ခန္ဓဝဂ် ၂၂ – ၃၄

ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် – The Section on the Aggregates

သံယုတ္တ: ၂၂ ၊ ၂၃ ၊ ၂၄ ၊ ၂၅ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ၊ ၃၂ ၊ ၃၃ ၊ ၃၄ ၊

၂၂. ခန္ဓသံယုတ် – The clinging-aggregates

  သန ၂၂.၁: နကုလပိတုသုတ်To Nakulapita [Thanissaro] [Bodhi]
မြတ်စွာဘုရား၏ တရားတော်ကိုနာခဲ့ရ၍ မျက်နာကြည်လင် စိတ်ကြည်လင်လာသော နကုလပိတာသူကြွယ်ကို အရှင်သာရိပုတြာက အသက်အရွယ်ကြီး၍ လူနာသော်လည်း စိတ်မနာအောင် အဘယ်သို့ နေမည်နည်းဟု မေးမြန်းသော သုတ်ဖြစ်ပါသည်။ နကုလပိတာသူကြွယ်သည် “ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် နကုလပိတာသူကြွယ်သည် အမြတ်ဆုံး ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာဖြစ်သည်။

သန ၂၂.၂: ဒေဝဒဟသုတ်At Devadaha [Thanissaro]  [Bodhi]
နိုင်ငံရပ်ခြားသို့သွားလိုသော ရဟန်းတို့ကို အရှင်သာရိပုတြာက ဗုဒ္ဓတရားတော်သည် အဘယ်နည်းဟု တိုင်းတစ်ပါး ပညာရှိတို့မေးမြန်းခဲ့လျှင် ဖြေဆိုနည်းကို ဟောကြားထားပါသည်။

  သန ၂၂.၃:  ဟာလိဒ္ဒိကာနိသုတ်To Haliddakani [Thanissaro]  [Bodhi]
ဟာလိဒ္ဒိကာနိသူကြွယ်က အရှင်မဟာကစ္စည်းကို သနပ ၄.၉: မာဂဏ္ဍိယသုတ်တွင်ပါသော မြတ်စွာဘုရား အတိုဟောထားသည့်တရားကို မေးလျှောက်ခြင်းဖြစ်သည်။ အရှင်မဟာကစ္စာနသည် “အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ်သော အမြတ်ဆုံးရဟန်း(ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။ (အရှင်မဟာကစ္စည်း နှင့် အရှင်မဟာကစ္စာန သည်တစ်ပါးတည်းဖြစ်သည်။)

  သန ၂၂.၅: သမာဓိသုတ်Concentration [Thanissaro]  [Bodhi]
ခန္ဓာငါးပါး မည်သို့ဖြစ်တည်လာသနည်း၊ မည်သည့်နည်းဖြင့် ခန္ဓာငါးပါးချုပ်မည်နည်း။ ဤတိုတောင်းသော်လည်း လေးနက်သောသုတ်တွင် ဟောကြားထားပါသည်။

သန ၂၂.၇: ဥပါဒါပရိတဿနာသုတ်Grasping and Worry [Walshe]  [Bodhi]
ခန္ဓာငါးပါးကို မိမိကိုယ်ပိုင်ဥစ္စာဟု ထင်သောကြောင့် ခန္ဓာငါးပါးပြောင်းလဲလျှင် စိတ်ဆင်းရဲခြင်း ပူပန်ခြင်းတို့ဖြစ်ကြရသည်။ သိစိတ် ဝိညာဏ်သည်လည်း ထိုပြောင်းလဲမူကြောင့်ဖြစ်သော ဆင်းရဲမှုကိုသာ အဖန်တလဲလဲ ကပ်ညှိနေတော့သည်။

သန ၂၂.၂၂: ဘာရသုတ် – The Burden [Nizamis | Thanissaro | Walshe[Bodhi]
မည်သည့်အရာတို့ကို သံသရာတလျှောက် သယ်ပိုးခဲ့ရသနည်း။ မည်သူ သယ်ပိုးသနည်း။ မည်သို့ သယ်ပိုးသနည်း။ မည်သို့ မသယ်ပိုးသနည်း။

