၃ – တိကနိပါတ်

တိကနိပါတ် – Book of the Threes

အန ၃.၂: လက္ခဏသုတ်Characterized (by Action) [Thanissaro] [Bodhi]
မိမိပြုလုပ်သော ကံကြောင့်သာလျှင် လူမိုက်၊ လူလိမ္မာ စသည်ဖြင့် ဖြစ်စေသည်။

အန ၃.၁၅: သစေတနသုတ်The Chariot Maker [Thanissaro] [Bodhi]
မြတ်စွာဘုရားက အတိတ်ကာလ ရထားလုပ်သမားဘဝ၌ သစ်သားကောင်းတို့ဖြင့် ရထားဘီးပြုလုပ်နည်းကို ကောင်းစွာနားလည်ခဲ့ သကဲ့သို့ ယခုဘဝ၌ ကိုယ်၊နှုတ်၊နှလုံးတို့ဖြင့် ကောင်းသောဘဝ ဆောက်တည်ခြင်းကို ပြန်လည်ဟောကြားထားသော သုတ်ဖြစ်ပါသည်။

အန ၃.၂၀: ဒုတိယ ပါပဏိကသုတ်
ကုသိုလ်တရားတိုးတက် များမြတ်ခြင်း အတွက် လိုအပ်သော တရား ၃ မျိုးကို ဈေးသည် ဥပမာဖြင့် ဟောကြားထားပါသည်။ သုတ္တန် ပိဋကတော်နှင့် ဝိနည်း ပိဋကတော်သည် ပိဋကသုံးပုံ တွင် ရှေးအကျဆုံး စာပေတို့ဖြစ်သည်။ ထို့ကြောင့် သုတ်များနှင့် ဝိနည်းတော်များတွင် အပြန်အလန် ကိုးကားခြင်းများကို တွေ့ရပေသည်။ ဤသုတ်တွင် သုတ္တန် ဝိနည်း နှင့် ပါတိမောက် ကိုဆောင်နိုင်သော ရဟန်းများထံသို့ ချဉ်းကပ်၍ မေးမြန်းရန် ဆုံးမခြင်း ကို တွေ့ရပါမည်။

အန ၃.၂၂: ဂိလာနသုတ် Sick People [Thanissaro] [Bodhi]
တရားတော်သည် နာမကျန်းဖြစ်နေသော လူနာအတွက်လိုအပ်သော ဆေး၊အစားအသောက်၊ သူနာပြုနှင့်တူသည်ဟု ဟောကြားထားပါသည်။

အန ၃.၂၃: သင်္ခါရသုတ်
ဆင်းရဲသော ခံစားမှု၊ ချမ်းသာသော ခံစားမှု တို့ အဘယ်ကြောင့် ခံစားရသနည်း။ ကိုယ် နှုတ် စိတ် ဖြင့် အားထုတ်သော စေတနာကံတို့ကြောင့် သက်ဆိုင်ရာ လောကသို့ ရောက်ကြရပုံကို ဟောကြားထားပါသည်။

အန ၃.၂၇: ဇိဂုစ္ဆိတဗ္ဗသုတ်
မြတ်စွာဘုရားသည် နားလည်လွယ် မြင်လွယ်သော ဥပမာများ ပေး၍ ဆုံးမလေ့ ရှိပါသည်။ ဤသုတ်တွင် ပေါင်းသင့် မပေါင်းသင့်သော ပုဂ္ဂိုလ် သုံးမျိုးကို ပေါ်လွင်သော ဥပမာ များဖြင့် ဟောကြားထားပါသည်။

အန ၃.၃၁: သဗြဟ္မကသုတ်
အမိအဖ ကို လုပ်ကျွေး ပြုစုခြင်း၏ ယခုဘဝ နှင့် နှောင်ဘဝ အကျိုး များကို ဟောကြားထားပါသည်။

