ဒီဃနိကာယ်

ဒီဃနိကာယ် (Long Discourses)
ဒီဃနိကာယ် (Long Discourses)သည် သုတ္တန်ပိဋကတော်ရှိ နိကာယ်ငါးစုမှ ပထမဆုံး နိကာယ်ဖြစ်သည်။ ဒီဃနိကာယ်တွင် သုတ်ပေါင်း ၃၄ သုတ်ပါဝင်ပြီး သီလက္ခန္ဓဝဂ်၊ မဟာဝဂ်၊ ပါထိကဝဂ်ဟူ၍ အုပ်စု သုံးစု ထက်မံခွဲထားပါသည်။ ဒီဃနိကာယ်ရှိ ထင်ရှားသော သုတ်များမှာ ဒန ၁၆: မဟာပရိနိဗ္ဗာနသုတ်( မြတ်စွာဘုရား၏ သက်တော်ကြီးရင့်ပြီးအချိန်နှင့် ပရိနိဗ္ဗာန်စံခါနီးအချိန်တို့၏ မှတ်တန်း)၊ ဒန ၃၁: သိင်္ဂါလသုတ် (ဗုဒ္ဓဘာသာ လူဝတ်တို့စောင့်စည်းရမည့် သီလနှင့်ကျင့်ဝတ်များ)၊ ဒန ၂: သာမညဖလသုတ် (ရဟန်းဘဝရရှိခြင်း၏ အကျိုးများနှင့် ကျင့်သုံးရမည့် တရားများ)၊ ဒန ၁: ဗြဟ္မဇာလသုတ် (မြတ်စွာဘုရားလက်ထက်တော်မှ ခေတ်ပြိုင်အယူအဆများ) စသည်ဖြင့်ပါရှိပါသည်။

 

သီလခက္ခန်ဝဂ် – The Division Concerning Morality

ဒန ၁: ဗြဟ္မဇာလသုတ်The All-embracing Net of Views [Bodhi]
ဤသုတ်တွင် မြတ်စွာဘုရားခေတ်မှ များစွာသော အမှန်တရားရှာဖွေနေသူများ၏ ၆၂မျိုးသော ခေတ်ပြိုင်အယူအဆများနှင့် ဗုဒ္ဓအယူဝါဒ မတူပုံတို့ကို တွေ့ရပါမည်။

ဒန ၂: သာမညဖလသုတ် The Fruits of the Contemplative Life [Thanissaro] [Bodhi]
ရဟန်းဘဝ၏ မျက်မှောက်အကျိုးများကို မြတ်စွာဘုရားက အဇာတသတ်မင်းအား ရှင်းလင်းသော ဥပမာများနှင့်တကွ ဟောကြားတော်မူသော တရားတော်ဖြစ်ပါသည်။ ဤသုတ်တွင် ဈာန်သမာပတ်များ ဉာဏ်စဉ်များမှတဆင့် ရဟန္တာဘဝ ရရှိပုံကို တွေ့ရပါမည်။

ဒန ၉: ပေါဋ္ဌပါဒသုတ်About Potthapada [Thanissaro]
ပေါဋ္ဌပါဒပရိဗိုဇ်သည် မြတ်စွာဘုရားအား သညာချုပ်ခြင်းအကြာင်းကိုမေးလျှောက်၍ အကြောင်းနှင့်တကွ သညာချုပ်ခြင်း ဖြစ်ခြင်းအပြင် နိဗ္ဗာန်ရောက်ကြောင်း တရားများကို ဟောကြားသော သုတ်ဖြစ်ပါသည်။

ဒန ၁၁: ကေဝဋ္ဋသုတ်To Kevatta [Thanissaro]
ကေဝဋ္ဋသူဌေးက မြတ်စွာဘုရားအား လူအကြည်ညိုတိုးပွားစေရန် တန်ခိုးပြဖို့ လျှောက်ထားရာ ထိုအရာတို့သည် စက်ဆုပ်ဖွယ်ဟု ဆုံးမ၍ တန်ခိုးများတွင် သွန်သင်ဆုံးမနိုင်သောတန်ခိုး(miracle of instruction) အကြာင်းကို ဆုံးမထားပါသည်။

ဒန ၁၂: လောဟိစ္စသုတ်To Lohicca [Thanissaro]
လောဟိစ္စပုဏ္ဏား၏ ဆရာသမားများအပေါ်ထားသော မှားသော အယူအဆကို ဆုံးမသော သုတ်ဖြစ်ပါသည်။

 

မဟာပဒါနဝဂ် – The Large Division

  ဒန ၁၅: မဟာနိဒါနသုတ်The Great Causes Discourse [Thanissaro] [Bodhi]
ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အသေးစိတ် ဟောကြားသော သုတ်ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို စတင်ထိုးဖောက်နားလည်လာ၍ လွယ်သည်ဟုဆိုသော အရှင်အာနန္ဒာကို မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ် တရားတော်သည် အလွန်နက်နဲ သိမ့်မွေ့၍ တရားတော်ကို မသိသောကြောင့် သတ္တဝါတို့ သံသရာ ကျင်လည်ကြသည်ဟု ဟောကြားထားပါသည်။ ဤတရားတော်တွင် လက်နက်စွဲကိုင်၍ ရန်ဖြစ်ခြင်း ငြင်းခုံခြင်းတို့၏ မူလအကြာင်းအရင်းကို ဟောထားပါသည်။

