သုတ္တနိပါတ် ပါဠိတော်

၁ – ဥရဂဝဂ် – The Snake Chapter

သနပ ၁.၁: ဥရဂသုတ် – The Serpent/The Snake [Nyanaponika | Thanissaro]
မြွေရေခွံဟောင်းလဲသော ဥပမာဖြင့် မကောင်းမှုအဟောင်းများ စွန့်ပစ်ပုံအကြောင်းကို ဟောထားပါသည်။

သနပ ၁.၂: ဓနိယသုတ်Dhaniya the Cattleman [Thanissaro]
လူစည်းစိမ်နှင့် ရဟန်းစည်းစိမ် ယှဉ်ဟောထားသော တရားတော် ဖြစ်ပါသည်။

သနပ ၁.၃: ခဂ္ဂဝိသာဏသုတ်A Rhinoceros [Thanissaro]
တစ်ပါးတည်းနေရသော ရဟန်းဘဝကို ဖော်ပြထားပါသည်။

သနပ ၁.၄: ကသိဘာရဒွါဇသုတ် – To the Plowing Bharadvaja/Discourse to Bharadvaja, the Farmer [Olendzki (excerpt) | Piyadassi | Thanissaro]
ဆွမ်းခံကြွလာသော မြတ်စွာဘုရားအား ရဟန်းတို့ အလုပ် လုပ်၍ စားရန် ပြောဆိုသော ပုဏ္ဏားကို ဆုံးမသော သုတ် ဖြစ်သည်။

သနပ ၁.၅: စုန္ဒသုတ်To Cunda [Thanissaro]
လေးမျိုးသော ရဟန်းအမျိုးအစားကို ဟောထားပါသည်။

သနပ ၁.၆: ပရာဘဝသုတ် – Downfall/Discourse on Downfall [Narada | Piyadassi]
ပျက်စီးဆုတ်ယုတ်ရခြင်း၏ အကြောင်းအရင်းများကို ဟောထားပါသည်။

သနပ ၁.၇: ဝသလသုတ် Discourse on Outcasts [Piyadassi]
ဆွမ်းခံကြွလာသော မြတ်စွာဘုရားအား “ဆံပင်ရိတ်ထားသော ရဟန်းယုတ်”ဟု ဆဲရေးသော ပုဏ္ဏားကို သူယုတ်ဖြစ်ရခြင်း အကြောင်းအရင်းများကို ဟောကြားဆုံးမသော တရားဖြစ်သည်။ ဤသုတ်အရ မြတ်စွာဘုရားသည် အခြားရဟန်းများနည်းတူ ဆံတော်ရိတ်ထားသည်ကို တွေ့ရပါမည်။

  သနပ ၁.၈: မေတ္တသုတ် – The Buddha’s Words on Loving-Kindness/The Hymn of Universal Love/Loving-Kindness/The Discourse on Loving-kindness/Good Will [Amaravati | Buddharakkhita | Ñanamoli | Piyadassi | Thanissaro]
မြတ်စွာဘုရား ဟောကြားတော်မူသော မေတ္တာ ပို့နည်းဖြစ်သည်။

သနပ ၁.၁၀: အာဠဝကသုတ် – Discourse to Alavaka/To the Alavaka Yakkha [Piyadassi | Thanissaro]
မြတ်စွာဘုရားကို ခြိမ်းခြောက်သော အာဠဝကဘီလူးကို ဆုံးမသော သုတ်ဖြစ်သည်။

သနပ ၁.၁၁: ဝိဇယသုတ်Victory [Thanissaro]
ခန္ဓာကိုယ်၏ သဘောအမှန်ကို ဟောထားပါသည်။ ဤသုတ်သည် အသုဘ ဘာဝနာ ရှုရန်ဖတ်သင့်သော သုတ်ဖြစ်သည်။

သနပ ၁.၁၂: မုနိသုတ်The Sage [Thanissaro]
မြတ်စွာဘုရားကို အဘယ်ကြောင့် “မုနိ”ဟုခေါ်ပုံကို ဟောထားပါသည်။

 

၂ . စူဠဝဂ် – The Lesser Chapter

သနပ ၂.၁: ရတနသုတ် – The Jewel Discourse/Treasures [Piyadassi | Thanissaro]
ရတနာများတွင် အမြတ်ဆုံး ရတနာသုံးပါးဖြင့် သစ္စာဆိုသော သုတ်ဖြစ်သည်။