သန ၂၂.၂၃: ပရိညသုတ် (ပရိညာသုတ်)Comprehension [Thanissaro] [Bodhi]
မည်သည့်တရားတို့ကို ပိုင်းခြား၍သိသင့်သနည်း။ ပိုင်းခြား၍ သိခြင်းဟူသည် အဘယ်နည်း။

သန ၂၂.၃၆: ဒုတိယ အညတရဘိက္ခုသုတ်The Monk [Thanissaro] [Bodhi]
မိမိ လိုချင်တပ်မက်ရာဖြင့် မိမိကိုယ်ကို တိုင်းတာ၍ ထိုအရာကို မိမိကိုယ်တိုင်ဟုပင် ထင်တော့သည်။

သန ၂၂.၃၉: အနုဓမ္မသုတ်In Accordance with the Dhamma (1) [Thanissaro] [Bodhi]
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးအချိန်တွင် နတ်များက နတ်စန္ဒကူးနံ့သာမှုန့်များ နတ်ပန်းများ နတ်ဂီတများဖြင့် ပူဇော်ကြသည်။ ထိုအခါ မြတ်စွာဘုရားက ထိုကဲ့သို့ ပူဇော်ခြင်းသည် အမြတ်ဆုံး ပူဇော်ခြင်း မဟုတ်၊ တရားကို တရားနှင့်အညီ ကျင့်ခြင်းသည်သာ အမြတ်ဆုံး ပူဇော်ခြင်းဖြစ်သည်ဟု ဆုံးမသွားခဲ့ပါသည်။ (ဒန ၁၆ မဟာပရိနိဗ္ဗာနသုတ်) ဤသုတ်တွင် တရားကို တရားနှင့်အညီ မည်သို့ကျင့်ရမည်ကို ဖော်ပြထားပါသည်။ ငြီးငွေ့ခြင်းနှင့် ခန္ဓာ ငါးပါး ဆက်စပ်ပုံကို ဟောကြားထားပါသည်။

သန ၂၂.၄၀: ဒုတိယ အနုဓမ္မသုတ်In Accordance with the Dhamma (2) [Thanissaro] [Bodhi]
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးအချိန်တွင် နတ်များက နတ်စန္ဒကူးနံ့သာမှုန့်များ နတ်ပန်းများ နတ်ဂီတများဖြင့် ပူဇော်ကြသည်။ ထိုအခါ မြတ်စွာဘုရားက ထိုကဲ့သို့ ပူဇော်ခြင်းသည် အမြတ်ဆုံး ပူဇော်ခြင်း မဟုတ်၊ တရားကို တရားနှင့်အညီ ကျင့်ခြင်းသည်သာ အမြတ်ဆုံး ပူဇော်ခြင်းဖြစ်သည်ဟု ဆုံးမသွားခဲ့ပါသည်။ (ဒန ၁၆ မဟာပရိနိဗ္ဗာနသုတ်) ဤသုတ်တွင် တရားကို တရားနှင့်အညီ မည်သို့ကျင့်ရမည်ကို ဖော်ပြထားပါသည်။ အနိစ္စ နှင့် ခန္ဓာ ငါးပါး ဆက်စပ်ပုံကို ဟောကြားထားပါသည်။

သန ၂၂.၄၁: တတိယ အနုဓမ္မသုတ် In Accordance with the Dhamma (3) [Thanissaro] [Bodhi]
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးအချိန်တွင် နတ်များက နတ်စန္ဒကူးနံ့သာမှုန့်များ နတ်ပန်းများ နတ်ဂီတများဖြင့် ပူဇော်ကြသည်။ ထိုအခါ မြတ်စွာဘုရားက ထိုကဲ့သို့ ပူဇော်ခြင်းသည် အမြတ်ဆုံး ပူဇော်ခြင်း မဟုတ်၊ တရားကို တရားနှင့်အညီ ကျင့်ခြင်းသည်သာ အမြတ်ဆုံး ပူဇော်ခြင်းဖြစ်သည်ဟု ဆုံးမသွားခဲ့ပါသည်။ (ဒန ၁၆ မဟာပရိနိဗ္ဗာနသုတ်) ဤသုတ်တွင် တရားကို တရားနှင့်အညီ မည်သို့ကျင့်ရမည်ကို ဖော်ပြထားပါသည်။ ဒုက္ခ နှင့် ခန္ဓာ ငါးပါး ဆက်စပ်ပုံကို ဟောကြားထားပါသည်။

