၁၀ – ဒသကနိပါတ်

ဒသကနိပါတ် – Book of the Tens

အန ၁၀.၆: သမာဓိသုတ်Concentration [Thanissaro]  [Bodhi]
နိဗ္ဗာန်ကို ရရှိနေခိုက်တွင် ရှိသော သမာဓိ အကြောင်းကို ဟောကြားထားပါသည်။

အန ၁၀.၇: သာရိပုတ္တသုတ်With Sariputta [Thanissaro]  [Bodhi]
နိဗ္ဗာန်ကို ရရှိနေခိုက်တွင် ရှိသော သမာဓိ အကြောင်းကို ဟောကြားထားပါသည်။

အန ၁၀.၁၃: သံယောဇနသုတ်Fetters [Thanissaro]  [Bodhi]
သံသရာ လည်စေတတ်သော သံယောဇဉ် ၁၀ မျိုးကို ဖော်ပြထားပါသည်။ ရဟန္တာတွင် ၁၀ မျိုးလုံးပြတ်၍ အနာဂါမ်တွင် အောက်ပိုင်း ၅ မျိုးပြတ်ပါသည်။

အန ၁၀.၁၅: အပ္ပမာဒသုတ်Heedfulness [Thanissaro]  [Bodhi]
ကုသိုလ်တရားများတွင် မမေ့လျော့မှု ‘အပ္ပမာဒ’သည် အမြတ်ဆုံးဖြစ်ကြောင်းကို ဥပမာ ၁၀ မျိုးဖြင့် ဟောကြားထားပါသည်။

အန ၁၀.၁၇: ပဌမ နာထသုတ်Protectors [Thanissaro][Bodhi]
ရဟန်းတို့ မှီခိုအားထားသင့်သော တရား ၁၀ မျိုးကို ဟောကြားထားပါသည်။

  အန ၁၀.၂၀: ဒုတိယ အရိယာဝါသသုတ်Dwellings of the Noble Ones [Thanissaro]  [Bodhi]
အရိယာမှန်သမျှ ကျင့်သုံးသော တရား ၁၀ မျိုး။

အန ၁၀.၂၄: မဟာစုန္ဒသုတ်Cunda  [Thanissaro]  [Bodhi]
တရားသိသည် သမာဓိတည်သည် ဆိုပြီး လောဘ ဒေါသ မောဟ နှင့် အခြားကိလေသာများ ရှိနေလျှင် အပြောနှင့် အလုပ်မညီ။ ဆင်းရဲသားက မိမိကိုယ်ကို သူဌေးဟု ဆိုခြင်းနှင့် တူသည်။

အန ၁၀.၂၇: ပဌမ မဟာဉှာသုတ်The Great Questions [Nyanaponika (excerpt)]  [Bodhi]
သုတ်များစွာသို့တွင် ရဟန်းများနှင့် မြတ်စွာဘုရားသည် အခြားအယူရှိသော ရဟန်းများထံသို့ ကြွ၍ အယူအဆ ဆွေးနွေးခြင်းကို ပြုလုပ်လေ့ရှိပါသည်။ အလားတူ အခြားအယူရှိသော ရဟန်းများကလည်း မြတ်စွာဘုရားထံသို့ ကြွ၍ တရားမေးမြန်းခြင်းကို ပြုလုပ်လေ့ရှိပါသည်။ မိမိနှင့် အယူအဆမတူကြသော်လည်း တစ်ပါးကိုတစ်ပါး လေးစားစွာဆက်ဆံ ကြသော အလေ့အထကို မြတ်နိုးဖွယ်တွေ့ရပါသည်။ ဤသုတ်တွင် ရဟန်းများက အခြားအယူရှိသော လည့်လည်သောရဟန်းများ(ပရိဗိုဇ်) ထံသို့ ကြွသွားသောကြောင့် တရားဆွေးနွေးမှု ဖြစ်ပေါ်လာပုံကို ဖော်ပြထားပါသည်။

အန ၁၀.၂၉: ပဌမ ကောသလသုတ်The Kosalan [Thanissaro] [Bodhi]
လောကတွင် မည်သည့်အရာမျှ အမြဲမတည်တံ့နိုင်။ ထို့ကြောင့် တပ်မက်ခြင်းကင်းရန် ၁၀ မျိုးသော အကြောင်းအရာဖြင့် ဟောကြားထားသော သုတ်ဖြစ်သည်။

အန ၁၀.၄၆: သက္ကသုတ်To the Sakyans (on the Uposatha) [Thanissaro]
သက္ကတိုင်းသားများကို ဥပုသ်စောင့်ခြင်း၏ အရေးကြီးပုံကို ဟောကြားထားပါသည်။ မြတ်စွာဘုရားသည်လည်း သာကီဝင် သက္ကတိုင်းသားဖြစ်ပါသည်။

