ဥဒါန်း ပါဠိတော်

၁. ဗောဒိဝဂ် – The Chapter About Awakening

ဥဒ ၁.၁: ပဌမဗောဓိသုတ် – The Bodhi Tree (1)/Awakening (1) [Ireland | Thanissaro]
မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏ အနီး၌ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံအားဖြင့်(forward order) နှလုံးသွင်းတော်မူသည့်အကြောင်းဖြစ်သည်။

ဥဒ ၁.၂: ဒုတိယဗောဓိသုတ် – The Bodhi Tree (2)/Awakening (2) [Ireland | Thanissaro]
မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏ အနီး၌ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပဋိလုံအားဖြင့်(reverse order) နှလုံးသွင်းတော်မူသည့်အကြောင်းဖြစ်သည်။

ဥဒ ၁.၃: တတိယဗောဓိသုတ် – The Bodhi Tree (3)/Awakening (3) [Ireland | Thanissaro]
မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဗောဓိပင်၏ အနီး၌ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုလုံ ပဋိလုံအားဖြင့် (ရှေ့ပြန် နောက်ပြန်) နှလုံးသွင်းတော်မူသည့် အကြောင်းဖြစ်သည်။

ဥဒ ၁.၄: ဟုံဟုင်္ကသုတ်Overbearing [Thanissaro]
ဘုရားဖြစ်တော်မူပြီးစ မြတ်စွာဘုရားအား ရန်စကားပြောရန်လာသော ပုဏ္ဏား တစ်ယောက်ကို ဆုံးမသည့်သုတ်ဖြစ်သည်။

ဥဒ ၁.၅: ဗြာဟ္မဏသုတ်Brahmans [Thanissaro]
မိမိထံသို့ ချဉ်းကပ်လာသော သာဝကကြီးများ၏ သီလစင်ကြယ်မှုကို အကြောင်းပြု၍ မြတ်စွာဘုရားက ဥဒါန်းကျူးရင့်တော်မူသော သုတ်ဖြစ်သည်။

ဥဒ ၁.၆: မဟာကဿပသုတ်Mahā Kassapa [Thanissaro]
အရှင်မဟာကဿပက နတ်များ၏ဆွမ်းကိုလက်မခံပဲ နွမ်းပါးသောသူများဆီသို့ ဆွမ်းခံကြွသောအကြောင်းကို ဖော်ပြထားပါသည်။ အရှင်မဟာကဿပသည် “ဓုတဂုဏ် ဓုတဝါဒဂုဏ်နှင့်ပြည့်စုံသော ငါ၏တပည့် ရဟန်းတို့တွင် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၁.၇: အဇကလာပကသုတ်Aja [Thanissaro]
အဇကလာပကဘီလူးက မြတ်စွာဘုရားကို လာ၍ခြိမ်းခြောက်သော အကြောင်းဖြစ်သည်။

ဥဒ ၁.၈: သင်္ဂါမဇိသုတ်Saṅgāmaji [Thanissaro]
အရှင်သင်္ဂါမဇ၏ ဇနီးဟောင်းက လူထွက်ရန်လာ၍ လျှောက်သော အကြောင်းဖြစ်သည်။

ဥဒ ၁.၉: ဇဋိလသုတ်Ascetics [Thanissaro]
မြစ်ထဲရေဆင်းချိုး၍ စိတ်စင်ကြယ်ရန် မဖြစ်နိုင်ပါ။

ဥဒ ၁.၁၀: ဗာဟိယသုတ် – About Bahiya/Bāhiya [Ireland | Thanissaro]
“မြင်လျှင် မြင်ကာမျှ၊ ကြားလျှင် ကြားကာမျှ၊ တွေ့လျှင် တွေ့ကာမျှ၊ သိလျှင်သိကာမျှ”စသည်ဖြင့် တိုတောင်း၍ နက်နဲသော တရားတော်ဖြင့် ရဟန္တာ ဘဝကို ရရှိသွားသော အရှင်ဗာဟိယ၏အကြောင်းဖြစ်သည်။ ဤတရားတော်၏ အကျယ်ကို သန ၃၅.၉၅: မာလုကျပုတ္တသုတ် တွင်ပါရှိပါသည်။

 

၂. မုစလိန္ဒဝဂ် – The Chapter About Muccalinda

ဥဒ ၂.၁: မုစလိန္ဒသုတ် – About Muccalinda [Ireland | Thanissaro]
ဘုရားဖြစ်တော်မူပြီးစ မြတ်စွာဘုရားအား မုစလိန္ဒနဂါးမင်းက ရစ်ပတ်၍ ကာကွယ်စောင့်ရှောက်သော အကြောင်းဖြစ်သည်။