သန ၂၂.၄၂: စတုတ္ထ အနုဓမ္မသုတ်In Accordance with the Dhamma (4) [Thanissaro] [Bodhi]
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးအချိန်တွင် နတ်များက နတ်စန္ဒကူးနံ့သာမှုန့်များ နတ်ပန်းများ နတ်ဂီတများဖြင့် ပူဇော်ကြသည်။ ထိုအခါ မြတ်စွာဘုရားက ထိုကဲ့သို့ ပူဇော်ခြင်းသည် အမြတ်ဆုံး ပူဇော်ခြင်း မဟုတ်၊ တရားကို တရားနှင့်အညီ ကျင့်ခြင်းသည်သာ အမြတ်ဆုံး ပူဇော်ခြင်းဖြစ်သည်ဟု ဆုံးမသွားခဲ့ပါသည်။ (ဒန ၁၆ မဟာပရိနိဗ္ဗာနသုတ်) ဤသုတ်တွင် တရားကို တရားနှင့်အညီ မည်သို့ကျင့်ရမည်ကို ဖော်ပြထားပါသည်။ အနတ္တ နှင့် ခန္ဓာ ငါးပါး ဆက်စပ်ပုံကို ဟောကြားထားပါသည်။

သန ၂၂.၄၃: အတ္တဒီပသုတ်An Island to Oneself [Walshe] [Bodhi]
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးအချိန်တွင် နတ်များက နတ်စန္ဒကူးနံ့သာမှုန့်များ နတ်ပန်းများ နတ်ဂီတများဖြင့် ပူဇော်ကြသည်။ ထိုအခါ မြတ်စွာဘုရားက ထိုကဲ့သို့ ပူဇော်ခြင်းသည် အမြတ်ဆုံး ပူဇော်ခြင်း မဟုတ်၊ တရားကို တရားနှင့်အညီ ကျင့်ခြင်းသည်သာ အမြတ်ဆုံး ပူဇော်ခြင်းဖြစ်သည်ဟု ဆုံးမသွားခဲ့ပါသည်။ (ဒန ၁၆ မဟာပရိနိဗ္ဗာနသုတ်) ဤသုတ်တွင် တရားကို တရားနှင့်အညီ မည်သို့ကျင့်ရမည်ကို ဖော်ပြထားပါသည်။

သန ၂၂.၄၇: သမနုပဿနာသုတ် – Assumptions/Ways of Regarding [Thanissaro | Walshe] [Bodhi]
မသိနားမလည်သောသူသည် စွဲလမ်းဖွယ် ခန္ဓာငါးပါးကို မိမိကိုယ်ပိုင် ဟူ၍ထင်သည်။

  သန ၂၂.၄၈: ခန္ဓသုတ်Aggregates [Thanissaro]  [Bodhi]
ခန္ဓာငါးပါးနှင့် စွဲလမ်းဖွယ် ခန္ဓာငါးပါး (ဥပါဒါနက္ခန္ဓာ) မတူကြောင်း ဟောကြားထားပါသည်။

သန ၂၂.၄၉: သောဏသုတ်So.na [Walshe] [Bodhi]
ဟုတ်တိုင်းမှန်စွာမြင်ခြင်း (ယထာဘူတ) ဆိုသည်မှာ အဘယ်နည်း။ ဤသုတ်တွင် မြတ်စွာဘုရား ဟောကြားထားပါသည်။

