နိဒါနဝဂ် ၁၂ – ၂၁

နိဒါနဝဂ္ဂသံယုတ်ပါဠိတော် – The Section on Causation

သံယုတ္တ: ၁၂ ၊ ၁၃ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၀ ၊ ၂၁ ၊

၁၂. နိဒါနသံယုတ် – Paticcasamuppada (Dependent co-arising)

သန ၁၂.၂: ဝိဘင်္ဂသုတ်Analysis of Dependent Co-arising [Thanissaro [Bodhi]
မြတ်စွာဘုရားကိုယ်တော်တိုင် ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်။

သန ၁၂.၁၀: ဂေါတမသုတ်Gotama the Great Sage of the Sakya [Walshe] 
မည်သည့် အကြောင်းကြောင့် မြတ်စွာဘုရားသည် မင်းသားဘဝကိုစွန့်ခဲ့သနည်း။ ဘုရားလောင်းဘဝတွင် မြတ်စွာဘုရား၏စိတ်တော်ကို မည်သည့်အရာက ဖိစီး၍ ထွက်မြောက်လိုသော တရားကို ရှာဖွေခဲ့သနည်း။

သန ၁၂.၁၁: အာဟာရသုတ် – Nutriment [Nyanaponika | Thanissaro] [Bodhi]
ရှင်သန်ဆဲ သတ္တဝါများနှင့် ရှင်သန်ဖို့ သတ္တဝါတို့ လိုအပ်သော အထောက်အပံ့ အာဟာရလေးမျိုးနှင့် ပဋိစ္စသမုပ္ပါဒ် ဆက်စပ်ပုံတရားတော်ကို ဟောကြားထားပါသည်။

  သန ၁၂.၁၂: မောဠိယဖဂ္ဂုနသုတ် – To Phagguna [Nyanaponika | Thanissaro] [Bodhi]
အာဟာရလေးမျိုးနှင့် ပဋိစ္စသမုပ္ပါဒ် ဆက်စပ်ပုံတရားတော်ကို သက္ကာယမကင်းသော မေးခွန်းများဖြင့် မေးမိသော အရှင်မောဠိယဖဂ္ဂုနကို ဆုံးမသော သုတ်ဖြစ်ပါသည်။

  သန ၁၂.၁၅: ကစ္စာနဂေါတ္တသုတ် – To Kaccayana Gotta (on Right View)/Kaccaayana  [Thanissaro | Walshe] [Bodhi]
မှန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ နှင့် ပဋိစ္စသမုပ္ပါဒ် ဆက်စပ်ပုံ တရားတော်ကို ဟောကြားထားပါသည်။

သန ၁၂.၁၆: ဓမ္မကထိကသုတ်The Teacher of the Dhamma [Walshe] [Bodhi]
မြတ်စွာဘုရား အလိုတော်အရ ဓမ္မကထိက ဟောရမည့် ကျင့်ရမည့် ပြီးဆုံးရမည့် တရားများကို ဖော်ပြထားပါသည်။

  သန ၁၂.၁၇: အစေလကဿပသုတ် – To the Clothless Ascetic/Naked Kassapa [Thanissaro | Walshe (excerpt)] [Bodhi]
သက္ကာယ မကင်းသရွေ့ လူမှုဒုက္ခများ ရင်ဆိုင်ခဲ့လျှင် “သူ့ကြောင့် ငါ့ကြောင့်”ဟု စွတ်စွဲနေရဦးမည်။

သန ၁၂.၁၉: ဗာလပဏ္ဍိတသုတ်The Fool & the Wise Person [Thanissaro]  [Bodhi]
တရားသိသူနှင့် မသိသူ နှစ်ဦးစလုံး ဆင်းရဲ ချမ်းသာကို ခံစားရသည်။ သို့ရာတွင် ထိုနှစ်ဦးလုံး ဆင်းရဲ ချမ်းသာကို မည်သို့ တုံ့ပြန်သနည်း။

သန ၁၂.၂၀: ပစ္စယသုတ်Requisite Conditions [Thanissaro]  [Bodhi]
ဘုရားပွင့်တော်မူသည်ဖြစ်စေ မပွင့်တော်မူသည်ဖြစ်စေ ပဋိစ္စသမုပ္ပါဒ်တရားတော်တည်ရှိနေသည်။ မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ထိုးထွင်း၍ သိသွားခြင်းကြောင့် လူအများနားလည်ရန် ပြန်လည် ဟောကြားခြင်းဖြစ်သည်။ “ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ထိုးထွင်း၍နားလည်သောသူ၌ မှားသောအမြင် မှားသောအတွေးတို့ မရှိနိုင်”ဟု ဟောကြားထားပါသည်။