ဥဒ ၂.၂: ရာဇသုတ် Kings [Thanissaro]
နိုင်ငံရေးနှင့် မင်းများအကြောင်းပြောဆိုနေသော ရဟန်းတို့ကိုဆုံးမသော သုတ်ဖြစ်သည်။ ရဟန်းတို့စုဝေးကြလျှင် တရားဆွေးနွေးခြင်းနှင့် အပြစ်ကင်းသော ဆိတ်ဆိတ် နေခြင်း(ဒုတိယဈာန်ဝင်စားခြင်း) မှလွဲ၍ အခြားကိစ္စ မပြောသင့်ဟူသော ဆုံးမစကား ဤသုတ်တွင် ပါရှိပါသည်။

ဥဒ ၂.၃: ဒဏ္ဍသုတ် The Stick [Thanissaro]
မြွေကိုတုတ်နှင့်ရိုက်နှက်နေသော ကလေးများကို ကိုယ်ချင်းစာတရားနားလည်ရန် ဆုံးမသော သုတ်ဖြစ်ပါသည်။

  ဥဒ ၂.၄: သက္ကာရသုတ်Veneration [Thanissaro]
အခြားအယူဝင် လည့်လည်သော ရဟန်းတို့၏ ဆဲရေးခြင်းကိုခံရသော ရဟန်းတို့အား ဆင်းရဲချမ်းသာနှင့်တွေ့သော် သူ့ကြောင့်ငါ့ကြောင့်ဟု အစွဲမထားရဟု ဆုံးမသောသုတ်ဖြစ်သည်။

ဥဒ ၂.၅: ဥပါသကသုတ်The Lay Follower [Thanissaro]
မြတ်စွာဘုရားကို မဖူးနိုင်လောက်အောင် အလုပ်ကိစ္စများလွန်းသော ဒကာတစ်ယောက်အကြောင်းဖြစ်သည်။

ဥဒ ၂.၆: ဂဗ္ဘိနီသုတ်The Pregnant Woman [Thanissaro]
ဇနီး မီးဖွားရန်အတွက်လိုသောဆီကို ရှာရာမှ အသက်ဆုံးရှုံးသည့် ပရိဗိုဇ်တစ်ယောက်အကြောင်းဖြစ်သည်။

ဥဒ ၂.၇: ဧကပုတ္တကသုတ် The Only Son [Thanissaro]
သားသေဆုံး၍ ပူဆွေးဝန်းနည်းနေသော မိသားစု မြတ်စွာဘုရားထံသို့ လာရောက်ဖူးမျှော်သော အကြောင်းဖြစ်သည်။

ဥဒ ၂.၈: သုပ္ပဝါသာသုတ် Suppavāsā [Thanissaro]
သားဖွားရန်အခက်အခဲဖြစ်နေသော ကိုယ်ဝန်သည်တစ်ယောက်ကို မြတ်စွာဘုရားက မေတ္တာပို့ပေးသော အကြောင်းဖြစ်သည်။

ဥဒ ၂.၉: ဝိသာခါသုတ်Visākhā [Thanissaro]
စိတ်မကြည်လင်သော ဝိသာခါသူဌေးမကြီးက မြတ်စွာဘုရားကို လာ၍ဖူးမျှော်သော အကြောင်းဖြစ်သည်။ ဝိသာခါသူဌေးမကြီးသည် “လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် မိဂါရသူဌေး၏ အမိအရာ၌ တည်သော ထို ဝိသာခါသည် အမြတ်ဆုံး (ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသိကာမ ဖြစ်သည်။

ဥဒ ၂.၁၀: ဘဒ္ဒိယသုတ်  –  Bhaddiya/Bhaddiya Kāḷigodha [Ireland | Thanissaro]
မင်းအဖြစ်ကိုစွန့်၍ ရဟန်းပြုသော အရှင်ဘဒ္ဒိယ၏ အကြောင်းဖြစ်သည်။ အရှင်ဘဒ္ဒိယသည် မြတ်သော အမျိုး၌ ဖြစ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကာဠိဂေါဓာအမည်ရှိသော သာကဝင် မင်းသမီး၏သား အကြင် ဘဒ္ဒိယသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်းဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

 

၃. နန္ဒဝဂ် – The Chapter About Nanda

ဥဒ ၃.၁: ကမ္မဝိပါကဇသုတ် – Former Action/Action [Ireland | Thanissaro]
တရားထိုင်ရင်း အတိတ်ကံကြောင့်ဖြစ်သော ဆင်းရဲဝေဒနာတို့ကို သည်းခံသော ရဟန်းတစ်ပါးအကြောင်း ဖြစ်သည်။