သန ၂၂.၅၃: ဥပယသုတ်Attached [Thanissaro]  [Bodhi]
ဝိညာဏ်သည် အခြားခန္ဓာလေးပါးနှင့် အမြဲဆက်စပ်နေသည်။ ဝိညာဏ်ကို အခြားခန္ဓာလေးပါးမှ သီးခြားခွဲထုတ်၍ ဖြစ်ခြင်း ပျက်ခြင်းကို ဖော်ထုတ်ပြောကြား၍ မရနှိင်။ ဝိညာဏ်ဟု ခေါ်သော သိစိတ်ဆိုသည်မှာ ခန္ဓာငါးပါးမှ တစ်ပါးကိုဆိုခြင်းဖြစ်သည်။ အခြား အရှေ့တိုင်း အယူဝါဒများတွင် ယူဆသော သက္ကာယ အမြင်မကင်းသည့် ဘဝတစ်ခုမှ တစ်ခု ကူးပြောင်းသွားသော ဝိညာဏ် လိပ်ပြာကောင် (Spirit) မဟုတ်။

  သန ၂၂.၅၄: ဗီဇသုတ်Means of Propagation [Thanissaro] [Bodhi]
နှစ်သက်စွဲမက်မှု ‘နန္ဒီရာဂ’ ကြောင့် ဝိညာဏသည် အခြားခန္ဓာလေးပါးပေါ်မှီ၍ ကြီးပွား ပြန့်ပြောသည်။

သန ၂၂.၅၅: ဥဒါနသုတ်Exclamation [Thanissaro]  [Bodhi]
ရဟန်းတစ်ပါးက မြတ်စွာဘုရားကို “မည်သို့သိသော မည်သို့မြင်သောသူသည် ယခုချက်ခြင်း အသဝေါကုန် သနည်း”ဟု မေးလျှောက်ထားပါသည်။

  သန ၂၂.၅၆: ဥပါဒါနပရိပဝတ္တနသုတ်The (Fourfold) Round [Thanissaro] [Bodhi]
မည်သည်ကို မြင်သော သိသောကြောင့် မြတ်စွာဘုရားသည် “အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ”ဟု ဝန်ခံသနည်း။

  သန ၂၂.၅၇: သတ္တဋ္ဌာနသုတ်Seven Bases [Thanissaro]  [Bodhi]
ခန္ဓာငါးပါးကို ခုနစ်မျိုးအားဖြင့် နားလည်ထွင်းဖောက်နိုင်လျှင် ရဟန္တာ အဖြစ်ကို ရရှိနှိင်မည်။

သန ၂၂.၅၈: သမ္မာသမ္ဗုဒ္ဓသုတ် Awakened [Thanissaro] [Bodhi]
မြတ်စွာဘုရားနှင့် ရဟန္တာတို့ ခန္ဓာငါးပါးကို ထိုးဖောက် နားလည်ပုံချင်းတူသော်လည်း အဘယ်အရာတွင် ကွဲပြားသနည်း။

  သန ၂၂.၅၉: အနတ္တလက္ခဏသုတ် – The Discourse on the Not-self Characteristic/Five Brethren [Mendis | Ñanamoli | Thanissaro] [Bodhi]
မြတ်စွာဘုရားက ပဉ္စဝဂ္ဂီရဟန်းတို့ကို အမေးအဖြေပြု၍ ခန္ဓာငါးပါးအကြောင်းကိုဟောသော တရားတော် ဖြစ်ပါသည်။ မြတ်စွာဘုရား ဗုဒ္ဓဖြစ်ပြီးစ ဒုတိယမြောက် ဟောသော တရားတော် ဖြစ်ပါသည်။

သန ၂၂.၆၀: မဟာလိသုတ်To Mahali [Thanissaro] [Bodhi]
ခန္ဓာငါးပါးတို့တွင် သာယာဖွယ်သဘော ရှိသောကြောင့် စွဲလမ်းခြင်းတို့ဖြစ်ကြသည်။ ဆင်းရဲခြင်းသဘောကို မြင်၍ စွဲလမ်းခြင်း ကင်းလျှင် စင်ကြယ်ခြင်းကို ရရှိမည်။