အန ၃.၃၂: အာနန္ဒသုတ်
ခုဒ္ဒကနိကာယ်တွင် ပါဝင်သော သုတ္တနိပါတ်ပါဠိတော်၏ နောက်ဆုံး အခန်းဖြစ်သည့် ပါရာယနဝဂ်သည် ရှေးအကျဆုံး ဗုဒ္ဓကျမ်းဂန်များတွင် ပါရှိပါသည်။ ထို့ကြောင့် သုတ်အမျိုးမျိုးတွင် ပြန်လည်ကိုးကားခြင်းကို တွေ့ရခြင်းဖြစ်သည်။ ဤသုတ်တွင် မြတ်စွာဘုရားက ပြန်လည်ကိုးကား၍ ဟောကြားခြင်းကို တွေ့ရပါမည်။

အန ၃.၃၄: နိဒါနသုတ်Causes [Thanissaro] 
လောဘ ဒေါသ မောဟတို့ဖြင့် ပြုလုပ်သောကံတို့ကြောင့် ယခုဘဝ သို့မဟုတ် နောင်ဘဝတို့၌ အကျိုးဆက်ကို ခံစားရသည်။ ရဟန္တာတို့ပြုလုပ်သောကံသည် လောဘ ဒေါသ မောဟကင်းသောကြောင့် အကျိုးဆက်မဖြစ်။

အန ၃.၃၅: ဟတ္ထကသုတ်To Hatthaka [Thanissaro (excerpt)] [Bodhi]
မြတ်စွာဘုရားသည် လောဘ ဒေါသ မောဟ ကင်းသောကြောင့် ကြမ်းတမ်းသောရာသီဥတု၌ သစ်တောထဲအိပ်စက်ရသော်လည်း ချမ်းသာစွာ ကျိန်းစက် ရသည်။

အန ၃.၃၉: သုခုမာလသုတ်Refinement [Thanissaro] [Bodhi]
ဘုရာလောင်း မင်းသားဘဝ၌ ချမ်းသာစွာနေရသော်လည်း အိုခြင်း၊ နာခြင်း၊ သေခြင်းကို ဆင်ခြင်မိသောကြောင့် မာန်တက်ခြင်း ကင်းပျောက်ခဲ့ရပုံကို ဟောကြားထားပါသည်။

အန ၃.၄၀: အာဓိပတေယျသုတ်Governing Principles [Thanissaro] [Bodhi]
တရားကျင့်ကြံသောသူတို့ အကြီးအမှူးပြု၍ နေအပ်သော တရား၃ပါးကို ဟောကြားထားပါသည်။ “မကောင်းမှုကို ပြုသူ၏ ဆိတ်ကွယ်ရာ အရပ်မည်သည် လောက၌ မရှိ။ မှန်သည်လည်း ဖြစ်စေ၊ မှားသည်လည်း ဖြစ်စေ အကြင် အမှုကို သင်ပြု၏၊ ထို သင်ပြုသော အမှုကို မိမိကိုယ်တိုင် သိ၏။”

အန ၃.၄၇: သင်္ခတလက္ခဏာသုတ်Fabricated [Thanissaro] [Bodhi]
အကြောင်းတရားတို့ စုပေါင်းပြုအပ်သောသဘော “သင်္ခတ”တရားတို့၏ အမှတ်လက္ခဏာ တို့ကို ဟောကြားထားပါသည်။

အန ၃.၄၈: အသင်္ခတလက္ခဏာသုတ်Fabricated [Thanissaro] [Bodhi]
“အသင်္ခတ”တရားတို့၏ အမှတ်လက္ခဏာ တို့ကို ဟောကြားထားပါသည်။

အန ၃.၄၉: ပဗ္ဗတရာဇသုတ်A Mountain [Thanissaro] [Bodhi]
မိသားစု ကြီးပွားတိုးတက်ခြင်း၏ အကြောင်းအရင်းကို ဟောကြားထားပါသည်။

အန ၃.၅၂: ပဌမ ဒွေဗြာဟ္မဏသုတ်Two People (1) [Thanissaro] [Bodhi]
အသက်အရွယ်ကြီးရင့်ပြီးသော ပုဏ္ဏားနှစ်ယောက်ကို နောင်ဘဝအတွက် မည်သို့ပြင်ဆင်သင့်ကြောင်း ဟောကြားထားသော သုတ်ဖြစ်သည်။