ဥဒ ၃.၂: နန္ဒသုတ် – Nanda/About Nanda [Ireland | Thanissaro]
အိမ်တွင်ကျန်ခဲ့သော မင်းသမီးကိုသတိရသောကြောင့် လူထွက်ချင်သော မြတ်စွာဘုရား၏ ဖအေတူ မအေကွဲ အရှင်နန္ဒအကြောင်းဖြစ်သည်။ အရှင်နန္ဒသည် “ဣနြေ္ဒကို စောင့်စည်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို နန္ဒသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၃.၃: ယသောဇသုတ်About Yasoja [Thanissaro]
အသံဆူညံသောကြောင့် မြတ်စွာဘုရားက အာဂန္တုရဟန်းများကို နှင်ထုတ်လိုက်သည်။ ဝါတွင်းကာလတွင် ထိုရဟန်းများ ဆက်လက်ကျင့်ကြံအားထုတ်သောကြောင့် ရဟန္တာ ဖြစ်သွားသော အကြောင်းဖြစ်သည်။ မြတ်စွာဘုရားသည် အခြားသူတို့၏စိတ်ကို မိမိစိတ်ဖြင့် သိနိုင်သည်။ အလားတူ ထိုရဟန်းများသည် မြတ်စွာဘုရား ဝင်စားနေသည့် ဈာန်သမာပတ်ကို မိမိတို့၏ စိတ်တော်ဖြင့် သိနိုင်ကြောင်းကို တွေ့ရပါမည်။

ဥဒ ၃.၄: သာရိပုတ္တသုတ်About Sāriputta [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်သာရိပုတြာ၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူသော အကြောင်းဖြစ်သည်။ အရှင်သာရိပုတြာသည် ကြီးမြတ်သော ပညာနှင့်ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို သာရိပုတြာသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်းဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၃.၅: မဟာမောဂ္ဂလ္လာနသုတ်Mahā Moggallāna [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်မဟာမောဂ္ဂလ္လာန်၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွန်းတော်မူသော အကြောင်းဖြစ်သည်။ အရှင်မဟာမောဂ္ဂလ္လာနသည် “တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို မဟာမောဂ္ဂလာန်သည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၃.၆: ပိလိန္ဒဝစ္ဆသုတ် Pilinda [Thanissaro]
ရဟန္တာပင် ဖြစ်သော်လည်း ပြင်ရန်ခက်ခဲလှသော အလေ့အကျင့် အကြောင်းဖြစ်ပါသည်။

ဥဒ ၃.၇: သက္ကုဒါနသုတ်Kassapa [Thanissaro]
နိရောဓသမာပတ်မှ ထတော်မူလာသော အရှင်မဟာကဿပကို သိကြားမင်းနှင့် နတ်များက ဆွမ်းလောင်းရန် ကြိုးစားပုံကို တွေ့ရပါမည်။ အရှင်မဟာကဿပသည် “ဓုတဂုဏ် ဓုတဝါဒဂုဏ်နှင့်ပြည့်စုံသော ငါ၏တပည့် ရဟန်းတို့တွင် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၃.၈: ပိဏ္ဍပါတိကသုတ်Alms [Thanissaro]
ဆွမ်းခံလှည့်လည်သော ရဟန်းတို့ ထားရမည့် စိတ်နှင့်ရည်ရွယ်ချက်ကို တွေ့ရပါမည်။

ဥဒ ၃.၉: သိပ္ပသုတ်Crafts [Thanissaro]
အတတ်ပညာများအကြောင်းပြောဆိုသော ရဟန်းတို့ကိုဆုံးမသော သုတ်ဖြစ်သည်။ ရဟန်းတို့စုဝေးကြလျှင် တရားဆွေးနွေးခြင်းနှင့် အပြစ်ကင်းသော ဆိတ်ဆိတ် နေခြင်း(ဒုတိယဈာန်ဝင်စားခြင်း) မှလွဲ၍ အခြားကိစ္စ မပြောသင့်ဟူသော ဆုံးမစကားကို ဤသုတ်တွင် ပါရှိပါသည်။

ဥဒ ၃.၁၀: လောကသုတ်(Surveying) the World [Thanissaro]
ဘုရားဖြစ်တော်မူပြီးစ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူသောအကြောင်းဖြစ်သည်။

 