သနပ ၂.၃: ဟိရိသုတ် – On Friendship/Conscience [Ireland | Thanissaro]
မိတ်ဆွေအစစ်ဖြစ်ကြောင်း တရားများကိုဟောထားပါသည်။

သနပ ၂.၄: မင်္ဂလသုတ် – Blessings/Protection [Narada | Piyadassi | Soni | Thanissaro]
ကောင်းမြတ်သော မင်္ဂလာ ဖြစ်စေသော အကြောင်းတို့ကို ဟောထားပါသည်။

သနပ ၂.၆: ဓမ္မစရိယသုတ်Wrong Conduct [Ireland]
မြင့်မြတ်သောရဟန်းနှင့် ယုတ်ညံ့သောရဟန်းတို့ အကြောင်းကို ဟောထားပါသည်။

သနပ ၂.၈: နာဝါသုတ် – The Simile of the Boat/A Boat [Ireland | Thanissaro]
ဆရာသမား၏ အရေးကြီးပုံကို ဟောကြားထားပါသည်။

သနပ ၂.၉: ကိံသီလသုတ် – Right Conduct/With What Virtue? [Ireland | Thanissaro]
နိဗ္ဗာန်အတွက် လိုအပ်သော သီလနှင့် စိတ်ထားအကြောင်းကို ဟောထားပါသည်။

သနပ ၂.၁၀: ဥဋ္ဌာနသုတ် – On Vigilance/Initiative [Ireland | Thanissaro]
အိပ်ခြင်းမှထ၍ တရားကျင့်ကြရန် ဟောသော သုတ်ဖြစ်ပါသည်။

သနပ ၂.၁၁: ရာဟုလသုတ်Advice to Rahula [Ireland (excerpt)]
မြတ်စွာဘုရားက သားတော်အရှင်ရာဟုလာကို ရဟန်းဘဝ၏လိုအပ်သော အကျင့်စရိုက်များကို ဆုံးမသော သုတ်ဖြစ်သည်။

သနပ ၂.၁၄: ဓမ္မိကသုတ် – Dhammika [Ireland (excerpt)]
ရဟန်းနှင့်လူဝတ်တွင် ရှိအပ်သော သီလကို ဟောကြားထားပါသည်။

 

၃ . မဟာဝဂ် – The Great Chapter

သနပ ၃.၁: ပဗ္ဗဇ္ဇာသုတ် The Going Forth [Thanissaro]
ဗိမ္ဗိသာရမင်းက မြတ်စွာဘုရားအား “အဘယ်ကြောင့် ငယ်ရွယ်သောအချိန်၌ ရဟန်းပြုသနည်း”ဟု မေးလျှောက်သော အကြောင်းဖြစ်သည်။

သနပ ၃.၂: ပဓာနသုတ် – The Great Struggle/Exertion [Ireland | Thanissaro]
ဈာန်သမာပတ် အားထုတ်နေသော ဘုရားလောင်းကို မာန်နတ်က နှောက်ယှက်သော အကြောင်းဖြစ်သည်။

သနပ ၃.၃: သုဘာသိတသုတ်Well-Spoken [Thanissaro]
အပြစ်လွတ်ကင်း၍ ကောင်းသောစကားဖြစ်ရန် အကြောင်းလေးချက်ကို ဟောကြားထားပါသည်။

သနပ ၃.၈: သလ္လသုတ် – The Arrow [Ireland | Thanissaro]
သေခြင်းတရားအပေါ် မေ့လျော့နေတတ်သော သူများနှင့် ဆုံးပါးသွားသော မိဘဆွေမျိုးများအတွက် ငိုကြွေးနေသူများ ဖတ်သင့်သော အလွန်ကြည်ညိုဖွယ်ကောင်းသော တရားတော်ဖြစ်ပါသည်။

သနပ ၃.၁၁: နာလကသုတ် – Gurgling Loudly/To Nalaka [Olendzki (excerpt) | Thanissaro]
မြတ်စွာဘုရား ဖွားမြင်တော်မူပြီးကာစ အကြောင်းနှင့် ရဟန်းတို့ပြုကျင့်ရသော မောနေယျ အကျင့်မြတ်ကို ဟောကြားထားပါသည်။