အန ၁၀.၄၈: ပဗ္ဗဇိတအဘိဏှသုတ် – Discourse on The Ten Dhammas/Ten Things [Piyadassi | Thanissaro] ရဟန်းတို့ ကိုယ့်ကိုယ်ကို မပြတ်ဆင်ခြင် သုံးသပ်သင့်သော တရား ၁၀ ပါး။

အန ၁၀.၅၁: သစိတ္တသုတ်One’s Own Mind [Thanissaro] [Bodhi]
ငယ်ရွယ်သော လူပျို အပျိုများ မှန်ရှေ့တွင် သေချာစွာကြည့်၍ မိမိကိုယ်ကို သန့်ရှင်းစွာထားသကဲ့သို့ မိမိစိတ်ကို စောင့်ကြည့် တတ်ရမည်ဟု ဟောကြားထားပါသည်။

အန ၁၀.၅၄: သမထသုတ်With Regard to Tranquility [Thanissaro][Bodhi]
ငယ်ရွယ်သော လူပျို အပျိုများ မှန်ရှေ့တွင် သေချာစွာကြည့်၍ မိမိကိုယ်ကို သန့်ရှင်းစွာထားသကဲ့သို့ မိမိစိတ်ကို သမထနှင့်ဝိပဿနာ နှစ်ခုလုံးရမရ စောင့်ကြည့် တတ်ရမည်ဟု ဟောကြားထားပါသည်။

အန ၁၀.၅၈: မူလကသုတ် Rooted [Thanissaro][Bodhi]
အလိုဆန္ဒတိုင်းသည် မကောင်းဟု ယူဆခြင်းသည် မမှန်ပါ။ နိဗ္ဗာန်သည်ပင် အလိုဆန္ဒ အခြေခံ ရှိရသည်။

အန ၁၀.၆၀: ဂိရိမာနန္ဒသုတ် – Discourse to Girimananda Thera/To Girimananda [Piyadassi | Thanissaro]
[Bodhi]
နေမကောင်းဖြစ်နေသော အရှင်ဂိရိမာနန္ဒကို သညာ ၁၀ မျိုး ရှုနည်းဟောကြားထားပါသည်။

အန ၁၀.၆၁: အဝိဇ္ဇာသုတ်Ignorance [Bodhi]
အသိဉာဏ် “ဝိဇ္ဇာ”၊ လွတ်မြောက်မှု “ဝိမုတ္တိ”၊ သတိပဋ္ဌာန် ၄ ပါး၊ ဗောဇ္ဈင် ၇ ပါး ဆက်စက်ပုံကို ဟောကြားထားပါသည်။

အန ၁၀.၆၅: ပဌမ သုခသုတ်First Discourse on the Pleasant [Nizamis]
အရှင်သာရိပုတြာက ဘဝသစ်ပြန်လည်၍ မဖြစ်ခြင်း၏ အကျိုးများကို ဟောကြားထားပါသည်။

အန ၁၀.၆၆: ဒုတိယ သုခသုတ် Second Discourse on the Pleasant [Nizamis]
အရှင်သာရိပုတြာက တရားတော်၌ ပျော်မွေ့ခြင်း၏ အကျိုးများကို ဟောကြားထားပါသည်။

အန ၁၀.၆၉: ပဌမ ကထာဝတ္ထုသုတ်Topics of Conversation (1) [Thanissaro]
မြတ်စွာဘုရားက စကားပြောဆိုနေသော ရဟန်းတို့အား ရောက်တတ်ရာရာ စကားများပြောဆိုမည့်အစား ဤ ၁၀ မျိုးကို ပြောင်းလဲပြောဆိုရန် ဟောကြားထားသော သုတ်ဖြစ်သည်။

အန ၁၀.၇၀: ဒုတိယ ကထာဝတ္ထုသုတ်Topics of Conversation (2) [Thanissaro]
မြတ်စွာဘုရားက စကားပြောဆိုနေသော ရဟန်းတို့အား ရောက်တတ်ရာရာ စကားများပြောဆိုမည့်အစား ဤ ၁၀ မျိုးကို ပြောင်းလဲပြောဆိုရန် ဟောကြားထားသော သုတ်ဖြစ်သည်။

အန ၁၀.၇၁: အာကင်္ခသုတ်Wishes [Thanissaro]
သမထနှင့် ဝိပဿနာတို့အစုံလိုက် ထူထောင်ခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားထားပါသည်။

အန ၁၀.၈၀: အာဃာတပဋိဝိနယသုတ်Hatred [Thanissaro]
အမုန်း ရန်ငြိုးပြေနည်း ၁၀ မျိုးကို ဟောကြားထားပါသည်။

အန ၁၀.၈၁: ဝါဟနသုတ်To Bahuna [Thanissaro]
မြတ်စွာဘုရား၏ စိတ်တော်  မည်သည့်အရာတို့မှ လွတ်ကင်းသည်ကို ဖော်ပြထားပါသည်။

အန ၁၀.၉၂: ဘယသုတ်Animosity [Thanissaro]
မြတ်စွာဘုရားက အနာထပိဏ်သူဌေးကို သောတာပန်တို့၏ သီလနှင့် အကျိုးများကို ဟောကြားထားပါသည်။