သန ၂၂.၆၃: ဥပါဒိယမာနသုတ်Clinging [Walshe]  [Bodhi]
စွဲလန်းလျှင် မလွတ် မစွဲလန်းလျှင် လွတ်သည်။

  သန ၂၂.၇၉: ခဇ္ဇနီယသုတ်Chewed Up [Thanissaro]  [Bodhi]
ခန္ဓာတစ်ခုချင်းစီ၏ အလုပ်လုပ်ပုံကို အသေးစိတ်ဟောထားပါသည်။ အဘယ်ကြောင့် ရုပ်ကို ရုပ်၊ ခံစားခြင်း ကို  ဝေဒနာ၊ မှတ်သားမှု ကို  သညာ၊ ပြုပြင်မှု ကို သင်္ခါရ၊ သိမှု ကို  ဝိညာဏ် ဟု ခေါ်သနည်း။

သန ၂၂.၈၀: ပိဏ္ဍောလျသုတ် – Almsgoers/Going Begging [Thanissaro | Walshe] [Bodhi]
ဆွမ်းခံစားခြင်းသည် ယုတ်နိမ့်လှ၍ ခွက်စွဲတောင်းစားသူဟု ပြောခံရတတ်သည်။ သို့သော် အိုခြင်း နာခြင်း ဆင်းရဲကင်းရာကို အဆုံးသတ်နိုင်ကောင်းမည်ဟု မျှော်လျှင့်၍ ရဟန်းပြုခဲ့ကြသည်။ ထို့ကြောင့် လူ့စည်းစိမ်လည်းဆုံးရှုံး ရဟန်းဘဝနှင့်လည်း မပြည့်စုံခြင်း မဖြစ်အောင် တရားအားထုတ်ရန် မြတ်စွာဘုရားက ဆုံးမသော သုတ်ဖြစ်သည်။

  သန ၂၂.၈၁: ပါလိလေယျသုတ်At Parileyyaka [Thanissaro] [Bodhi]
ရဟန်းတစ်ပါး၏ “မည်သို့သိသော မြင်သို့မြင်သောသူသည် ယခုချက်ချင်း အသဝေါကုန် သနည်း”ဟု တွေးသော အတွေးကို မြတ်စွာဘုရားက မိမိစိတ်တော်ဖြင့်သိ၍ ဆုံးမသော သုတ်ဖြစ်သည်။

သန ၂၂.၈၃: အာနန္ဒသုတ်Ananda [Thanissaro] [Bodhi]
အရှင်အာနန္ဒာက မန္တာဏီပုဏ္ဏေးမ၏ သား အရှင်ပုဏ၏ အဆုံးအမဖြင့် မိမိ သောတာပန်တည်ခဲ့ပုံကို ပြန်လည် ဟောကြားသော သုတ်ဖြစ်ပါသည်။ အရှင်ပုဏ္ဏမန္တာဏီပုတြာသည် မြတ်စွာဘုရားနှင့် တစ်နယ်ထဲသားဖြစ်ရုံမက “တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမ၏သား ပုဏ္ဏသည် အမြတ်ဆုံး (ဧတဒဂ္ဂ) ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

သန ၂၂.၈၄: တိဿသုတ် – Tissa/Tissa the Waverer [Thanissaro | Walshe (excerpt)] [Bodhi]
လူထွက်ချင်သော မြတ်စွာဘုရား၏ တစ်ဝမ်းကွဲညီအစ်ကို အရှင်တိဿကို ဆုံးမသော သုတ်ဖြစ်သည်။

သန ၂၂.၈၅: ယမကသုတ် – To Yamaka [Thanissaro] [Bodhi]
“ရဟန္တာ ပျံလွန်တော်မူလျှင် ပြတ်၏ ပျောက်၏ သေပြီးသည်၏နောက်၌ မဖြစ်တော့ပြီ”ဟု ယူဆသော အရှင်ယမကကို အရှင်သာရိပုတြာက ဆုံးမသော သုတ်ဖြစ်သည်။