သန ၁၂.၂၂: ဒုတိယ ဒသဗလသုတ် Ten Powers [Walshe (excerpt)] [Bodhi]
“ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏။”ဟုဟောကြားထားသော ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် မပျင်းရိဘဲ ထိုးထွင်း၍ အားထုတ်ရန် ဟောကြားထားပါသည်။

သန ၁၂.၂၃: ဥပနိသသုတ် – Discourse on Supporting Conditions/Prerequisites/Upanisaa  [Bodhi | Thanissaro | Walshe (excerpt)] [Bodhi]
ခန္ဓာငါးပါးနှင့် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ထိုးထွင်း၍သိသောကြောင့် အရဟတ္တဖိုလ် ရရှိပုံကို ဟောကြားထားပါသည်။

  သန ၁၂.၂၅: ဘူမိဇသုတ်To Bhumija [Thanissaro] [Bodhi]
မြတ်စွာဘုရားခေတ်မှ အခြားအယူရှိသူတို့၏ ကံဝါဒကို ဖော်ပြထားပါသည်။ ဆင်းရဲသော ခံစားမှုနှင့် ချမ်းသာသော ခံစားမှုဖြစ်ပုံကို အသေးစိတ်ဟောကြားထားပါသည်။

သန ၁၂.၃၁: ဘူတသုတ် – This Has Come Into Being [Thanissaro | Nyanaponika (excerpt)] [Bodhi]
ရဟန္တာနှင့် ကျင့်ကြံစဲပုဂ္ဂိုလ်တို့ မတူညီပုံကို မြတ်စွာဘုရားက အရှင်သာရိပုတြာကို မေးခွန်းထုတ် သောသုတ်ဖြစ်သည်။ ဤသုတ်သည် သုတ္တနိပါတ်မှ သနပ ၅.၁: အဇိတမာဏဝပုစ္ဆာ ကိုမှီ၍ ဟောခြင်းဖြစ်သည်။

သန ၁၂.၃၅: အဝိဇ္ဇာပစ္စယသုတ် – From Ignorance as a Requisite Condition [Thanissaro] [Bodhi]
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို သက္ကာယမကင်းသော မေးခွန်းများမေးသော ရဟန်းကို ဆုံးမသော သုတ်ဖြစ်သည်။

  သန ၁၂.၃၈: စေတနာသုတ် – Intention/Volition [Thanissaro | Walshe] [Bodhi]
နောက်တဖန် ဘဝသစ်ဖြစ်ခြင်း၏ အကြောင်းကို ဟောထားပါသည်။

  သန ၁၂.၄၁: ပဉ္စဝေရဘယသုတ်
အနာထပိဏ်သူဌေးကို သောတာပန်ဖြစ်ရခြင်း၏ အကျိုးများကို ဟောကြားထားပါသည်။

သန ၁၂.၄၄: လောကသုတ်The World [Thanissaro] [Bodhi]
ပဋိစ္စသမုပ္ပါဒ်တရားတော်နှင့် လောကတို့ ဖြစ်ပုံ ချုပ်ပုံကို ဟောကြားထားပါသည်။

သန ၁၂.၄၆: အညတရ ဗြာဟ္မဏသုတ်A Certain Brahman [Thanissaro]  [Bodhi]
မိမိပြုလုပ်သောကံကို မိမိခံစားရသလော သို့မဟုတ် သူတစ်ပါးခံစားရ သလော။ နှစ်ခုလုံးမမှန်ကြောင်း ဟောကြားထားပါသည်။

သန ၁၂.၄၈: လောကာယတိကသုတ်The Cosmologist [Thanissaro] [Bodhi]
အစွန်းရောက် အမြင်များနှင့် ပဋိစ္စသမုပ္ပါဒ်တရားတော်။

သန ၁၂.၅၂: ဥပါဒါနသုတ်Clinging [Thanissaro] [Bodhi]
စွဲလန်းဖွယ်တရားတို့၌ သာယာနေခြင်းသည် မီးပုံကို လောင်စာထည့်ပေးနေခြင်းနှင့် တူသည်ဟု ဟောကြားထားပါသည်။