၎ . မေဃိယဝဂ် – The Chapter About Meghiya

ဥဒ ၄.၁: မေဃိယသုတ် – Meghiya/About Meghiya [Ireland | Thanissaro]
မိတ်ဆွေကောင်းနှင့် အပေါင်းအဖော်ပြုရေးသည် မရင့်ကျက်သေးသောစိတ်ကို ရင့်ကျက်လာစေရန် (စေတောဝိမုတ္တိ) လိုအပ်သော ငါးချက်တွင် အရေးကြီးဆုံးနှင့် ဆန္ဒရာဂကိုပယ်ရန်၊ ဖြတ်စီးစေလိုသောစိတ်ကို ပယ်ရန်၊ အတွေးများကိုပယ်ရန်၊ ငါဟူသော မာန်မာနကိုပယ်ရန် လိုအပ်သော ဘာဝနာလေးမျိုးကို ဟောကြားထားပါသည်။

ဥဒ ၄.၂: ဥဒ္ဓတသုတ်High Strung [Thanissaro]
ရောက်တတ်ရာရာ စကားပြောဆိုနေသော ရဟန်းတို့အပေါ် မြတ်စွာဘုရား၏ ဆုံးမတော်မူခြင်း။

ဥဒ ၄.၃: ဂေါပါလကသုတ် – The Cowherd [Thanissaro]
ဆွမ်းကြွေးဖိတ်သော နွားကျောင်းသား အသတ်ခံရခြင်းကို အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။

ဥဒ ၄.၄: ယက္ခပဟာရသုတ်Moonlit [Thanissaro]
ဆံရိတ်ပြီးစ အရှင်သာရိပုတြာ၏ ဦးခေါင်းကို စပ်စုစိတ်ဖြင့် ပြင်းထန်စွာရိုက်သော ဘီးလူးတစ်ယောက်၏ အကြောင်း ဖြစ်ပါသည်။

ဥဒ ၄.၅: နာဂသုတ် – The Bull Elephant [Ireland | Thanissaro]
မြတ်စွာဘုရားက ရဟန်းများ၊ ဒကာများ၊ ပရိသတ်များနှင့် ဝေးစွာနေလို၍ တစ်ပါးတည်း ဒေသစာရီကြွတော်မူသွားသော အကြောင်းဖြစ်သည်။

ဥဒ ၄.၆: ပိဏ္ဍောလသုတ်Piṇḍola [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်ပိဏ္ဍောလဘာရဒွါဇ၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွန်းတော်မူသော အကြောင်းဖြစ်သည်။ အရှင်ပိဏ္ဍောလဘာရဒွါဇသည် “ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါးမြွက်ဆိုနိုင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို ပိဏ္ဍောလဘာရဒွါဇသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၄.၇: သာရိပုတ္တသုတ်Sāriputta [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်သာရိပုတြာ၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူသော အကြောင်းဖြစ်သည်။

ဥဒ ၄.၈: သုန္ဒရီသုတ် Sundarī [Thanissaro]
မြတ်စွာဘုရားနှင့် ရဟန်းများကို လူအများအထင်လွဲမှားစေရန် လူသတ်၍ အလောင်းကို ဇေတဝန်ကျောင်းအနီး၍ လာ၍ပစ်ထားသော အကြောင်းဖြစ်သည်။

ဥဒ ၄.၉: ဥပသေနသုတ်Upasena Vaṅgantaputta [Thanissaro]
ရဟန္တာ ဖြစ်သွားသော အရှင်ဥပသေနကို အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။

ဥဒ ၄.၁၀: သာရိပုတ္တဥပသမသုတ်Sāriputta [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်သာရိပုတြာ၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွန်းတော်မူသော အကြောင်းဖြစ်သည်။

၅ . သောဏဝဂ် – The Chapter About Sona

ဥဒ ၅.၁: ပိယတရသုတ်The King [Thanissaro]
“လောကတွင် မိမိကိုယ်သာ အချစ်မြတ်ဆုံးဖြစ်သောကြောင့် မိမိအကျိုးစီးပွါး လိုလားသူသည် သူတစ်ပါးကို မညှဉ်းဆဲရာ”ဟု ဆုံးမသောသုတ်ဖြစ်သည်။

ဥဒ ၅.၂: အပ္ပါယုကသုတ်Short-lived [Thanissaro]
အသက်သည်တိုတောင်းလှ၍ တရားကျင့်ကြံကြရန်ဆုံးမသော သုတ်ဖြစ်သည်။

ဥဒ ၅.၃: သုပ္ပဗုဒ္ဓကုဋ္ဌိသုတ် The Leper [Thanissaro]
မြတ်စွာဘုရား၏ တရားတော်ဖြင့် သောတာပန်ဖြစ်သွားသော နူနာတစ်ဦး အကြောင်းဖြစ်သည်။

