၁၁ – ဧကာဒသကနိပါတ်

ဧကာဒသကနိပါတ် – Book of the Elevens

အန ၁၁. ၁: ကိမတ္ထိယသုတ်What is the Purpose? [Thanissaro]
အရှင်အာနန္ဒာက မြတ်စွာဘုရားကို သီလ ဆောက်တည်ခြင်း၏ အကျိုးနှင့် အာနိသင်ကို မေးလျှောက်ထားသောသုတ် ဖြစ်ပါသည်။ သီလ ဆောက်တည်ခြင်း၏ အကျိုးနှင့် အာနိသင် ၁၁ ဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် ရှင်းလင်း ဟောကြားထားပါသည်။

အန ၁၁. ၂: စေတနာကရဏီယသုတ်An Act of Will [Thanissaro]
သီလ ဆောက်တည်သူသည် အကျိုးနှင့် အာနိသင် ၁၁ ဆင့်ကို တောင့်တစရာမလို စေ့ဆော်စရာမလို အလွယ်တကူ ရရှိသည့် အကြောင်းဖြစ်သည်။

အန ၁၁. ၉: သဒ္ဓသုတ်To Sandha [Thanissaro]
အာဇာနည်မြင်းကဲ့သို့ တရားအားထုတ်ရန် ဟောကြားထားသော သုတ်ဖြစ်ပါသည်။

အန ၁၁. ၁၁: ပဌမ မဟာနာမသုတ် To Mahanama (1) [Thanissaro]
ဒေသစာရီကြွချီတော်မူတော့မည့် မြတ်စွာဘုရားကို သာကီဝင်မဟာနာမ်မင်းက “မြတ်စွာဘုရားမရှိခိုက် သီလရှိသော ပုထုဇဉ်တို့ မည်သို့ နေထိုင်ရမည်နည်း”ဟု လျှောက်ထားသော သုတ်ဖြစ်သည်။ သာကီဝင်မဟာနာမ်မင်းသည် “မွန်မြတ်သော ဝတ္ထုကို ပေးလှူ တတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သာကီဝင်မင်းမျိုးဖြစ်သော အကြင် မဟာနာမ်သည် အမြတ်ဆုံးပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာဖြစ်သည်။

အန ၁၁. ၁၂: ဒုတိယ မဟာနာမသုတ်To Mahanama (2) [Thanissaro] ဒေသစာရီကြွချီတော်မှုတော့မည့် မြတ်စွာဘုရားကို သာကီဝင်မဟာနာမ်မင်းက “မြတ်စွာဘုရားမရှိခိုက် သီလရှိသော ပုထုဇဉ်တို့ မည်သို့ နေထိုင်ရမည်နည်း”ဟု လျှောက်ထားသော သုတ်ဖြစ်သည်။

အန ၁၁. ၁၅: မေတ္တာသုတ် – Discourse on Advantages of Loving-kindness/Good Will [Piyadassi | Thanissaro]
မေတ္တာဘာဝနာ ပွားများခြင်း၏ အကျိုး ၁၁ မျိုးကို ဟောကြားထားပါသည်။

အန ၁၁. ၁၆: အဋ္ဌကနာဂရသုတ်To Dasama [Thanissaro]
အရှင်အာနန္ဒာက ရူပဈာန် အရူပဈာန် ဗြဟ္မာဝိဟာရတို့ဖြင့် ယောဂကုန်ရာ နိဗ္ဗာန်ရောက် တရားကို ဟောကြားထားပါသည်။

အန ၁၁. ၁၇: ဂေါပါလသုတ်The Cowherd [Thanissaro]
တရားတိုးတက်ရန်လိုအပ်သော အကြောင်း ၁၁ ချက်ကို ဟောကြားထားပါသည်။