည့်ပါ။

သန ၄၄.၂: အနုရာဓသုတ်To Anuradha [Thanissaro] [Bodhi]
သတ္တဝါ သေပြီးသည်နောက်၌ ဆက်လက်ဖြစ်၏၊ မဖြစ်၏၊ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် သို့မဟုတ် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ် စသည့် မေးခွန်းများကို အရှင်အနုရာဓက မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားသော သုတ်ဖြစ်ပါသည်။ မြန်မာပြန်တွင် “တထာဂတော” ကို သတ္တဝါဟု ပြန်ဆို၍ အခြား အင်္ဂလိတ်ဘာသာပြန်များတွင် “တထာဂတာ” ပုဒ်အရ မြတ်စွာဘုရားဟု ပြန်ထားပါသည်။

သန ၄၄.၃: ပဌမ သာရိပုတ္တကောဋ္ဌိကသုတ်Sariputta and Kotthita (1) [Thanissaro][Bodhi]
သတ္တဝါ သေပြီးသည်နောက်၌ ဆက်လက်ဖြစ်၏၊ မဖြစ်၏၊ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် သို့မဟုတ် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ် စသည့် မေးခွန်းများကို အရှင်မဟာကောဋ္ဌိက က အရှင်သာရိပုတြာကို မေးလျှောက်သော အကြောင်းဖြစ်သည်။

သန ၄၄.၄: ဒုတိယ သာရိပုတ္တကောဋ္ဌိကသုတ်Sariputta and Kotthita (2) [Thanissaro][Bodhi]
သတ္တဝါ သေပြီးသည်နောက်၌ ဆက်လက်ဖြစ်၏၊ မဖြစ်၏၊ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် သို့မဟုတ် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ် စသည့် မေးခွန်းများကို အရှင်မဟာကောဋ္ဌိက က အရှင်သာရိပုတြာကို မေးလျှောက်သော အကြောင်းဖြစ်သည်။

သန ၄၄.၅: တတိယ သာရိပုတ္တကောဋ္ဌိကသုတ် Sariputta and Kotthita (3) [Thanissaro] [Bodhi]
သတ္တဝါ သေပြီးသည်နောက်၌ ဆက်လက်ဖြစ်၏၊ မဖြစ်၏၊ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် သို့မဟုတ် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ် စသည့် မေးခွန်းများကို အရှင်မဟာကောဋ္ဌိက က အရှင်သာရိပုတြာကို မေးလျှောက်သော အကြောင်းဖြစ်သည်။

သန ၄၄.၆: စတုတ္ထ သာရိပုတ္တကောဋ္ဌိကသုတ် Sariputta and Kotthita (4) [Thanissaro] [Bodhi]
သတ္တဝါ သေပြီးသည်နောက်၌ ဆက်လက်ဖြစ်၏၊ မဖြစ်၏၊ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် သို့မဟုတ် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ် စသည့် မေးခွန်းများကို အရှင်မဟာကောဋ္ဌိက က အရှင်သာရိပုတြာကို မေးလျှောက်သော အကြောင်းဖြစ်သည်။

သန ၄၄.၇: မောဂ္ဂလာနသုတ် With Moggallana [Thanissaro] [Bodhi]
အခြားအယူဝင် လှည့်လည်သော ရဟန်း ဝစ္ဆဂေါတ္တက အရှင်မဟာမောဂ္ဂလာန်ကို သက္ကာယ မကင်းသော မေးခွန်းများ မေးသော အကြောင်းဖြစ်သည်။

သန ၄၄.၈: ဝစ္ဆဂေါတ္တသုတ်With Vacchagotta [Thanissaro] [Bodhi]
အခြားအယူဝင် လှည့်လည်သော ရဟန်း ဝစ္ဆဂေါတ္တက မြတ်စွာဘုရားကို သက္ကာယ မကင်းသော မေးခွန်းများ မေးသော အကြောင်းဖြစ်သည်။

သန ၄၄.၉: ကုတူဟလသာလာသုတ် With Vacchagotta [Thanissaro] [Bodhi]
မြတ်စွာဘုရားက သတ္တဝါသေဆုံးပြီး နောက်တ်ဖန် ခန္ဓာကိုယ် မရခင်ကြားတွင် တဏှာသည် လောင်စာဖြစ်သည်ဟု မီးဥပမာဖြင့် ဟောထားပါသည်။ (အရပ်သုံးစကားများဖြင့် နားလည်အောင် ရေးထားပါသည်။ သက္ကာယ အမြင်ဖြင့် ဘဝတစ်ခုမှ ဘဝတစ်ခုသို့ ခုန်ကူးနေသော Spirit ကို မဆိုလိုပါ။)

သန ၄၄.၁၀: အာနန္ဒသုတ် To Ananda [Thanissaro] [Bodhi]
သတ္တဝါ၏ Spirit သည် အမြဲတည်ရှိနေသည်ဟု ယူဆသော သဿတဝါဒနှင့် သတ္တဝါသည် သေလျှင်ပြီးဆုံးသည်ဟု ယူဆသော ဥစ္ဆေဒဝါဒအကြောင်းကို ဟောကြားထားပါသည်။ မြတ်စွာဘုရားသည် အတ္တရှိသည် မရှိသည်ဟု မဟောရခြင်း အကြောင်းအရင်းကို တွေ့ရပါမည်။

သန ၄၄.၁၁: သဘိယကစ္စာနသုတ် With Sabhiya [Thanissaro] [Bodhi]
အခြားအယူဝင် လှည့်လည်သော ရဟန်း ဝစ္ဆဂေါတ္တက အရှင်သဘိယကစ္စာန်ကို သက္ကာယ မကင်းသော မေးခွန်းများ မေးသော အကြောင်းဖြစ်သည်။