  ဥဒ ၅.၄: ကုမာရကသုတ်Boys [Thanissaro]
ငါးဖမ်းနေသော ကလေးများကို ကိုယ်ချင်းစာတရားနားလည်ရန် ဆုံးမသော သုတ်ဖြစ်ပါသည်။

ဥဒ ၅.၅: ဥပေါသထသုတ် – The Observance Day/Uposatha [Ireland | Thanissaro]
သမုဒ္ဒရာနှင့်တူသော ဓမ္မ၏ အရည်အချင်း ၈မျိုးကို ဟောထားပါသည်။

  ဥဒ ၅.၆: သောဏသုတ်Soṇa [Thanissaro]
သူဌေးဘဝမှ ရဟန်းပြုသွားသော အရှင်သောဏ အကြောင်းဖြစ်သည်။ ဤသုတ်တွင် မြတ်စွာဘုရား လက်ထက်တော်ကပင် အဋ္ဌကဝဂ်၌ ပါသော တစ်ဆယ့် ခြောက်သုတ်လုံးတို့ကို ရွတ်ဖတ်ကြသည်ကို တွေ့ရပါသည်။ ထို့ပြင် မြတ်စွာဘုရား၏ အသွင်အပြင်ကို “ကြည်ညို ဖွယ် ပသာဒနီယဂုဏ်ကို ဆောင်လျက် ငြိမ်သက်သော ဣနြေ္ဒ ငြိမ်းအေးသော စိတ်ရှိသော အလွန်အကဲ ဆုံးမခြင်း အလွန် အကဲ ငြိမ်းအေးခြင်းသို့ ရောက်သည်ဖြစ်၍ ကိုယ်အမူအရာ ယဉ်ကျေးသော နှုတ်အမူအရာကို စောင့်ရှောက်သော မနိနြေ္ဒကို စောင့်စည်း တော်မူ သော ဆင်ပြောင်ကြီးသဖွယ်ဖြစ်သော ထိုမြတ်စွာဘုရားကို ဖူးမြော်ရလတ္တံ့”ဟု ကြည်ညိုဖွယ် ဖော်ပြထားသည်ကို တွေ့ရပါသည်။ အရှင်သောဏသည် “ချိုသာသော စကားကို ပြောဆိုတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကုဋိကဏ္ဏ အမည်ရသော သောဏသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။ (အရှင်မဟာကစ္စည်း နှင့် အရှင်မဟာကစ္စာန သည်တစ်ပါးတည်းဖြစ်သည်။)

ဥဒ ၅.၇: ကင်္ခါရေဝတသုတ်About Revata [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်ကင်္ခါရေဝတ၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွန်းတော်မူသော အကြောင်းဖြစ်သည်။ အရှင်ကင်္ခါရေဝတသည် ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထိုကင်္ခါရေဝတသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်းဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၅.၈: သံဃဘေဒသုတ်Ānanda [Thanissaro]
သံဃစိတ်ဝမ်းကွဲရန် ကြံစည်သော အရှင်ဒေဝဒတ်အကြောင်းကို မှတ်တမ်းတင်ထားပါသည်။

ဥဒ ၅.၉: သဓာယမာနသုတ်Jeering [Thanissaro]
ပက်ရယ် ပြောဆိုသော လူငယ်တစ်သိုက်ကို အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။

ဥဒ ၅.၁၀: စူဠပန္ထကသုတ်Cūḷa Panthaka [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်စူဠပန္ထက၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူသော အကြောင်းဖြစ်သည်။ အရှင်စူဠပန္ထကသည် “စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းတတ်ကုန်သော ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင် လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို စူဠပန္ထကသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

 

၆ . ဇစ္စန္ဓဝဂ် – Blind from Birth

ဥဒ ၆.၁: အာယုသင်္ခါရောဿဇ္ဇနသုတ်Relinquishment of the Life Force [Thanissaro]
မာရ်နတ်က မြတ်စွာဘုရားကို ပရိနိဗ္ဗာန်ပြုရန် လျှောက်ထားသော သုတ်ဖြစ်သည်။

ဥဒ ၆.၂: သတ္တဇဋိလသုတ်Seclusion [Thanissaro]
ရဟန္တာပုဂ္ဂိုလ် ခွဲခြားနည်းကို မြတ်စွာဘုရားက ပသေနဒီကောသလမင်းအား ဟောကြားသောသုတ်ဖြစ်ပါသည်။