သနပ ၃.၁၂: ဒွယတာနုပဿနာသုတ် – The Noble One’s Happiness/A Teaching Hard to Know/The Contemplation of Dualities [Ireland (excerpt) | Olendzki (excerpt) | Thanissaro]
လောကမှ ထွက်မြောက်နိုင်သော တရားတစ်ဆယ့်ခြောက်ပါးတို့ကို နှစ်မျိုးနှစ်စားအားဖြင့် ခွဲ၍မြင်နည်းကို ဟောကြားထားပါသည်။


၎ . အဋ္ဌကဝဂ် – The Octet Chapter

  သနပ ၄.၁: ကာမသုတ်Sensual Pleasure [Thanissaro]
ကာမတို့၏ အပြစ်များကို ဟောကြားထားပါသည်။ ဤသုတ်ကို စမ္မပဒ ပါဠိတော်တွင်လည်းပါရှိပါသည်။

  သနပ ၄.၂: ဂုဟဋ္ဌကသုတ်The Cave of the Body [Thanissaro]
ဤခန္ဓာကိုယ်နှင့် ကာမတို့ကို စွဲမက်ပါက လွတ်မြောက်ရန် မလွယ်ကူကြောင်း ဟောကြားထားပါသည်။

သနပ ၄.၃: ဒုဋ္ဌဋ္ဌကသုတ် Corrupted [Thanissaro]
မိမိသီလနှင့်အကျင့်ကို မမေးခံရဘဲ ပြောဆိုခြင်းသည်မကောင်း၊ ကိလေသာငြိမ်းအေးသောရဟန်းသည် မိမိကိုယ်ကို သီလရှိသည်ဟု မပြောဆို။

သနပ ၄.၄: သုဒ္ဓဋ္ဌကသုတ် – On Purity/Pure [Ireland | Thanissaro]
အမြင့်မြတ်ဆုံး စင်ကြယ်မှုကို အရိယမဂ်ဖြင့်သာ ရနိုင်သည်။

သနပ ၄.၅: ပရမဋ္ဌကသုတ် – On Views/Supreme [Ireland | Thanissaro]
အလေ့အကျင့်ကို ပြင်းစွာ စွဲလမ်းမှု “သီလဗ္ဗတုပါဒါန်” အကြောင်းကို ဟောထားပါသည်။

သနပ ၄.၆: ဇရာသုတ် – On Decay/Old Age [Ireland | Thanissaro]
လူဘဝသည် တိုတောင်းလှသည်။ အိုမင်းခြင်းကို မလွန်ဆန်နှိင်။ ပိုင်ဆိုင်သမျှ ကိုလည်းထားခဲ့ရမည်။ အိမ်မက်ထဲမှ သူများကို နိုးလျှင်မတွေ့မြင်ရတော့သကဲ့သို့ သေဆုံးသွားသော ချစ်ခင်နှစ်သက်အပ်သောသူများကို မတွေ့ရတော့ပါ။

သနပ ၄.၇: တိဿမေတ္တေယျသုတ်Tissa Metteyya [Thanissaro] အရှင်တိဿက မြတ်စွာဘုရားကို မေထုန်အမှုကို ပြုကျင့်အားထုတ်သူ၏ ဆင်းရဲပင်ပန်းရပုံကို ဟောကြားရန် လျှောက်ထားသော တရားတော်ဖြစ်ပါသည်။

သနပ ၄.၈: ပသူရသုတ်To Pasura [Thanissaro]
ဝါဒပြိုင်ဆိုင်ခြင်း၏ ဆင်းရဲပုံများကို ဟောကြားထားပါသည်။

သနပ ၄.၉: မာဂဏ္ဍိယသုတ် To Magandiya [Thanissaro]
မိမိသမီးကို ဆက်သသော မာဂဏ္ဍိယကို ဆုံးမသော အကြောင်းဖြစ်သည်။ သန ၂၂.၃ ဟာလိဒ္ဒိကာနိသုတ် တွင်ပါသော မာဂဏ္ဍိယပြသနာမှာ ဤသုတ်ကိုရည်ညွှန်းခြင်း ဖြစ်ပါသည်။

သနပ ၄.၁၀: ပုရာဘေဒသုတ် Before the Break-up of the Body [Thanissaro]
ငြိမ်းအေးသောသူ ဖြစ်ရန်လိုအပ်သော ဉာဏ်နှင့်သီလကို ဟောထားပါသည်။

