၈ – အဋ္ဌကနိပါတ်

အဋ္ဌကနိပါတ် – Book of the Eights

အန ၈.၂: ပညာသုတ်Discernment [Thanissaro]  [Bodhi]
မရသေးသော ပညာရရန်၊ ရပြီးသော ပညာတိုးတက်ပွားများစေရန် လိုအပ်သော အကြောင်း ၈ ချက်ကို ဟောကြားထားပါသည်။

အန ၈.၆: ဒုတိယ လောကဓမ္မသုတ်The Failings of the World [Thanissaro][Bodhi]
လောကဓံတရား ၈ ပါးကို မည်သူမျှ မလွတ်နိုင်။ သို့သော် မြတ်စွာဘုရား၏ တပည့်များနှင့် မလေ့လာထားသော ပုထုဇဉ်တို့ လောကဓံကို တုံ့ပြန်ပုံ မတူပါ။

အန ၈.၇: ဒေဝဒတ္တဝိပတ္တိသုတ်About Devadatta [Thanissaro] [Bodhi]
မိမိနှင့် သူတပါး၏ ကျဆုံးမှုနှင့် အောင်မြင်မှုကို တခါတရံ ပြန်လည်ဆင်ခြင် သုံးသပ်သင့်ကြောင်း ဟောကြားထားပါသည်။ ဒေဝဒတ်ကို အကြောင်းပြု၍ ဟောကြားသော သုတ်ဖြစ်သည်။

အန ၈.၈: ဥတ္တရဝိပတ္တိသုတ်About Uttara [Thanissaro]  [Bodhi]
“မိမိနှင့် သူတပါး၏ ကျဆုံးမှုနှင့် အောင်မြင်မှုကို တခါတရံ ပြန်လည်ဆင်ခြင် သုံးသပ်သင့်ကြောင်း” မြတ်စွာဘုရားဟောထားသော စကားကို သိကြားမင်းက အရှင်ဥတ္တရအား မေးလျှောက်သော သုတ်ဖြစ်သည်။

  အန ၈.၉: နန္ဒသုတ်About Nanda [Thanissaro]  [Bodhi]
ရာဂအားကြီးသောစိတ်ကို ကောင်းစွာ ဆောင့်ရှောက်ထားသော မြတ်စွာဘုရား၏ ဖအေတူ မအေကွဲ အရှင်နန္ဒကို  အတုယူနိုင်ရန် ချီးမွန်းတော် မှုသော သုတ်ဖြစ်သည်။

အန ၈.၁၃: အဿာဇာနီယသုတ်The Thoroughbred [Thanissaro] [Bodhi]
ရဟန်းကောင်းတို့ ရှိအပ်သော အရည်အချင်း ၈ မျိုးကို ဟောကြားထားပါသည်။

အန ၈.၁၄: အဿခဠုင်္ကသုတ် Unruly [Thanissaro]  [Bodhi]
ဝိနည်းကို အကြောင်းပြု၍ ရဟန်းတို့ကို မြင်းကောင်း မြင်းယုတ် ဥပမာဖြင့် ဆုံးမတော်မှုသော သုတ်ဖြစ်သည်။

အန ၈.၂၃: ပဌမ ဟတ္ထကသုတ်About Hatthaka (1) [Thanissaro]  [Bodhi]
မိမိကိုယ်ကို ရိုးရှင်းစွာနေသော ဟတ္ထကအာဠဝကကို ချီးမွန်းတော်မှုသော သုတ်ဖြစ်သည်။ ဟတ္ထကအာဠဝကသည် “သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏တပည့် ဥပါသကာ တို့တွင် ထို ဟတ္ထကအာဠဝကသည် အမြတ်ဆုံးပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာ ဖြစ်သည်။

အန ၈.၂၄: ဒုတိယ ဟတ္ထကသုတ်About Hatthaka (2) [Thanissaro]  [Bodhi]
မိတ်ဆွေ အပေါင်းအသင်းတိုးပွား၍ လူချစ်လူခင် များလိုပါသလား၊ ဤသုတ်တွင် အတုယူဖွယ် ဟတ္ထကအာဠဝကကို တွေ့ရပါမည်။ ဟတ္ထကအာဠဝကသည် “သင်္ဂဟဝတ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏တပည့် ဥပါသကာ တို့တွင် ထို ဟတ္ထကအာဠ၀ကသည် အမြတ်ဆုံးပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာ ဖြစ်သည်။

အန ၈.၂၅: မဟာနာမသုတ်Being a Lay Buddhist [Kumara]  [Bodhi]
လူဝတ်ဗုဒ္ဓဘာသာကောင်းတစ်ယောက်၏ လိုအပ်သော အချက်များကို မဟာနာမ်အား ဟောကြားထားပါသည်။ မဟာနာမ်သည်“မွန်မြတ်သော ဝတ္ထုကို ပေးလှူ တတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သာကီဝင်မင်းမျိုးဖြစ်သော ထို မဟာနာမ်သည် အမြတ်ဆုံးပေတည်း” ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာ ဖြစ်သည်။

အန ၈.၂၆: ဇီဝကသုတ်To Jivaka [Thanissaro]  [Bodhi]
လူဝတ်ဗုဒ္ဓဘာသာကောင်းတစ်ယောက်၏ လိုအပ်သော အချက်များကို ဟောကြားထားပါသည်။

အန ၈.၂၈: ဒုတိယဗလသုတ် Strengths [Thanissaro]  [Bodhi]
ရဟန္တာတို့ရရှိသော ဉာဏ်အား ၈ မျိုးကို အရှင်သာရိပုတြာက မြတ်စွာဘုရားကို လျှောက်ထားသော သုတ်ဖြစ်ပါသည်။