ဥဒ ၆.၃: ပစ္စေဝက္ခဏသုတ်It Was [Thanissaro]
မြတ်စွာဘုရားသည် မိမိ၏ပယ်ပြီးသော များစွာသော အကုသိုလ်တရားယုတ်တို့နှင့် ပွါးများမှု ‘ဘာဝနာ’ ၏ ပြည့်စုံခြင်းသို့ ရောက်ကုန်သော များစွာသော ကုသိုလ်တရားတို့ကို ပြန်လည်ဆင်ခြင်တော်မူသော အကြောင်းဖြစ်သည်။

ဥဒ ၆.၄: ပဌမနာနာတိတ္ထိယသုတ် – Sectarians (1) [Ireland | Thanissaro]
ငြင်းခုံကြကုန်သော သမဏဗြာဟ္မဏတို့ကိုအကြောင်းပြု၍ မျက်ကန်းများနှင့်ဆင် ဥပမာပေး၍ ဆုံးမသောသုတ်ဖြစ်ပါသည်။

ဥဒ ၆.၅: ဒုတိယနာနာတိတ္ထိယသုတ်Sectarians (2) [Thanissaro] ငြင်းခုံကြကုန်သော သမဏဗြာဟ္မဏတို့ကိုအကြောင်းပြု၍ ဆုံးမသောသုတ်ဖြစ်ပါသည်။

  ဥဒ ၆.၆: တတိယနာနာတိတ္ထိယသုတ်Sectarians (3) [Thanissaro]
ငင်းခုံကြကုန်သော သမဏဗြာဟ္မဏတို့ကိုအကြောင်းပြု၍ ဆုံးမသောသုတ်ဖြစ်ပါသည်။ ဤသုတ်အဆုံးတွင် သုခနှင့် ဒုက္ခကို ငါပြု၏သို့မဟုတ် သူတစ်ပါးပြု၏ ဟူသော အယူမှာ မှားသောအယူဖြစ်သည်ဟု ဖော်ပြထားပါသည်။

ဥဒ ၆.၇: သုဘူတိသုတ် Subhūti [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်သုဘူတိ၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူသော အကြောင်းဖြစ်သည်။ အရှင်သုဘူတိသည် “ကိလေသာကင်းသော နေခြင်းရှိကုန်သော မြတ်သော အလှူကို ခံထိုက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထိုသုဘူတိသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၆.၈: ဂဏိကာသုတ်The Courtesan [Thanissaro]
ပြည့်တန်ဆာမတစ်ဦးအတွက် သတ်ဖြတ်ကြသော အုပ်စုနှစ်စုကို အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။

ဥဒ ၆.၉: ဥပါတိဓာဝန္တိသုတ် – Like Moths to the Flame/Rushing [Olendzki | Thanissaro] ပိုးဖလံတို့ ဆီမီးကိုတိုးဝင်ကြသည်ကို အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။

ဥဒ ၆.၁၀: ဥပ္ပဇ္ဇန္တိသုတ်They Appear [Thanissaro]
ဘုရားပွင့်ခြင်းကို ပိုးစုန်းကြူးနှင့် နေမင်း ဥပမာပေး၍ ဟောထားသော သုတ်ဖြစ်သည်။

 

၇ . စူဠ၀ဂ် – The Minor Chapter

ဥဒ ၇.၁: ပဌမလကုဏ္ဍကဘန္ဒိယသုတ်Bhaddiya (1) [Thanissaro]
အရှင်သာရိပုတြာအဆုံးအမဖြင့် ရဟန္တာ ဘဝရရှိသွားသော အရှင်လကုဏ္ဍက ဘန္ဒိယကို အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။ အရှင်လကုဏ္ဍက ဘန္ဒိယသည် “သာယာသော အသံရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထို လကုဏ္ဍကဘဒ္ဒိယသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၇.၂: ဒုတိယလကုဏ္ဍကဘန္ဒိယသုတ် Bhaddiya (2) [Thanissaro]
ရဟန္တာ ဘဝရရှိသွားသည်ကို မရိပ်မိ၍ အရှင်သာရိပုတြာက  အရှင်လကုဏ္ဍက ဘန္ဒိယကို ဆက်လက်တရားဟောခြင်းအား အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။

ဥဒ ၇.၃: ပဌမသတ္တသုတ် Attached to Sensual Pleasures (1) [Thanissaro]
ကာမဂုဏ်တို့၌ စွဲလန်းလွန်းသော သာဝတ္ထိပြည်သူ ပြည်သားတို့ အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။