ဒန ၁၆: မဟာပရိနိဗ္ဗာနသုတ် – Last Days of the Buddha [Vajira/Story | Thanissaro (excerpt)]
ဤသုတ်သည် သုတ္တန်ပိဋကတော်တွင် အရှည်ဆုံးသုတ်ဖြစ်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံမှီအချိန်မှ အကြောင်းများကို မှတ်တန်းတင်ထားပါသည်။ ဤသုတ်တွင် တိုင်းပြည်တစ်ခု၏ တိုးတက်ရခြင်းအကြောင်းမှစ၍ သံဃာတော်တို့အား ဓမ္မကိုသာ ဆရာအဖြစ်ထားရန် စသည်ဖြင့် အကြောင်းအရာမျိုးစုံပါဝင်ပါသည်။ အများသိသော “အပ္ပမာဒေန သမ္ပာဒေထ”ဟူသော စကားသည် ဤသုတ်မှယူထားခြင်းဖြစ်ပါသည်။

ဒန ၂၀: မဟာသမယသုတ် – The Great Assembly/The Great Meeting [Piyadassi | Thanissaro]
ဤသုတ်တွင် မြောက်မြားစွာသော နတ်ဒေဝါများ မြတ်စွာဘုရားကို လာ၍ဖူးမျှော်ခြင်းကို ဖော်ပြထားပါသည်။ မည်သည့်နတ်သည် မည်သည့်ဘုံမှဖြစ်သည်ဟု သိလိုသောသူများအတွက် ဖတ်ရန်ကောင်းသော သုတ်ဖြစ်သည်။

ဒန ၂၁: သက္ကပဉှသုတ်Sakka’s Questions [Thanissaro (excerpt)]
သိကြားမင်းက မြတ်စွာဘုရားကို “များစွာသော လူနတ် သတ္တဝါတို့သည် ဘေးကင်းရန်ကင်း စိတ်ဆင်းရဲခြင်းကင်း အမျက်ထွက်ခြင်းကင်းစွာ နေလိုကြပါလျက် အဘယ်ကြောင့် မရရှိကြပါသနည်း”ဟု လျှောက်ထားသော တရားတော်ဖြစ်ပါသည်။

  ဒန ၂၂: မဟာသတိပဋ္ဌာနသုတ် – The Great Frames of Reference [Burma Piṭaka Assn. | Thanissaro]
ဤသုတ်သည် မြတ်စွာဘုရားကိုယ်တိုင် ဟောကြားတော်မူသော တရားထိုင်နည်းများဖြစ်သော သတိပဋ္ဌာန လေးပါး ဗောဇ္ဈင်ခုနစ်ပါး စသည်တို့မှ သစ္စာလေးပါးထိ အသေးစိတ်   ဖော်ပြထားသော အလွန်တန်ဖိုးကြီးသောသုတ် ဖြစ်ပါသည်။

 

ပထိကဝဂ် – The Patika Division

ဒန ၂၆: စက္ကဝတ္တိသုတ်The Wheel-turning Emperor [Thanissaro]
ဤသုတ်တွင် မြတ်စွာဘုရားက သံဃာများကို မိမိကိုယ်ကို ကျွန်းသဖွယ် သဘောထားကာ ဓမ္မ မှလွဲ၍ အခြားအားထားရန်မရှိဟု ဆုံးမ၍ သီလ၏ အကျိုးများကို ဟောကြားထားပါသည်။

ဒန ၂၇: အဂ္ဂညသုတ်
ပုဏ္ဏားမျိုးသည်သာ အမြတ်ဆုံးဖြစ်၍ ဗြဟ္မာ့ခံတွင်းမှ မွေးဖွား လာခြင်းဖြစ်သည်ဟူသော အယူကို မမှန်ကြောင်း ဟောကြားထားသော သုတ်ဖြစ်သည်။ ဤသုတ်တွင် ကမ္ဘာဖြစ်ပေါ်လာပုံ၊ လူဖြစ်ပေါ်လာပုံ၊ ဇေတ်စံနစ်ဖြစ်ပေါ်လာပုံ တို့ကို Evolution သဘောဖြင့် ဟောကြားထားသည်ကို တွေ့ရပါမည်။

ဒန ၃၁: သိင်္ဂါလသုတ် – The Discourse to Sigala [Kelly/Sawyer/Yareham | Narada]
မြတ်စွာဘုရားက သိင်္ဂါလ လုလင်ကို မိသားစု အဆင်ပြေရေးများအတွက် လက်တွေ့မည်သို့လုပ်ဆောင်ရမည် ကိုဟောကြားတော်မူသော သုတ်ဖြစ်ပါသည်။

ဒန ၃၂: အာဋာနာဋိယသုတ်Discourse on Atanatiya [Piyadassi] [Bodhi]
ဝေဿဝဏ်နတ်မင်းကြီးက မြတ်စွာဘုရားကို ပရိတ်တရားတော်များ ဟောကြားရန် လျှောက်ထားသော သုတ်ဖြစ်ပါသည်။