အန ၃.၅၃: ဒုတိယ ဒွေဗြာဟ္မဏသုတ်Two People (2) [Thanissaro] [Bodhi]
အသက်အရွယ်ကြီးရင့်ပြီးသော ပုဏ္ဏားနှစ်ယောက်ကို နောင်ဘဝအတွက် မည်သို့ပြင်ဆင်သင့်ကြောင်း ဟောကြားထားသော သုတ်ဖြစ်သည်။

အန ၃.၅၈: ဝစ္ဆဂေါတ္တသုတ်To Vaccha [Thanissaro] [Bodhi]
အလှူဒါန၏ အကျိုးကို အသေးစိတ်ဟောထားသော သုတ်ဖြစ်သည်။ မြတ်စွာဘုရားသည် မိမိနှင့် မိမိ၏တပည့်များကိုသာလှူသင့်သည်ဟု မည်သည့်အခါမျှ မပြောခဲ့ပါ။ အလှူတိုင်းသည် အကျိုးရှိသော်လည်း အချို့အလှူတို့သည် ပို၍ အကျိုးရှိပါသည်။

အန ၃.၆၁: သင်္ဂါရဝသုတ်To Sangarava [Thanissaro]  [Bodhi]
တစ်ပါးတည်း တရားကျင့်ခြင်းသည် တစ်ကိုယ်ကောင်းဆန်ခြင်းဖြစ်သည်ဟု စွပ်စွဲသော ပုဏ္ဏားတစ်ဦးကို ဆုံးမသော သုတ်ဖြစ်သည်။

  အန ၃.၆၂: တိတ္ထာယတနသုတ်Sectarians [Thanissaro] [Bodhi]
ကြုံဆုံသမျှ ချမ်းသာ ဆင်းရဲသည် အတိတ်က ပြုခဲ့သော ကံကြောင့်လား၊ ဖန်ဆင်းရှင် တန်ခို:ရှင်ကြောင့်လား သို့မဟုတ် ဖြစ်ခြင်သလို အကြောင်းအကျိုးမရှိ ဖြစ်နေသလား။ ဤသုတ်တွင် မြတ်စွာဘုရားက ရှင်းလင်းထားပါသည်။

အန ၃.၆၃: ဘယသုတ်Dangers [Thanissaro] [Bodhi]
မီးဘေး ရေဘေး သူပုန်ဘေးတို့ကြောင့် သားအမိ ကွဲကြသည်ဟု ဆိုကြသည်။ အမှန်မှာ အိုဘေး နာဘေး သေဘေးကြောင့် သားအမိ ကွဲကွာကြရသည်။ ထိုဘေးရန်တို့မှ ကျော်လွန်နိုင်သော နည်းလမ်းကို ဟောကြားထားပါသည်။

  အန ၃.၆၆: ကေသမုတ္တိသုတ် – The Instruction to the Kalamas/To the Kalamas [Soma | Thanissaro]
ဗုဒ္ဓဘာသာ မဟုတ်သော သူများပင် အလေးအနက် ချီးမွမ်းပြောဆိုသော အလွန်အသိများသော  ကာလာမသုတ်ဖြစ်သည်။ မိမိအယူဝါဒသာ မှန်သည်ဟု ပြောဆိုနေကြသော ဆရာများ၏ အယူကို မည်သည့် အချက်များဖြင့် လက်ခံရမည်နည်း။

  အန ၃.၆၇: သာဠှသုတ်To Salha [Ñanamoli]
အရှင် နန္ဒကမထေရ်က မြတ်စွာဘုရားဟောထားသော ကာလာမသုတ်ကို မှီ၍ ဟောထားခြင်းဖြစ်သည်။ လောဘဟူသည် “အဘိဇ္ဈာ”၊ ဒေါသဟူသည် “ဗျာပါဒ”၊ မောဟဟူသည် “အဝိဇ္ဇာ”ဟူ၍ ရှင်းထားသည်ကို တွေ့ရပါမည်။