ဥဒ ၇.၄: ဒုတိယသတ္တသုတ်Attached to Sensual Pleasures (2) [Thanissaro]
ကာမဂုဏ်တို့၌ စွဲလန်းလွန်းသော သာဝတ္ထိပြည်သူ ပြည်သားတို့ အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။

ဥဒ ၇.၅: အပရလကုဏ္ဍကဘဒ္ဒိယသုတ် – Another Discourse about Bhaddiya the Dwarf/The Dwarf [Nizamis | Thanissaro]
အရပ်ပု၍ အသွင်အပြင်နိမ့်ကျသော်လည်း အရှင်လကုဏ္ဍက ဘန္ဒိယကို မြတ်စွာဘုရားက “ရဟန်းတို့ ဤရဟန်းသည် ကြီးသော တန်ခိုးအာနုဘော် ရှိ၏။ ထိုရဟန်း မဝင်စားဖူးသေးသော သမာပတ်ဟူ၍ မရှိ သလောက်ပင် ဖြစ်၏”ဟု ချီးမွမ်းတော်မူသော သုတ်ဖြစ်သည်။

ဥဒ ၇.၆: တဏှာသင်္ခယသုတ်The Ending of Craving [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်အညာသိကောဏ္ဍည၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူသော အကြောင်းဖြစ်သည်။ အရှင်အညာသိကောဏ္ဍညသည် “ညဥ့်တို့ကို သိကုန် ‘ရဟန်းဝါရင့်ကုန်’ သော ငါ၏တပည့် ရဟန်းတို့တွင် ထို အညာသိကောဏ္ဍညသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။ အရှင်အညာသိကောဏ္ဍညသည် သောတာပန်တည်၍ ပထမဆုံး အရိယာသံဃာဝင်ဖြစ်သော ပဉ္စဝဂ္ဂီရဟန်းငါးပါးထဲမှ တစ်ပါးဖြစ်သည်။ သစ္စာတရားကို ပထမဆုံး သိနားလည်သောကြောင့် သိသော ကောဏ္ဍည (အညာသိကောဏ္ဍညိ) ဟု အမည်တွင်ခြင်းဖြစ်ပါသည်။ အရှင်အညာသိကောဏ္ဍညသောတာပန်တည်ပုံကို သန ၅၆.၁၁ ၌ကြည့်ပါ။

ဥဒ ၇.၇: ပပဉ္စခယသုတ် The Ending of Objectification [Thanissaro]
မြတ်စွာဘုရားသည် မိမိ၏ပယ်ပြီးသော ကိလေသာတို့နှင့်တကွသော သညာ အစုတို့ကို ပြန်လည် ဆင်ခြင်တော်မူသော အကြောင်းဖြစ်သည်။

ဥဒ ၇.၈: ကစ္စာနသုတ်Kaccāyana [Thanissaro]
အနီးအနား၌ တရားထိုင်နေသော အရှင်မဟာကစ္စည်း၏ ကြည်ညိုဖွယ်အဆင်းကို မြတ်စွာဘုရား ချီးမွန်းတော်မူသော အကြောင်းဖြစ်သည်။ (အရှင်မဟာကစ္စည်း နှင့် အရှင်မဟာကစ္စာန သည်တစ်ပါးတည်းဖြစ်သည်။)

ဥဒ ၇.၉: ဥဒပါနသုတ် – The Well [Ireland | Thanissaro]
ထူဏရွာသား ပုဏ္ဏားတို့က မြတ်စွာဘုရားနှင့် ရဟန်းများ သောက်သုံးရေမရစေရန် မြက်များ ဖွဲများဖြင့် ရေတွင်းကို ပိတ်ထားသည်ကို တန်ခိုးတော်ဖြင့် ဖယ်ရှားသောအကြောင်းဖြစ်သည်။

ဥဒ ၇.၁၀: ဥတေနသုတ်About King Udena [Thanissaro]
မိဖုရား သာမာဝတီနှင့် မောင်းမများ မီးလောင်သေဆုံးသည်ကို အကြောင်းပြု၍ ဟောကြားသောသုတ် ဖြစ်ပါသည်။ ထိုအမျိုးသမီးများသည် မြတ်စွာဘုရား၏တရားကို မိဖုရားဖြစ်၍ နန်းတော်မှထွက်ကာ ကိုယ်တိုင်မနာနိုင်သောကြောင့် အစေခံ ခုဇ္ဇုတ္တရာကို သွားရောက်နာယူစေ၍ တစ်ဆင့်ပြန်လည်နာယူကြသော အမျိုးသမီးများဖြစ်ပါသည်။ ဣတိဝုတ် ပါဠိတော်တစ်ခုလုံးမှာ အစေခံ ခုဇ္ဇုတ္တရာ ပြန်လည်ပြောကြားသော တရားတော်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ ခုဇ္ဇုတ္တရာသည် “အကြားအမြင် များကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ထို ခုဇ္ဇုတ္တရာသည် အမြတ်ဆုံးဥပါသိကာမ (ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသိကာမဖြစ်သည်။