  သနပ ၄.၁၁: ကလဟဝိဝါဒသုတ် – Further Questions/Quarrels & Disputes [Ireland | Thanissaro] ခိုက်ရန်ဖြစ်မှုနှင့် ငြင်းခုံမှုတို့ဖြစ်ရခြင်း အကြောင်းအရင်းကို ဟောထားပါသည်။

သနပ ၄.၁၂: စူဠဗျူဟသုတ်The Lesser Array [Thanissaro]
မိမိအယူသာမှန်၍ အခြားသောအယူတို့မှားသည်ဟု ဆိုသူများအကြောင်းကို ဟောထားပါသည်။

သနပ ၄.၁၃: မဟာဗျုဟသုတ်The Great Array [Thanissaro]
ငြင်းခုံသူများကြား မည်သို့ ငြိမ်းချမ်းစွာနေနည်းကို ဟောထားပါသည်။

သနပ ၄.၁၄: တုဝဋကသုတ်Quickly [Thanissaro]
ငြိမ်းအေးမှုရလိုသော ရဟန်း၏ ရှိအပ်သော အမြင်ကို ဟောထားပါသည်။

သနပ ၄.၁၅: အတ္တဒဏ္ဍသုတ် – The Training/Arming Oneself/The Rod Embraced [Ireland | Olendzki | Thanissaro]
မြတ်စွာဘုရားကိုယ်တော်တိုင် ရခဲ့သော သံဝေဂတို့ကို ဟောကြားထားပါသည်။

သနပ ၄.၁၆: သာရိပုတ္တသုတ်To Sariputta [Thanissaro]
အရှင်သာရိပုတ္တက မြတ်စွာဘုရားကို ရဟန်းများအကျိုးအတွက် မေးခွန်း မေးလျှောက်သော အကြောင်း ဖြစ်ပါသည်။

 

၅ . ပါရာယနဝဂ် – The Chapter on the Way to the Far Shore

သနပ ၅.၁: အဇိတမာဏဝပုစ္ဆာ – Ajita’s Questions [Ireland | Thanissaro]
မြတ်စွာဘုရားအား လောကကို ဖုံးလွှမ်းသည့်တရား ဘေးဖြစ်စေသည့်တရား အကြောင်းကို မေးလျှောက်ခြင်း ဖြစ်ပါသည်။ သန ၁၂.၃၁: ဘူတသုတ်တွင် ဤတရားတော်၏ အသေးစိတ်ကို မြတ်စွာဘုရားနှင့် အရှင်သာရိပုတြာတို့ တရားဆွေးနွေးကြသည်ကို တွေ့ရပါမည်။

သနပ ၅.၂: တိႆေမေတၱယ်မာဏဝပုစၧာTissa-metteyya’s Questions [Thanissaro]
မြတ်စွာဘုရားအား “အဘယ်သူသည် ကြောက်ရွင့်မှုကင်းသူ အစွန်းနှစ်ဖက်ကင်းသူ မဟာလူသား ဖြစ်သနည်း”ဟု မေးလျှောက်ခြင်းဖြစ်ပါသည်။

  သနပ ၅.၃: ပုဏ္ဏကမာဏဝပုစ္ဆာ – Punnaka’s Questions [Ireland | Thanissaro]
မြတ်စွာဘုရားအား “လူတို့ အဘယ့်ကြောင့် နတ်တို့ကို ပူဇော်ပသခြင်း ပြုသနည်း”ဟု  မေးလျှောက်ခြင်းဖြစ်ပါသည်။

  သနပ ၅.၄: မေတ္တဂူမာဏဝပုစ္ဆာ – Mettagu’s Questions [Ireland | Thanissaro]
မြတ်စွာဘုရားအား လောက၌ဆင်းရဲမှု မျိုးစုံရှိခြင်း၏ အကြောင်းအရင်းကို မေးလျှောက်ခြင်းဖြစ်ပါသည်။

သနပ ၅.၅: ဓောတကမာဏဝပုစ္ဆာDhotaka’s Questions [Thanissaro]
မိမိ၏လွတ်မြောက်မှုကို တရားတော်တို့ဖြင့် ကိုယ်တိုင်ကျင့်ကြံရမည်။ မြတ်စွာဘုရားက ကယ်တင် လွတ်မြောက်ပေးခြင်း မဟုတ်။