အန ၃.၆၈: ကထာဝတ္ထုသုတ်Topics for Discussion [Thanissaro]
စကားဆွေးနွေးပြောဆို၍ သင့်သောသူနှင့် မသင့်သောသူ ခွဲခြားနည်းကို လက်တွေ့ကြ ကျင့်သုံးနိုင်ရန် ဟောကြားထားပါသည်။ အလွန်ကြည်ညိုဖွယ်ကောင်း၍ အပြန်ပြန်အလဲလဲ သုံးသပ်သင့်သော သုတ်ဖြစ်ပါသည်။

အန ၃.၆၉: အညတိတ္ထိယသုတ် Sectarians [Thanissaro]
ရာဂ၊ ဒေါသ နှင့် မောဟတို့သည် မည်သို့ကွဲပြားကြသနည်း။ ဖြစ်ပေါ်ရသော အကြောင်းက အဘယ်နည်း။ ချုပ်ပျောက်ရသော အကြောင်းက အဘယ်နည်း။

အန ၃.၇၀: အကုသလမူလသုတ် Roots [Thanissaro]
လူလူချင်း သတ်ဖြတ်ခြင်း၊ ဆုံးရှုံးစေခြင်း၊ ကဲ့ရဲ့ခြင်း၊ နှင်ထုတ်ခြင်း စသည်တို့၏ အကြောင်းအရင်းသည် အဘယ်နည်း။

အန ၃.၇၁: ဥပေါသထသုတ်The Roots of the Uposatha [Thanissaro]
မြတ်စွာဘုရား အလိုတော်အရ ဥပုသ်စောင့်ခြင်းသည် အဘယ်နည်း။ ဤသုတ်တွင် ဥပုသ်စောင့်နည်းကို အသေးစိတ်ဟောထားပါသည်။

အန ၃.၇၂: ဆန္နသုတ် To Channa the Wanderer [Thanissaro]
အဘယ်ကြောင့် ရာဂ ဒေါသ နှင့် မောဟကို ပယ်ရမည်ဟုဆိုသနည်း။ ပယ်လျှင် မည်သို့အကျိုးရှိမည်နည်း။

အန ၃.၇၃: အာဇီဝကသုတ်To the Fatalists’ Student [Thanissaro]
အရှင်အာနန္ဒာက အဘယ်တရားသည် တရားကောင်းဖြစ်သနည်းဟု မေးလျှောက်သော စကားကို ကျွမ်းကျင်စွာ ဖြေဆိုထားပါသည်။

အန ၃.၇၄: မဟာနာမသက္ကသုတ်To the Sakyan [Thanissaro]
သာကီဝင်မင်း မဟာနာမ်က နေကောင်းတော်မူစ မြတ်စွာဘုရားအား ဉာဏ်နှင့် သမာဓိ မည်သည်က အရင်ဖြစ်သနည်းဟု မေးလျောက်သော အကြောင်းဖြစ်သည်

အန ၃.၇၇: ပဌမ ဘဝသုတ်Becoming (1) [Thanissaro]
ဘဝသုံးပုံ၌ နောင်တစ်ဖန် ဘဝဖြစ်တည်ရခြင်း အကြောင်းအရင်းကို ဝိညာဉ်တည်ခြင်းကြောင့်ဟု ဟောကြားထားပါသည်။

အန ၃.၇၈: ပဌမ ဘဝသုတ်Becoming (2) [Thanissaro]
ဘဝသုံးပုံ၌ နောင်တစ်ဖန် ဘဝဖြစ်တည်ရခြင်း အကြောင်းအရင်းကို စေတနာတည်ခြင်း ကြောင့်ဟု ဟောကြားထားပါသည်။

အန ၃.၇၉: သီလဗ္ဗတသုတ် Precept & Practice [Thanissaro]
အယူဝါဒအားလုံးသည် ကောင်းကျိုးကိုဖြစ်စေနိုင်ပါသလား။ အရှင်အာနန္ဒာက မြတ်စွာဘုရား၏ အမေးကို ဖြေကြားထားပါသည်။