အန ၁၀.၉၃: ကိံဒိဋ္ဌိကသုတ်Views [Thanissaro]
အနာထပိဏ်သူဌေးက အခြားအယူရှိသော လှည့်လည်သောရဟန်းများအား မှန်ကန်သောအမြင် “သမ္မဒိဋ္ဌိ”ကို ရှင်းပြသော အကြောင်းဖြစ်သည်။

အန ၁၀.၉၄: ဝဇ္ဇိယမာဟိတသုတ် About Vajjiya [Thanissaro]
ဝဇ္ဇိယမာဟိတသူကြွယ်က အခြားအယူရှိသော လည့်လည်သောရဟန်းများအား မြတ်စွာဘုရားသည် အခြားအယူဝါဒအားလုံးကို ကဲ့ရဲ့ခြင်းမရှိကြောင်းကို ရှင်းပြသော အကြောင်းဖြစ်သည်။

အန ၁၀.၉၅: ဥတ္တိယသုတ်To Uttiya [Thanissaro]
တရားတော်သည် သတ္တဝါအားလုံး သို့မဟုတ် ထက်ဝက် သို့မဟုတ် သုံးပုံတစ်ပုံ လွတ်မြောက်ရေးအတွက် ဖြစ်ပါသလားဟု မေးလျှောက်သော သုတ်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် မည်၍ မည်မျှ လွတ်မြောက်ရေးကို ကြောင့်ကြမှု မဖြစ်ကြောင်း ဖော်ပြထားပါသည်။

အန ၁၀.၉၆: ကောကနုဒသုတ်To Kokanuda [Thanissaro]
လှည့်လည်သော ရဟန်းတပါးက အရှင်အာနန္ဒာကို သက္ကယ မကင်းသော မေးခွန်းများ မေးလျှောက်သော အကြောင်း ဖြစ်သည်။

အန ၁၀.၁၀၃: မိစ္ဆတ္တသုတ်Wrongness [Thanissaro]
မှန်ကန်သောအမြင် “သမ္မာဒိဋ္ဌိ”သည် အရေးကြီးဆုံးနှင့် ရှေ့ဆောင် အဖြစ်ဆုံးဖြစ်သည်။

အန ၁၀.၁၀၄: ဗီဇသုတ်The Seed [Thanissaro]
မှန်ကန်သောအမြင် “သမ္မာဒိဋ္ဌိ”သည် အရေးကြီးဆုံးနှင့် ရှေ့ဆောင် အဖြစ်ဆုံးဖြစ်ကြောင်းကို မျိုးစေ့ ဥပမာဖြင့် ဟောကြားထားပါသည်။

အန ၁၀.၁၀၈: တိကိစ္ဆကသုတ်A Purgative [Thanissaro]
မှန်ကန်သောအမြင် “သမ္မာဒိဋ္ဌိ”သည် အရေးကြီးဆုံးနှင့် ရှေ့ဆောင် အဖြစ်ဆုံးဖြစ်ကြောင်းကို ဆေးဆရာနှင့် ဝမ်းနုတ်ဆေး ဥပမာဖြင့် ဟောကြားထားပါသည်။

အန ၁၀.၁၁၈: သြရိမ တီရသုတ်The Near Shore [Nizamis]
အရိယာမဂ်ဖြင့် နိဗ္ဗာန်ရောက်ပုံကို ကမ်းတဖက်မှ အခြားကမ်းတဖက်သို့ရောက်ပုံဖြင့် ဟောကြားထားပါသည်။

  အန ၁၀.၁၇၆: စုန္ဒသုတ်To Cunda the Silversmith [Thanissaro]
မိမိကိုယ်ကို စင်ကြယ်အောင် ကျင့်ကြံခြင်းသည် ဝတ်ပြုခြင်း၊ ရှေးထုံးစဉ်လာအတိုင်း ပူဇော်ပသခြင်းများဖြင့် မဆိုင်၊ မိမိ၏ ကိုယ် နှုတ်  နှလုံးကို စောင့်ရှောက်ခြင်းဖြင့်သာ စင်ကြယ်ရသည်။

အန ၁၀.၁၇၇: ဇဏုေဿာဿာဏိသုတ်To Janussonin [Thanissaro]
သေဆုံးသွားသော ဆွေမျိုးများကို ရည်ဇူး၍ လှူသောအလှူသည် ဆွေမျိုးများထံသို့ ရောက်မရောက် မေးလျှောက်သော အကြောင်းဖြစ်သည်။

အန ၁၀.၂၁၉: ကရဇကာယသုတ်The Sublime Attitudes [Thanissaro]
ဗြဟ္မာဝိဟာရ(မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ကို ထိုးထွင်း၍ လွတ်မြောက်နိုင်လျှင် ရဟန္တာ သို့မဟုတ် အနာဂါမ် ဖြစ်နိုင်ကြောင်း ဟောကြားထားပါသည်။