မဇ္ဈိမနိကာယ် (အသံ)

မဇ္ဈိမနိကာယ် (Middle length Discourses)

မန ၇: ဝတ္ထသုတ်
ညစ်ပေနေသောအဝတ်ကို ဆိုးဆေးကောင်းစွာ မစွဲသကဲ့သို့ ကိလေသာများနေသောစိတ်ဖြင့် တရားမပေါက်နှိင်သည်ကို ဟောကြားထားပါသည်။ မြစ်ထဲဆင်း ရေချိုး၍ စိတ်မစင်ကြယ်လာစေနိုင်ပဲ ကိလေသာတို့ကိုသိ၍ စွန့်ပစ်နိုင်မှသာ စိတ်စင်ကြယ်လာနိုင်ပါသည်။

မန ၁၃: မဟာဒုက္ခက္ခန္ဓသုတ်
ရွှေငွေ စည်းစိမ် ဂုဏ်တို့အတွက် အလွန်အမင်း လုပ်ကိုင်ရှာဖွေနေရခြင်းသည် အဘယ်ကြောင့်နည်း။ ကာမ၊ ရုပ် နှင့် ဝေဒနာတို့၏ အပြစ်နှင့် သာယာဖွယ်ကို ဟောထားပါသည်။

မန ၁၉: ဒွေဓာဝိတက္ကသုတ်
ဘုရားလောင်းဘဝ၌ မြတ်စွာဘုရားကိုယ်တိုင် အတွေးတို့ကိုမည်သို့ ရင်ဆိုင်ခဲ့ရသည်ကို ဟောကြားထားသော သုတ်ဖြစ်ပါသည်။ ထိုအတွေးတို့မှာ ကာမနှင့်စပ်သော ကြံစည်ခြင်း၊ သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်းတို့ နှင့် ကာမမှ ထွက်မြောက်မှုနှင့်စပ်သော ကြံစည်ခြင်း၊ မသတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း၊ မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း တို့ဖြစ်ပါသည်။

မန ၂၈: မဟာဟတ္ထိပဒေါပမသုတ်
အရှင်သာရိပုတြာက သစ္စာလေးပါး၊ စွဲယူအပ်သော ခန္ဓာငါးပါး နှင့် ပဋိစ္စသမုပ္ပါဒ်တရားတော် ဆက်စပ်ပုံကို ဟောကြားထားပါသည်။

မန ၃၆: မဟာသစ္စကသုတ်
စကားပြောဆို အနှိင်ယူရန်လာသော သစ္စက ကိုထက်မံဆုံးမသော သုတ်ဖြစ်ပါသည်။ ဘုရားလောင်းဘဝတွင် ရသေ့ အာဠာရ နှင့် ရာမသား ဥဒကထံ ချည်းကပ်၍ အရူပဈာန်များကို လေ့လာခြင်း၊ ဆိုးရွား ပြင်းထန်သော အလေ့အကျင့်များ ကျင့်ခြင်း၊ ငယ်စဉ်ဘဝက ရရှိဖူးသော ပထမဈာန်ကို ပြန်လည်အမှတ်ရ၍ လမ်းမှန်ပေါ် ရောက်ခြင်းများကို ဖော်ပြထားပါသည်။

မန ၅၈: အဘယရာဇကုမာရသုတ်
ဂျိန်းဝါဒီခေါင်းဆောင် (နိဂဏ္ဌနာဋပုတြာ)က မင်းသားအဘယကို မြတ်စွာဘုရားနှင့် စကားအနိုင်လုရန် ခိုင်းသော သုတ်ဖြစ်ပါသည်။ ဤသုတ်တွင် အရိယမဂ်၏ မှန်ကန်သောစကား(သမ္မာဝါစာ) ကို မြတ်စွာဘုရား လက်တွေ့ဘဝတွင် သုံးသွားသည်ကို ကြည်ညိုဖွယ် တွေ့ရပါမည်။

မန ၆၁: အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်
ကိုရင် အရှင်ရာဟုလာကို မုသားစကားဆိုခြင်းနှင့်ပက်သက်၍ ဆုံးမသောသုတ်ဖြစ်ပါသည်။ အလွန်ကြည်ညိုဖွယ်ကောင်းသော ဆုံးမစကားတို့ဖြစ်၍ အကြိမ်များစွာနာသင့်သော သုတ်ဖြစ်ပါသည်။

မန ၆၂: မဟာရာဟုလောဝါဒသုတ်
ကိုရင် အရှင်ရာဟုလာကို တရားထိုင်နည်းသင်ကြားသော သုတ်ဖြစ်ပါသည်။ တရားထိုင်နည်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဟောကြားထားပါသည်။

မန ၇၄: ဒီဃနခသုတ်
အယူအားလုံးကို မစွဲလန်းခြင်း၊ ရုပ်နှင့်ဝေဒနာကို ကောင်းစွာသဘောပေါက်ခြင်းကြောင့် အရဟတ္တမဂ်ဉာဏ် ရရှိပုံကို ဟောကြားထားပါသည်။ ဤသုတ်ကိုနာခြင်းကြောင့် အရှင်သာရိပုတြာ ရဟန္တာ ဘဝကို ရရှိခြင်းဖြစ်ပါသည်။