အန ၃.၈၁: စူဠနိုကာသုတ်
ယခုခေတ်နည်းပညာဖြင့် စကြဝဋ္ဌာ (Galaxy) အများအပြားတွေ့ရှိခြင်း၊ ဤကမ္ဘာနှင့်တူသော ဂြိုလ်များ အများအပြားတွေ့ရှိခြင်းကို သတင်းများတွင် ဖော်ပြနေကြပါသည်။ ဤသုတ်တွင် မြတ်စွာဘုရားက အလားတူ ရှင်းပြထားပြီး ထိုစကြဝဋ္ဌာများထိ အရောင် အလင်း ဖြင့် အသံကို ပို့နိုင်ကြောင်း ဟောကြားထားပါသည်။ သုတ်များတွင် ငါးရာ တစ်ထောင် စသည်ဖြင့် အရေအတွက်ကို ဖော်ပြလေ့ရှိပါသည်။ ငါးရာ တစ်ထောင်စသည်တို့မှာ အတိအကျ ယူရန်မဟုတ် ပမာဏ ကို ဖော်ပြခြင်းဖြစ်သည်။

အန ၃.၈၃: ဂဒြဘသုတ်The Donkey [Thanissaro]
ရဟန်းတရားကို အားမထုတ်ပဲ ရဟန်းသံဃာကြားနေရုံဖြင့် ရဟန်းမဖြစ်ပုံကို မြည်းဥပမာဖြင့် ဟောထားပါသည်။

အန ၃.၈၅: ဝဇ္ဇိပုတ္တသုတ်The Vajjian Monk [Thanissaro]
ပါတိမောက် သိက္ခာပုဒ် ၁၅၀ ကျော် တို့ကို လိုက်နာရန် ခက်ခဲနေသော ဝဇ္ဇီမင်းသား ရဟန်းတစ်ပါးကို မြတ်စွာဘုရားက သိက္ခာပုဒ် သုံးမျိုးဖြင့် ပြောင်းလဲလိုက်နာရန် ဟောကြားသော သုတ်ဖြစ်သည်။

အန ၃.၈၇: ပဌမ သိက္ခာသုတ်One in Training (1) [Thanissaro]
ပါတိမောက် သိက္ခာပုဒ် ၁၅၀ ကျော်တို့သည် သိက္ခာပုဒ် သုံးမျိုးတွင် အကျုံးဝင်သည်။

အန ၃.၈၈: ဒုတိယ သိက္ခာသုတ်One in Training (2) [Thanissaro]
သောတာပန် ၃မျိုး၊ အနာဂါမ် ၅ မျိုးရှိကြောင်း ဟောကြားထားပါသည်။

အန ၃.၉၀: ပဌမ သိက္ခတ္တယသုတ်Trainings (1) [Thanissaro]
ပါတိမောက် သိက္ခာပုဒ် ၁၅၀ ကျော်တို့ပါဝင်သော သိက္ခာပုဒ် သုံးမျိုးကို ဖွင့်ဆိုထားပါသည်။

အန ၃.၉၁: ဒုတိယ သိက္ခတ္တယသုတ်Trainings (2) [Thanissaro]
ပါတိမောက် သိက္ခာပုဒ် ၁၅၀ ကျော်တို့ပါဝင်သော သိက္ခာပုဒ် သုံးမျိုးကို ဖွင့်ဆိုထားပါသည်။

အန ၃.၉၃: အစ္စာယိကသုတ်Urgent [Thanissaro]
လယ်သမားတို့သည် ယနေ့ပျိုးကြဲပြီး မနက်ဖြန်စပါးပင် ပေါက်စေ၍ သန်ဘက်ခါမှည့်စေရန် မတတ်နိုင်သကဲ့သို့ ရဟန်းတို့သည် မည်သည့်အချိန် အာသဝေါ ကင်းမည်ဟု ကြို၍ မသိနိုင်။ ထို့ကြောင့် သိက္ခာပုဒ် သုံးမျိုးကို စောင့်စည်း၍ အားထုတ်ကြရန် ဟောကြားထားပါသည်။

အန ၃.၉၇: ပဌမ အာဇာနီယသုတ်The Thoroughbred [Thanissaro]
မည်သည့် အရည်အသွေးနှင့် ပြည့်စုံသော ရဟန်းကို ပေးလှူပူဇော်ရန် ထိုက်တန်ပါသနည်း။