အန ၈.၃၀: အနုရုဒ္ဓမဟာဝိတက္ကသုတ်To Anuruddha [Thanissaro] [Bodhi]
ဈာန်သမာပတ်တို့ကို အလိုရှိတိုင်း ဝင်စားနိုင်လိုပါသလား။ မြတ်စွာဘုရားက အရှင်အနုရုဒ္ဓ၏ စိတ်အကြံကို တန်ခိုးဖြင့်သိသောကြောင့် ကြွရောက် ဟောကြားသော သုတ်ဖြစ်ပါသည်။ အရှင်အနုရုဒ္ဓသည် “ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို အနုရုဒ္ဓါသည် အမြတ်ဆုံးပေတည်း” ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်း ဖြစ်သည်။

အန ၈.၃၉: အဘိသန္ဒသုတ်Rewards [Thanissaro]  [Bodhi]
နတ်ပြည်ချမ်းသာကို ရရှိနိုင်သော နည်း ၈ မျိုးကို ဟောကြားထားပါသည်။

အန ၈.၄၀: ဒုစ္စရိတဝိပါကသုတ်Results [Thanissaro] [Bodhi]
ငရဲ တိရိစ္ဆာန် ပြိတ္တာဘုံသို့ ရောက်စေတတ်သော အကျင့်များဖြင့် လူ့ဘဝကိုပြန်ရရှိလျှင်လည်း မနှစ်သက်ဖွယ်ကောင်းသော ဘဝမျိုးစုံ ရရှိပုံကို ဟောကြားထားပါသည်။

အန ၈.၄၁: သံခိတ္တူပေါသထသုတ် The Uposatha Observance [Ñanavara/Kantasilo] [Bodhi]
မြတ်စွာဘုရားက အလွန်အကျိုးအာနိသင်များသော ဥပုသ် စောင့်နည်းကို ဟောကြားထားပါသည်။

အန ၈.၄၃: ဝိသာခါသုတ်The Discourse to Visakha on the Uposatha with the Eight Practices [Khantipalo] [Bodhi]
ဝိသာခါ သူဌေးမကြီးကို ဥပုသ် စောင့်ခြင်း၏ အကျိုးအာနိသင်များကို ဟောကြားထားပါသည်။ ဝိသာခါ သူဌေးမကြီးသည် “လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် မိဂါရသူဌေး၏ အမိ အရာ၌ တည်သော ထို ဝိသာခါသည် အမြတ်ဆုံးပေတည်း” ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာမ ဖြစ်သည်။

  အန ၈.၅၃: သံခိတ္တသုတ်To Gotami [Thanissaro]
မြတ်စွာဘုရားက ကိုယ်တော်တိုင်ဟောကြားထားသော တရားတော် အစစ် ဟုတ်မဟုတ် ခွဲခြားနည်းကို မဟာပဇာပတိဂေါတမီအား ဟောကြားသော သုတ်ဖြစ်ပါသည်။ မဟာပဇာပတိဂေါတမီသည် “ညဥ့်တို့ကို သိကုန် ရဟန်းဝါရင့်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် ထို မဟာပဇာပတိဂေါတမီသည် အမြတ်ဆုံးပေတည်း” ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းမ ဖြစ်သည်။

အန ၈.၅၄: ဒီဃဇာဏုသုတ် – Conditions of Welfare/To Dighajanu [Narada | Thanissaro]
ကောဠိယမင်းသား ဒီဃဇာဏုက ယခုဘဝနှင့် နောင်ဘဝ ချမ်းသာအတွက် တရားဟောပါဟု လျှောက်သောကြောင့် ဟောကြားသော သုတ်ဖြစ်ပါသည်။ လောကီစည်းစိမ်နှင့်နေသော ပုထုဇဉ်တို့ အတွက် အလွန်ကြည်ညိုဖွယ်ကောင်းသော သုတ်ဖြစ်သည်။

အန ၈.၅၉: ပဌမ ပုဂ္ဂလသုတ်Eight Individuals (a) [Kumara (excerpt)]
အလှူပေးခြင်း၊ လက်အုပ်ချီခြင်း ပြုထိုက်သော အရိယာ ၈ မျိုးအကြောင်းကို ဟောကြားထားပါသည်။

အန ၈.၆၃: သံခိတ္တသုတ်In Brief [Thanissaro]
ဗြဟ္မာဝိဟာရ (မေတ္တာဈာန်၊ ဂရုဏာဈာန်၊ မုဒိတာဈာန်၊ ဥပေက္ခာဈာန်) နှင့် သတိပဋ္ဌာန်လေးပါး တွဲ၍ အလုပ်လုပ်ပုံကို ဟောကြားထားပါသည်။

အန ၈.၈၀: ကုသီတာရမ္ဘ၀တ္ထုသုတ်The Grounds for Laziness & the Arousal of Energy [Thanissaro] တရားအားထုတ်ရန် ပျင်းရိပုံ ၈ မျိုးနှင့် အားထုတ်ပုံ ၈ မျိုးကို ဟောကြားထားပါသည်။

အန ၈.၈၆: ယသသုတ် Honor [Thanissaro]
မြတ်စွာဘုရားကို ဖူးမျှော်ပူဇော်ရန် စုရုံးလာသော ရွာသားတို့ ဆူညံသောကြောင့် အဖူးမခံနိုင်၍ အေးချမ်းတိပ်ဆိတ်သော ရဟန်းတရား အကြောင်းကို ဟောကြားထားပါသည်။