မန ၈၆: အင်္ဂုလိမာလသုတ်
လက်ညှိုးတစ်ထောင်ဖြတ် လူဆိုးကြီးအင်္ဂုလိမာလကို ဆုံးမသောသုတ်ဖြစ်ပါသည်။ မီးနေသည်များအတွက် ရွတ်ဆိုသော ပရိတ်တရားတော်မှာ ဤသုတ်တွင်ပါသည့် အရှင်အင်္ဂုလိမာလ၏ သစ္စာစကားဖြစ်ပါသည်။

မန ၈၈: ဗာဟိတိကသုတ်
ကောသလမင်းကြီးက အရှင်အာနန္ဒာကို မြတ်စွာဘုရား၏ ကိုယ်ကျင့်တရားအကြောင်း မေးမြန်းလျှောက်ထားသော အကြောင်းဖြစ်သည်။ ဗုဒ္ဓဘာသာကိုယ်ကျင့်တရားအမြင် (Ethics) ကို အနှစ်ချုပ်ရှင်းထားခြင်းကို တွေ့ရပါမည်။

မန ၉၅: စင်္ကီသုတ်
သူတော်ကောင်းကို ချဉ်းကပ်၍ တရားနာခြင်းသည် ပထမဆုံးအလုပ်ဖြစ်သည်။ ဤသုတ်တွင် တစ်ဆယ့်ခြောက်နှစ်အရွယ် စာပေကျမ်းဂန်နှံ့စပ်သော လူငယ်ပုဏ္ဏားလေးနှင့် တရားဆွေးနွေးခြင်းကို တွေ့ရပါမည်။

မန ၁၀၉: မဟာပုဏ္ဏမသုတ်
ရဟန်းတစ်ပါးက မြတ်စွာဘုရားကို စွဲလမ်းဖွယ်ခန္ဓာငါးပါး (ဥပါဒါနက္ခန္ဓာ)၊ သက္ကာယဒိဋ္ဌိ တို့ကိုမေးမြန်း လျှောက်ထားသောသုတ်ဖြစ်ပါသည်။ စွဲလမ်းဖွယ်ခန္ဓာငါးပါးကိုသိလိုပါက လေ့လာဖတ်ရှုသင့်သော တရားတော်ဖြစ်ပါသည်။

မန ၁၁၇: မဟာစတ္တာရီသကသုတ်
ဆင်းရဲချုပ်ရာအကျင့်ဖြစ်သော အရိယာမဂ်ရှစ်ပါးတို့ တစ်ပါးကိုတစ်ပါး အကျိုးပြုပုံကို ဟောကြားထားပါသည်။ အရိယာမဂ်ရှစ်ပါးတို့ကို နားလည်လိုပါက လေ့လာသင့်သော သုတ်ဖြစ်ပါသည်။

မန ၁၁၉: ကာယဂတာသတိသုတ်
ကာယဂတာသတိ ကမ္မဋ္ဌာန်းဖြင့် အရဟတ္တမဂ် အရဟတ္တဖိုလ် ရရှိပုံကို ဟောကြားထားပါသည်။ ကာယဂတာသတိ ကမ္မဋ္ဌာန်းကျင့်နည်း အသေးစိတ်ကို သိလိုပါက ဖတ်သင့်သော သုတ်ဖြစ်ပါသည်။

မန ၁၃၁: ဘဒ္ဒေကရတ္တသုတ်
မနက်ဖြန်သေမည်ကို မည်သူကြိုသိနိုင်မည်နည်း။ အတိတ်ကာလသည် ပြီးဆုံး၍ပြန်မရနိုင်၊ အနာဂါတ်ကာလကား မရောက်သေး၊ ယခုပစ္စုပ္ပန်ကာလသည်သာ အရေးကြီးဆုံးဖြစ်၍ တရားကျင့်ကြရန် ဆုံးမသော သုတ်ဖြစ်ပါသည်။

မန ၁၃၅: စူဠကမ္မဝိဘင်္ဂသုတ်
အဘယ်ကြောင့် အချို့ အသက်ရှည်၍ အချို့အသက်တိုသနည်း၊ အချို့ ဆင်းရဲ၍ အချို့ ချမ်းသာသနည်း။ မိမိပြုလုပ်သော ကံသာကြောင့်သာလျှင် ဖြစ်ကုန်၏။

မန ၁၄၀: ဓာတုဝိဘင်္ဂသုတ်
မြတ်စွာဘုရားကို တစ်ခါမျှ မဖူးမြင်ဖူးဘဲ ကြည်ညိုသည့်အလျှောက် ရဟန်းပြုသော အမျိုးသားကို တရားဟောသော သုတ်ဖြစ်ပါသည်။

မန ၁၄၉: မဟာသဠာယတနိကသုတ်
အာရုံခြောက်ပါးတို့ကို ကောင်းစွာနားလည်ခြင်းဖြင့် နိဗ္ဗာန်ရောက်ပုံကို ဟောထားသော သုတ်ဖြစ်ပါသည်။

မန ၁၅၂: ဣန္ဒြိယဘာဝနာသုတ်
ရဟန်းတို့၏ ကြည်ညိုဖွယ်ဣနြေ္ဒ အဘယ်သို့ပွါးများပုံကို ဖော်ပြထားပါသည်။ ရဟန္တာတို့ မိမိတို့၏သညာအပေါ်၌ ကျွမ်းကျင်စွာ ပြောင်းလဲ ရှုမြင်နိုင်ပုံကို တွေ့ရပါမည်။