အင်္ဂုတ္တိုရနိကာယ်

အင်္ဂုတ္တိုရနိကာယ် (Numerical Discourses)

အင်္ဂုတ္တိုရနိကာယ် (Numerical Discourses) သည် သုတ္တန်ပိဋကတော်ရှိ နိကာယ်ငါးစုမှ လေးခုမြောက် နိကာယ်ဖြစ်သည်။ အင်္ဂုတ္တိုရနိကာယ်တွင် သုတ်ပေါင်း ထောင်ချီပါဝင်ပြီး (နိပါတ်) အုပ်စု တစ်ဆယ်တစ်စု ခွဲထားပါသည်။ နိပါတ်များသည် ပါဝင်သောအကြောင်းအရာအရေအတွက်ပေါ်မှုတည်၍ သုတ်များကို စုစည်းကာ ဖွဲ့စည်းထားပါသည်။ ဥပမာ တိကနိပါတ်(Book of the Threes)တွင် လောဘ ဒေါသ မောဟတို့ အကြောင်း၊ စတုက္ကနိပါတ်(Book of the fours)တွင် သမာဓိထူထောင်ခြင်းကြောင့်ရသော အကျိုး ၄ မျိုး၊ ပဉ္စကနိပါတ်(Book of the Fives)တွင် နီဝါရဏ ၅ ပါးတို့အကြောင်း စသည်တို့ဖြစ်ပါသည်။