အန ၃.၁၀၁: လောဏကပလ္လသုတ်The Salt Crystal [Thanissaro]
ပြုလုပ်သော ကံခြင်းတူပါလျက် လူတစ်ဦးနှင့် တစ်ဦး အကျိုးပေးမတူရခြင်း အကြောင်းကို ဟောကြားထားပါသည်။

အန ၃.၁၀၂: ပံသုဓောဝကသုတ်The Dirt-washer [Thanissaro]
ရွှေကို တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်သော ရွှေပန်းထိမ်သည် ဥပမာဖြင့် ကိလေသာတို့ကို တဖြည်းဖြည်းချင်း လျော့နည်းအောင် ကျင့်ကြံရသည်ဟု ဟောကြားထားပါသည်။

အန ၃.၁၀၃: နိမိတ္တသုတ်Themes [Thanissaro]
သမာဓိ ဝီရိယနှင့် ဥပေက္ခာကို သင့်တော်သလို ပြောင်းလဲနှလုံးသွင်းရပုံကို ရွှေပန်းထိမ်သည် ဥပမာဖြင့် ဟောကြားထားပါသည်။

  အန ၃.၁၁၀: အရက္ခိတသုတ်The Peak of the Roof [Thanissaro]
ကိုယ့်စိတ်ကို မစောင့်ရှောက်လျှင် အမိုးယိုသော အိမ်ကဲ့သို့ ကိုယ်၊ နှုတ်၊ နှလုံးတို့ ဆွေးမြည့်၍ ကောင်းသောလားရာ မရောက်ဟု ဟောကြားထားပါသည်။

အန ၃.၁၂၃: မောနေယျသုတ်Sagacity [Thanissaro]
မည်သို့သောပုဂ္ဂိုလ်ကို မောနေယျဂုဏ်နှင့် ပြည့်စုံသည်ဟု ဆိုသနည်း။

အန ၃.၁၂၆: ဂေါတမကစေတိယသုတ်At Gotamaka Shrine [Thanissaro]
မြတ်စွာဘုရားသည် ကိုယ်တိုင်သိသော တရားတို့ကို ဟောခြင်းဖြစ်သည်။ တဆင့်စကားဖြင့် ကြားသော တရားတို့ကို ဟောခြင်း မဟုတ်။

အန ၃.၁၂၉: ကဋုဝိယသုတ်Putrid [Thanissaro]
သတိလွတ်၍ သမာဓိကင်းနေသော ရဟန်းတစ်ပါးကို ဆုံးမသော သုတ်ဖြစ်သည်။

အန ၃.၁၃၀: ပဌမ အနုရုဒ္ဓသုတ်
ဤစိတ်ထား သုံးမျိုးဖြင့် သေဆုံးပါက ငရဲသို့ ရောက်နိုင်သည်။

အန ၃.၁၃၁: ဒုတိယ အနုရုဒ္ဓသုတ်
နတ် မျက်စိနှင့် တူသော ‘ဒိဗ္ဗစက္ခု’ ကို အာရုံထားခြင်းကြောင့် နိဗ္ဗာန် မရောက်နိုင်သော အရုင် အနုရုဒ္ဓ ကို အရှင် သာရိပုတြာက ဆုံးမသော သုတ်ဖြစ်သည်။ အရှင်အနုရုဒ္ဓသည် “ဒိဗ္ဗစက္ခုအဘိညာဉ် ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

အန ၃.၁၃၃: လေခသုတ်Inscriptions [Thanissaro]
ဒေါသကို ထိန်းသိမ်းထားပုံ မတူသော လူ ၃ မျိုးအကြောင်းကို ဟောကြားထားပါသည်။

အန ၃.၁၃၇: ဥပ္ပါဒါသုတ် The Discourse on the Orderliness of the Dhamma [Thanissaro]
ဘုရားပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ အနိစ္စ ဒုက္ခ အနတ္တ တရားတို့သည် ရှိနေသည်။ မြတ်စွာဘုရားက ဉာဏ်ဖြင့် ထိုးထွင်းသိ၍ ပြန်လည် ဟောကြားခြင်းဖြစ်သည်။