သန ၁၂.၆၀: နိဒါနသုတ် Aananda’s Mistake [Walshe (excerpt)] [Bodhi]
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို စတင်ထွင်းဖောက်နားလည်သွား၍ “မနက်နဲပါ”ဟုဆိုသော အရှင်အာနန္ဒာကို မြတ်စွာဘုရားက ဆုံးမတော်မူသော သုတ်ဖြစ်သည်။ ဤသုတ်ကို ဒန ၁၅: မဟာနိဒါနသုတ်တွင် အကျယ်ဟောထားပါသည်။

  သန ၁၂.၆၁: အဿုတဝါသုတ် – The Spiritually-Unlearned (1)/Uninstructed (1) [Nizamis | Thanissaro] [Bodhi]
မျောက်သစ်ကိုင်းကူးသည့်နည်းတူ စိတ်၊ မနော၊ ဝိညာဏ် စသည့် တရားတို့ အချိန်နှင့်အမျှ ဖြစ်၍ ချုပ်နေသည်။ ဤအကြောင်းကြောင့် အကျိုးဖြစ်သော သဘောတရားတို့ကို မသိသောကြောင့် သင်ကြားလေ့လာမှု မရှိသော ပုထုဇဉ်သည် သံသရာမှ မလွတ်နိုင်ဟု ဟောကြားထားပါသည်။

သန ၁၂.၆၃: ပုတ္တမံသူပမသုတ် – A Son’s Flesh [Nyanaponika | Thanissaro] [Bodhi]
ရှင်သန်ဆဲ သတ္တဝါများနှင့် ရှင်သန်ဖို့ သတ္တဝါတို့ လိုအပ်သော အထောက်အပံ့ အာဟာရလေးမျိုး တရားတော်ကို ရှင်းလင်းသော ဥပမာများဖြင့် ဟောကြားထားပါသည်။

  သန ၁၂.၆၄: အတ္ထိရာဂသုတ် – Where There is Passion [Nyanaponika | Thanissaro] [Bodhi]
အထောက်အပံ့ အာဟာရလေးမျိုးတို့၌ တပ်မက်မှု၊ နှစ်သက်မှု၊ တက်မက်မှု ရှိခဲ့လျှင် နောက်တဖန် ဘဝသစ်ဖြစ်ကြောင်း ဟောကြားထားပါသည်။

  သန ၁၂.၆၅: နဂရသုတ်The City [Thanissaro] [Bodhi]
တောနက်ထဲတွင် လှည့်လည်ရင်း ရှေးမြို့ဟောင်းတစ်မြို့ကို ရှာဖွေတွေ့သကဲ့သို့ ဘုရားလောင်းသည် ရှေးဘုရားတို့ သွားခဲ့သည့် အရိယာမဂ္ဂ်ရှစ်ပါးဖြင့် ပဋိစ္စသမုပ္ပါဒ်တရားတော်ကို စတင်ထွင်းဖောက်နားလည်သွားခဲ့ကြောင်း ဟောကြားထားပါသည်။

သန ၁၂.၆၇: နဠကလာပိသုတ်Sheaves of Reeds [Thanissaro] [Bodhi]
အရှင်သာရိပုတြာက အရှင်ကောဋ္ဌိကာကို နာမ်ရုပ်နှင့် ဝိညာဏ် တစ်ခုကို တစ်ခုတည်မှီနေပုံကို ဟောကြားထားပါသည်။

သန ၁၂.၆၈: ကောသမ္ဗိသုတ်At Kosambi (On Knowing Dependent Co-arising) [Thanissaro] [Bodhi]
ယုံကြည်မူ့၊ လိုလားမူ့၊ တစ်ဆင့်ကြားမူ့၊ နှိုင်းယှဉ် ဆင်ခြင်မှုနှင့် တွေးတောကြံစ၍ လက်ခံမှုကို ပယ်ထား၍ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ကိုယ်တိုင်ထိုးဖောက်၍ နားလည်ပါသလားဟု ရဟန်းလေးပါး ပွင့်လင်းစွာ တရားဆွေးနွေးသော အကြောင်းဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ထိုးဖောက်နားလည်တိုင်း ရဟန္တာတော့ မဖြစ်သေး။ သို့သော် သောတာပန်တော့ အနည်းဆုံးဖြစ်သည်ကို ဖော်ပြထားပါသည်။

