မဇ္ဈိမနိကာယ်

မဇ္ဈိမနိကာယ် (Middle length Discourses)

မဇ္ဈိမနိကာယ် (Middle length Discourses)သည် သုတ္တန်ပိဋကတော်ရှိ နိကာယ်ငါးစုမှ နှစ်ခုမြောက် နိကာယ်ဖြစ်ပြီး သုတ်ပေါင်း ၁၅၂ သုတ်ပါဝင်ပါသည်။ ယင်းသုတ်များမှာ မြတ်စွာဘုရားကိုယ်တော်တိုင်နှင့် သာဝကကြီးများ ဟောကြားတော်မှုသော သုတ်များဖြစ်သည်။ အခြားအယူဝင်ရဟန်းများနှင့် တရားပြိုင်ဆွေးနွေးခြင်း၊ ရဟန်းများကို ဟောကြားခြင်း၊ လူဝတ်ဥပါသကာ ဥပါသကာမများကို ဟောကြားခြင်း စသည်ဖြင့် အကြောင်းအရာများစွာ ပါဝင်ပါသည်။