သနပ ၅.၆: ဥပသီဝမာဏဝပုစ္ဆာUpasiva’s Questions [Thanissaro]
မြတ်စွာဘုရားအား နိဗ္ဗာန်ရောက်ကြောင်းတရားနှင့် နိဗ္ဗာန် အကြောင်းကို မေးလျှောက်ခြင်းဖြစ်ပါသည်။

သနပ ၅.၇: နန္ဒမာဏဝပုစ္ဆာNanda’s Questions [Thanissaro]
မြတ်စွာဘုရားအား “များပြားလှသော အယူဝါဒဆရာများတွင် အဘယ်သူကို မုနိ ဟုခေါ်ပါသနည်း”ဟု မေးလျှောက်ခြင်းဖြစ်ပါသည်။

သနပ ၅.၈: ဟေမကမာဏဝပုစ္ဆာHemaka’s Question [Thanissaro]
မြတ်စွာဘုရားကို “သာသနာတော် မတိုင်မီက ရှေးဆရာတို့၏ တရားများသည် တစ်ဆင့်စကားများသာ ဖြစ်၍ ကိုယ်တိုင်သိသော မြတ်စွာဘုရား တရားဟောတော်မူပါ”ဟု မေးလျှောက်ခြင်းဖြစ်ပါသည်။

သနပ ၅.၉: တောဒေယျမာဏဝပုစ္ဆာTodeyya’s Questions [Thanissaro]
မြတ်စွာဘုရားအား ရဟန္တာ ဖြစ်ပြီးသူ၏ စိတ်ထားကို မေးလျှောက်ခြင်းဖြစ်ပါသည်။

သနပ ၅.၁၀: ကပ္ပမာဏဝပုစ္ဆာKappa’s Question [Thanissaro]
မြတ်စွာဘုရားအား အိုခြင်းနာခြင်း ကင်းသော နိဗ္ဗာန် အကြောင်းကို မေးလျှောက်ခြင်းဖြစ်ပါသည်။

သနပ ၅.၁၁: ဇတုကဏ္ဏိမာဏဝပုစ္ဆာJatukannin’s Question [Thanissaro]
မြတ်စွာဘုရားအား မွေးဖွားခြင်း သေဆုံးခြင်းမှ လွတ်မြောက်ကြောင်းတရားကို မေးလျှောက်ခြင်းဖြစ်ပါသည်။

သနပ ၅.၁၂: ဘဒြာဝုဓမာဏဝပုစ္ဆာBhadravudha’s Questions [Thanissaro]
မြတ်စွာဘုရားအား ဒေသအသီးသီးမှ လူအမျိုးမျိုးလာရောက်၍ တရားဟောရန် မေးလျှောက်ခြင်းဖြစ်ပါသည်။

သနပ ၅.၁၃: ဥဒယမာဏဝပုစ္ဆာUdaya’s Questions [Thanissaro]
ဈာန်ဝင်စားလေ့ရှိတော်မူသော မြတ်စွာဘုရားအား ကိလေသာမှ လွတ်မြောက်မှု တရားဟောရန် မေးလျှောက်ခြင်း ဖြစ်ပါသည်။

သနပ ၅.၁၄: ပေါသာလမာဏဝပုစ္ဆာ Posala’s Questions [Thanissaro]
မြတ်စွာဘုရားအား အာကိဉ္စညာယတနဈာန်ရပုဂ္ဂိုလ်၏ဉာဏ်နှင့် အဘယ်သို့ ဆက်လက်ရှုရမည့် အကြောင်းကို မေးလျှောက်ခြင်း ဖြစ်ပါသည်။

သနပ ၅.၁၅: မောဃရာဇမာဏဝပုစ္ဆာ – Mogharaja’s Question [Ireland | Thanissaro]
မြတ်စွာဘုရားအား အဘယ်တရားဖြင့် သေခြင်းကို လွန်မြောက်နှိင်သနည်းဟု မေးလျှောက်ခြင်း ဖြစ်ပါသည်။

သနပ ၅.၁၆: ပိင်္ဂိယမာဏဝပုစ္ဆာ – Pingiya’s Question [Ireland | Thanissaro]
အသက်ကြီးရင့်လာသော ပိင်္ဂိယက မြတ်စွာဘုရားအား မွေးဖွားခြင်း သေဆုံးခြင်းမှ လွတ်မြောက်ကြောင်း တရားကို မေးလျှောက်ခြင်းဖြစ်ပါသည်။