သန ၁၂.၇၀: သုသိမသုတ်About Susima [Thanissaro]  [Bodhi]
ရဟန္တာဖြစ်တိုင်း လေထဲပျံဝဲခြင်း၊ သူတစ်ပါးစိတ်ကို ဖတ်နိုင်ခြင်း၊ မိမိ၏ရှေးဘဝများကို မှတ်မိခြင်း စသည့် တန်ခိုးများ မရှိပါ။ ပညာဝိမုတ္တ ပုဂ္ဂိုလ်တို့ အကြောင်းကို ဖော်ပြထားပါသည်။

၁၃. အဘိသမယသံယုတ် – Realization

သန ၁၃.၁: နခသိခါသုတ်The Tip of the Fingernail [Thanissaro]
သစ္စာလေးပါးကို ထိုးထွင်း၍ သိပြီးသူ၏ လက်ကျန်ဆင်းရဲဒုက္ခသည် အနည်းငယ်မျှသာ ဖြစ်သည်။

သန ၁၃.၂: ပေါက္ခရဏီသုတ်The Pond [Thanissaro]
သစ္စာလေးပါးကို ထိုးထွင်း၍ သိပြီးသူ၏ လက်ကျန်ဆင်းရဲဒုက္ခသည် အနည်းငယ်မျှသာ ဖြစ်သည်။

သန ၁၃.၈: ဒုတိယ သမုဒ္ဒသုတ်The Ocean [Thanissaro]
သစ္စာလေးပါးကို ထိုးထွင်း၍ သိပြီးသူ၏ လက်ကျန်ဆင်းရဲဒုက္ခသည် အနည်းငယ်မျှသာ ဖြစ်သောကြောင့် သောတာပတ္တိ မဂ်ဉာဏ်ကို ရရှိခြင်းသည် အလွန်အကျိုးများသည်။

၁၄. ဓာတုသံယုတ် – Elements

သန ၁၄.၁၁: သတ္တဓာတုသုတ်Seven Properties [Thanissaro]
ဈာန်သမာပတ်တို့ အကြောင်းကို မတူသောနည်းဖြင့် ဟောကြားထားပါသည်။

၁၅. အနမတဂ္ဂသံယုတ် – The unimaginable beginnings of samsara

  သန ၁၅.၃: အဿုသုတ် Tears [Thanissaro]
သံသရာတလျှောက် ချစ်သောသူတို့နှင့် လွဲခဲ့သောကြောင့်လည်းကောင်း မချစ်သောသူတို့နှင့် တွေ့ဆုံရသောကြောင့်လည်းကောင်း ကျခဲ့ရသော မျက်ရည်သည် သမုဒ္ဒရာရေထက်ပင် များလှသည်။

သန ၁၅.၉: ဒဏ္ဍသုတ်The Stick [Thanissaro]
လေထဲသို့ပစ်လွှတ်လိုက်သော တုတ်တစ်ချောင်းသည် မြေဆီသို့ ကျချင်သလို ပြန်ကျသကဲ့သို့ သတ္တဝါတို့သည်လည်း ဘဝတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲ ဖြစ်နေကြသည်။

သန ၁၅.၁၁: ဒုဂ္ဂတသုတ်Fallen on Hard Times [Thanissaro]
သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် ဆင်းရဲဒုက္ခရောက်နေသူကို မြင်တိုင်း မိမိကိုယ်တိုင်လည်းထိုသို့ ဆင်းရဲခဲ့ဖူးသည်ဟုသိ၍ သင်္ခါရတရားတို့ကို ငြီးငွေ့သင့်ကြောင်း ဟောကြားထားပါသည်။

သန ၁၅.၁၂: သုခိတသုတ်Happy [Thanissaro]
သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် ချမ်းသာသောသူကို မြင်တိုင်း မိမိကိုယ်တိုင်လည်းထိုသို့ ချမ်းသာခဲ့ဖူးသည်ဟု သိ၍ လွတ်မြောက်အောင် အားထုတ်သင့်ကြောင်း ဟောကြားထားပါသည်။

သန ၁၅.၁၃: တိံသမတ္တသုတ် Thirty [Thanissaro]
သံသရာတလျှောက် ကျခဲ့ရသောသွေးတို့သည် သမုဒ္ဒရာရေထက်ပင် များလှသည်။

