အသံ အသစ်များ

အန ၅.၅၇: (အဘိဏှပစ္စေဝက္ခိတဗ္ဗ) ဌာနသုတ် (Dec. 03, 2013)
ပုထုဇဉ်ဖြစ်စေ ရဟန်းဖြစ်စေ ယောက်ကျားဖြစ်စေ မိန်းမဖြစ်စေ မပြတ် ဆင်ခြင်သုံးသပ်သင့်သော အကြောင်း ၅ မျိုးကို ဟောကြားထားပါသည်။

မန ၂၈: မဟာဟတ္ထိပဒေါပမသုတ်  (Mar. 01, 2014)
အရှင်သာရိပုတြာက သစ္စာလေးပါး၊ စွဲယူအပ်သော ခန္ဓာငါးပါး နှင့် ပဋိစ္စသမုပ္ပါဒ်တရားတော် ဆက်စပ်ပုံကို ဟောကြားထားပါသည်။

မန ၁၄၉: မဟာသဠာယတနိကသုတ် (May 18, 2014)
အာရုံခြောက်ပါးတို့ကို ကောင်းစွာနားလည်ခြင်းဖြင့် နိဗ္ဗာန်ရောက်ပုံကို ဟောထားသော သုတ်ဖြစ်ပါသည်။

မန ၁၃၁: ဘဒ္ဒေကရတ္တသုတ် (July 5, 2014)
မနက်ဖြန်သေမည်ကို မည်သူကြိုသိနိုင်မည်နည်း။ အတိတ်ကာလသည် ပြီးဆုံး၍ပြန်မရနိုင်၊ အနာဂါတ်ကာလကား မရောက်သေး၊ ယခုပစ္စုပ္ပန်ကာလသည်သာ အရေးကြီးဆုံးဖြစ်၍ တရားကျင့်ကြရန် ဆုံးမသော သုတ်ဖြစ်ပါသည်။

မန ၈၈: ဗာဟိတိကသုတ် (July 9, 2014)
ကောသလမင်းကြီးက အရှင်အာနန္ဒာကို မြတ်စွာဘုရား၏ ကိုယ်ကျင့်တရားအကြောင်း မေးမြန်းလျှောက်ထားသော အကြောင်းဖြစ်သည်။ ဗုဒ္ဓဘာသာကိုယ်ကျင့်တရားအမြင် (Ethics) ကို အနှစ်ချုပ်ရှင်းထားခြင်းကို တွေ့ရပါမည်။

သန ၇.၂: အက္ကောသသုတ် (July 19, 2014)
ပုဏ္ဏားတစ်ယောက် ရဟန်းပြုသွားသည်ကို မကျေနပ်၍ ဆဲရေး ခြိမ်းခြောက်သော အခြားပုဏ္ဏား တစ်ယောက်ကို မြတ်စွာဘုရားက ဆုံးမသော သုတ်ဖြစ်သည်။

သန ၁၅.၃: အဿုသုတ် (July 19, 2014)
သံသရာတလျှောက် ချစ်သောသူတို့နှင့် လွဲခဲ့သောကြောင့်လည်းကောင်း မချစ်သောသူတို့နှင့် တွေ့ဆုံရသောကြောင့်လည်းကောင်း ကျခဲ့ရသော မျက်ရည်သည် သမုဒ္ဒရာရေထက်ပင် များလှသည်။

သန ၃၅.၂၄၅: ကိံသုကောပမသုတ် (July 22, 2014)
နိဗ္ဗာန်ကို ရဟန္တာများကြား အမြင်မတူကြပုံကို အလွန်ရှင်းလင်းသော ဥပမာများဖြင့် ဟောကြားထားပါသည်။

မန ၁၁၇: မဟာစတ္တာရီသကသုတ် (July 24, 2014)
ဆင်းရဲချုပ်ရာအကျင့်ဖြစ်သော အရိယာမဂ်ရှစ်ပါးတို့ တစ်ပါးကိုတစ်ပါး အကျိုးပြုပုံကို ဟောကြားထားပါသည်။ အရိယာမဂ်ရှစ်ပါးတို့ကို နားလည်လိုပါက လေ့လာသင့်သော သုတ်ဖြစ်ပါသည်။

အန ၃.၁၁၀: အရက္ခိတသုတ် (Aug. 7, 2014)
ကိုယ့်စိတ်ကို မစောင့်ရှောက်လျှင် အမိုးယိုသော အိမ်ကဲ့သို့ ကိုယ်၊ နှုတ်၊ နှလုံးတို့ ဆွေးမြည့်၍ ကောင်းသောလားရာ မရောက်ဟု ဟောကြားထားပါသည်။

အန ၁၀.၁၇၆: စုန္ဒသုတ် (Aug. 7, 2014)
မိမိကိုယ်ကို စင်ကြယ်အောင် ကျင့်ကြံခြင်းသည် ဝတ်ပြုခြင်း၊ ရှေးထုံးစဉ်လာအတိုင်း ပူဇော်ပသခြင်းများဖြင့် မဆိုင်၊ မိမိ၏ ကိုယ် နှုတ်  နှလုံးကို စောင့်ရှောက်ခြင်းဖြင့်သာ စင်ကြယ်ရသည်။

အန ၄.၁၈၃: သုတသုတ်  (Aug. 14, 2014)
စကားကို မှန်တိုင်း ပြောသင့်သည် ထင်ပါသလား။

အန ၅.၄၉: ကောသလသုတ်  (Jan. 16, 2016)
မလ္လိကာ မိဖုရားကြီးသေဆုံးသွားသောကြောင့် ပူဆွေးနေသော ကောသလမင်းကြီးကို မြတ်စွာဘုရားက ဆုံးမတော်မှုသော သုတ်ဖြစ်သည်။

အန ၁၁. ၁၂: ဒုတိယ မဟာနာမသုတ်
(Jan. 31, 2016)
ဒေသစာရီကြွချီတော်မှုတော့မည့် မြတ်စွာဘုရားကို သာကီဝင်မဟာနာမ်မင်းက “မြတ်စွာဘုရားမရှိခိုက် သီလရှိသော ပုထုဇဉ်တို့ မည်သို့ နေထိုင်ရမည်နည်း”ဟု လျှောက်ထားသော သုတ်ဖြစ်သည်။