 

၈ . ပါဋလိဂါမိယဝဂ် – The Chapter About Patali Village

ဥဒ ၈.၁: ပဌမနိဗ္ဗာနပဋိသံယုတ္တသုတ် – Parinibbana (1)/Unbinding (1) [Ireland | Thanissaro]
မြတ်စွာဘုရားက နိဗ္ဗာန်၏ သဘောသဘာဝကို ဟောကြားထားခြင်း ဖြစ်ပါသည်။

ဥဒ ၈.၂: ဒုတိယနိဗ္ဗာနပဋိသံယုတ္တသုတ် – Parinibbana (2)/Unbinding (2) [Ireland | Thanissaro]
မြတ်စွာဘုရားက နိဗ္ဗာန်၏ သဘောသဘာဝကို ဟောကြားထားခြင်း ဖြစ်ပါသည်။

ဥဒ ၈.၃: တတိယနိဗ္ဗာနပဋိသံယုတ္တသုတ် – Parinibbana (3)/Unbinding (3) [Ireland | Thanissaro]
မြတ်စွာဘုရားက နိဗ္ဗာန်၏ သဘောသဘာဝကို ဟောကြားထားခြင်း ဖြစ်ပါသည်။

ဥဒ ၈.၄: စတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ် – Parinibbana (4)/Unbinding (4) [Ireland | Thanissaro]
မြတ်စွာဘုရားက နိဗ္ဗာန်၏ သဘောသဘာဝကို ဟောကြားထားခြင်း ဖြစ်ပါသည်။

ဥဒ ၈.၅: စုန္ဒသုတ် Cunda [Thanissaro]
မြတ်စွာဘုရား၏ နောက်ဆုံးစားရသော ဆွမ်းတစ်နှပ် အကြောင်းဖြစ်သည်။

ဥဒ ၈.၆: ပါဋလိဂါမိယသုတ် At Pāṭaligā Village [Thanissaro]
သီလ၏ အရေးကြီးပုံနှင့် အကျိုးကို ဖော်ပြထားပါသည်။

ဥဒ ၈.၇: ဒွိဓာပထသုတ်A Fork in the Path [Thanissaro]
မြတ်စွာဘုရား၏စကားကို နားမထောင်ဘဲ လမ်းခွဲထွက်သွားသော ရဟန်းတစ်ပါး၏ အကြောင်းပြု၍ သူတော်ကောင်းနှင့် ပေါင်းဖော်ရခြင်း၏ အကျိုးကို ဟောထားပါသည်။

ဥဒ ၈.၈: ဝိသာခါသုတ် Visākhā [Thanissaro]
မြေးမကွယ်လွန်၍ စိတ်ထိခိုက် ကြေကွဲနေသော ဝိသာခါသူဌေးမကြီးကို ဆုံးမသော သုတ်ဖြစ်သည်။ ဝိသာခါသူဌေးမကြီးသည် “လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် မိဂါရသူဌေး၏ အမိအရာ၌ တည်သော ထို ဝိသာခါသည် အမြတ်ဆုံးဥပါသိကာမ (ဧတဒဂ္ဂ)ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသိကာမဖြစ်သည်။

ဥဒ ၈.၉: ပဌမဒဗ္ဗသုတ်About Dabba Mallaputta (1) [Thanissaro]
အရှင်ဒဗ္ဗ၏ တေဇောဓာတ်ဖြင့် လေထဲတွင်ထိုင်၍ ပရိနိဗ္ဗာန်ပြုသွားသော အကြောင်းဖြစ်သည်။ အရှင်ဒဗ္ဗသည် ကျောင်းအိပ်ရာနေရာ ခင်းကျင်းစီမံတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မလ္လာမင်း၏သား အကြင် ဒဗ္ဗသည် အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ)ပေတည်းဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

ဥဒ ၈.၁၀: ဒုတိယဒဗ္ဗသုတ်About Dabba Mallaputta (2) [Thanissaro]
အရှင်ဒဗ္ဗ၏ တေဇောဓာတ်ဖြင့် လေထဲတွင်ထိုင်၍ ပရိနိဗ္ဗာန်ပြုသွားသော အကြောင်းဖြစ်သည်။