သန ၁၅.၁၄-၁၉: မာတုသုတ်Mother [Thanissaro]
သံသရာသည် အစမရှိ ရှည်လွန်းသောကြောင့် အမိ၊ အဖ၊ သား၊ သမီး၊ ညီ၊ အကို၊ နှမ၊ အမ မတော်ဖူးသူ တွေ့ရန် မလွယ်ကူပါ။

၁၆. ကဿပသံယုတ် – Ven. Maha Kassapa

သန ၁၆.၁: သန္တုဋ္ဌသုတ်Contentment [Walshe] [Bodhi]
မြတ်စွာဘုရားက ရောင့်ရဲတင်းတိမ်သော အရှင်မဟာကဿကို ဥပမာပြု၍ ကျင့်ကျန်ကြရန် ရဟန်းတို့အား ဆုံးမသော သုတ်ဖြစ်ပါသည်။

သန ၁၆.၂: အနောတ္တပ္ပီသုတ်Carelessness [Walshe]  [Bodhi]
အရှင်သာရိပုတြာနှင့် အရှင်မဟာကဿပတို့ မှန်ကန်သော အားထုတ်မူ “သမ္မာဝါယာမ”မရှိဘဲ နိဗ္ဗာန်မရောက်နိုင်ပုံကို ဆွေးနွေးကြခြင်းဖြစ်သည်။

သန ၁၆.၅: ဇိဏ္ဏသုတ်Old [Thanissaro] [Bodhi]
မြတ်စွာဘုရားက အရှင်မဟာကဿပကို “အဘယ်အကျိုးကို မျှော်၍ ဓုတင်ဆောင်နေသနည်း၊ အသက်ကြီးရင့်ပြီဖြစ်သောကြောင့် လှူသောသင်္ကန်း၊ ပင့်ဖိတ်သောဆွမ်းကို လက်ခံ၍ ငါ့အနားတွင်နေပါ”ဟုမိန့်တော်မူတော်သည်ကို ဖြေကြားသော သုတ်ဖြစ်သည်။

သန ၁၆.၁၃: သဒ္ဓမ္မပ္ပဋိရူပကသုတ် – A Counterfeit of the True Dhamma/False Dhamma [Thanissaro | Walshe] [Bodhi]
အရှင်မဟာကဿပက မြတ်စွာဘုရားကို သာသနာတော် အစောပိုင်း၌ သိက္ခာပုဒ်တို့နည်းသော်လည်း ရဟန္တာ အဖြစ်များခဲ့ကြသည်။ ယခုအခါ၌ သိက္ခာပုဒ်တို့အလွန်များသော်လည်း ရဟန္တာ အဖြစ် အဘယ်ကြောင့်နည်း သနည်းဟု မေးလျှောက်သော သုတ်ဖြစ်သည်။ မြတ်စွာဘုရားက သာသနာကွယ်စေမည့် တရားအတုအယောင် ဖြစ်ခြင်းအကြောင်း ငါးမျိုးကို ဟောကြားထားပါသည်။

၁၇. လာဘသက္ကာရသံယုတ် – Gains and tribute

သန ၁၇. ၃: ကုမ္မသုတ်The Turtle [Thanissaro]
မြတ်စွာဘုရားက လှူဖွယ်ပစ္စည်းများပြားမှု ကျော်စောမှုတို့၏ အန္တရာယ်ကို လိပ်ဥပမာပေး၍ ဟောကြားထားပါသည်။

သန ၁၇. ၅: မီဠှကသုတ် – The Dung Beetle [Thanissaro | Walshe]
မြတ်စွာဘုရားက လှူဖွယ်ပစ္စည်းများပြားမှု ကျော်စောမှုတို့၏ အန္တရာယ်ကို လိပ်ဥပမာပေး၍ ဟောကြားထားပါသည်။

သန ၁၇. ၈: သိင်္ဂါလသုတ်The Jackal [Thanissaro]
မြတ်စွာဘုရားက လှူဖွယ်ပစ္စည်းများပြားမှု ကျော်စောမှုတို့၏ အန္တရာယ်ကို လိပ်ဥပမာပေး၍ ဟောကြားထားပါသည်။

၂၀. သြပမ္မသံယုတ် – Comparisons

သန ၂၀. ၂: နခသိခသုတ် The Tip of the Fingernail [Thanissaro]
ရခဲလှသော လူဘဝအကြောင်းကို ဟောကြားထားပါသည်။

သန ၂၀. ၄: သြက္ခာသုတ်Serving Dishes [Thanissaro]
မေတ္တာစိတ်၏ အကျိုးကြီးပုံကို ဟောကြားထားပါသည်။

သန ၂၀. ၅: သတ္တိသုတ်The Spear [Thanissaro]
မေတ္တာစိတ်၏ အကျိုးကြီးပုံကို ဟောကြားထားပါသည်။

သန ၂၀. ၆: ဓနုဂ္ဂဟသုတ်The Archer [Thanissaro]
လျင်မြန် တိုတောင်းလှသော လူဘဝကြောင့် မမေ့မလျော့ အားထုတ်ကြရန်  ဟောကြားထားပါသည်။ လနှင့်နေတို့၏ လည့်ပတ်နှုံးသည် အလွန်လျင်မြန်သည်ကို လွန်ခဲ့သော နှစ် ၂၅၀၀ကျော်က မြတ်စွာဘုရား ဟောခဲ့သည်ကို အံသြဖွယ် ဖတ်ရှုရပါမည်။

သန ၂၀. ၇: အာဏိသုတ်The Peg [Thanissaro]
အိုးစည်အက်ကို အသပ်ထည့်၍ အဖန်တလဲလဲ ဖာသောအခါ မူလအိုးစည်၏အသားကိုပင် မမြင်ရတော့ဘဲ အသပ်များကိုသာ မြင်ရသကဲ့သို့ မြတ်စွာဘုရားဟောထားတော်မူသော သုတ္တန်များထက် အရေးဆရာများ ဆန်းကြယ်လှပစွာ ရေးသားဟောပြောသော တရားတို့ကို လိုက်စားလျှင် သာသနာတော် ကွယ်ပျောက်မည်ဟု ဟောကြား ထားပါသည်။

၂၁. ဘိက္ခုသံယုတ် – Monks

သန ၂၁. ၁: ကောလိတသုတ် Kolita [Thanissaro] [Bodhi]
အရှင်မဟာမောဂ္ဂလာန်က မြတ်သောဆိတ်ဆိတ်နေခြင်းသည် ဒုတိယဈာန်ကို ဆိုလိုကြောင်း ဟောကြားထားပါသည်။

သန ၂၁. ၂: ဥပတိဿသုတ်About Upatissa (Sariputta) [Thanissaro]  [Bodhi]
ရဟန္တာ၌ စိုးရိမ်ခြင်း ပူဆွေးခြင်း မရှိတော့သည့် အကြောင်းကို အရှင်သာရိပုတြာက ဟောကြားထားပါသည်။

သန ၂၁. ၆: လကုဏ္ဍကဘဒ္ဒိယသုတ်About Bhaddiya the Dwarf [Nizamis] [Bodhi]
အရပ်ပု၍ အသွင်အပြင်နိမ့်ကျသော်လည်း အရှင်လကုဏ္ဍက ဘန္ဒိယကို မြတ်စွာဘုရားက “ရဟန်းတို့ ဤရဟန်းသည် ကြီးသော တန်ခိုးအာနုဘော် ရှိ၏။ ထိုရဟန်း မဝင်စားဖူးသေးသော သမာပတ်ဟူ၍ မရှိ သလောက်ပင် ဖြစ်၏”ဟု ချီးမွမ်းတော်မူ၍ အသွင်အပြင် အသက်အရွယ်ထက် ပညာသည် ပို၍ အရေးကြီးပုံကို ဟောကြားထားပါသည်။ အရှင်လကုဏ္ဍက ဘန္ဒိယသည် သာယာသော အသံရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို လကုဏ္ဍကဘဒ္ဒိယသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်းဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

သန ၂၁. ၈: နန္ဒသုတ်Nanda [Walshe] [Bodhi]
ဆေးခြယ်ထားသောသင်္ကန်း၊ တောက်ပြောင်သော သပိတ်ကို အသုံးပြုသော အရှင်နန္ဒကို မြတ်စွာဘုရားက ဆုံးမခြင်း ဖြစ်ပါသည်။

သန ၂၁. ၁၀: ထေရနာမကသုတ်[A Monk] by the Name of Elder [Thanissaro] [Bodhi]
မြတ်စွာဘုရားက တစ်ပါးတည်းနေခြင်း၏ အဓိပ္ပါယ်အကျယ်ကို ဟောကြားထားပါသည်။