သန ၂၂.၈၆: အနုရာဓသုတ် – To Anuradha/Anuraadha is Caught Out [Thanissaro | Walshe] [Bodhi]
သတ္တဝါ သေပြီးသည်နောက်၌ ဆက်လက်ဖြစ်၏၊ မဖြစ်၏၊ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် သို့မဟုတ် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ် စသည့် မေးခွန်းများကို အရှင်အနုရာဓက မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားသော သုတ်ဖြစ်ပါသည်။ မြန်မာပြန်တွင် “တထာဂတော” ကို သတ္တဝါဟု ပြန်ဆို၍ အခြား အင်္ဂလိပ်ဘာသာပြန်များတွင် “တထာဂတာ” ပုဒ်အရ မြတ်စွာဘုရားဟု ပြန်ထားပါသည်။

သန ၂၂.၈၇: ဝက္ကလိသုတ်Vakkali [Walshe (excerpt)]  [Bodhi]
မနာမကျန်းဖြစ်နေကာ မြတ်စွာဘုရားကို ကိုယ်တိုင်မဖူးနှိင်၍ စိတ်မကောင်းဖြစ်နေသော အရှင်ဝက္ကလိကို မြတ်စွာဘုရားက “ဤအပုပ်ကောင်ကို သင် ဖူးမြင်ခြင်းဖြင့် အဘယ် အကျိုးရှိမည်နည်း၊ ဝက္ကလိတရားကို မြင်သော သူသည် ငါဘုရားကို မြင်သည် မည်၏၊ ငါဘုရားကို မြင်သော သူသည် တရားကိုမြင်သည် မည်၏။” ဆုံးမသော သုတ်ဖြစ်သည်။

သန ၂၂.၈၉: ခေမကသုတ် – About Khemaka/Khemaka [Thanissaro | Walshe (excerpt)] [Bodhi]
ညစ်ပတ်နေသော အဝတ်ကို ဆပ်ပြာဖြင့် ဆေးကြော သန့်စင်ပြီးသော်လည်း ဆပ်ပြာနံ့စွဲ နေသကဲ့သို့ပင် အောက်ပိုင်း သံယောဇဉ် ငါးမျိုးကို ဖြတ်ပြီးသော အနာဂါမ် ရဟန်းသည်လည်း အသိမ်မွေ့ဆုံးဖြစ်သော “ငါ”ဟူသော မာန ကျန်သေးသည်။ အရှင်ခေမကနှင့် ဝါကြီးရဟန်းအပါး ၆၀ တို့ ခန္ဓာငါးပါးအကြောင်းကို အပြန်အလှန် ဆွေးနွေးရင်း အားလုံး ရဟန္တာဖြစ်သွားခြင်းကို ဖော်ပြထားပါသည်။

သန ၂၂.၉၀: ဆန္နသုတ်To Channa [Thanissaro] [Bodhi]
မြတ်စွာဘုရား မင်းသားဘဝမှ မြင်းထိန်းဖြစ်ခဲ့သော အရှင်ဆန္နက အရှင်အာနန္ဒာကို တရားဟောရန် လျှောက်သော အကြောင်းဖြစ်သည်။ အရှင်အာနန္ဒာက မြတ်စွာဘုရား ဟောကြားခဲ့သော သန ၁၂.၁၅: ကစ္စာနဂေါတ္တသုတ်မှ မှန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ နှင့် ပဋိစ္စသမုပ္ပါဒ် ဆက်စပ်ပုံ တရားတော်ကို ပြန်လည် ဟောကြားထားပါသည်။

သန ၂၂.၉၃: နဒီသုတ်The River [Thanissaro] [Bodhi]
သင်ကြားလေ့လာမှု မရှိသောသူသည် ခန္ဓာငါးပါးကို မိမိပိုင်ဟု ထင်၍ အားကိုးသောကြောင့် အကျိုးမဲ့ ပျက်စီးရသည်ဟု ဟောကြားထားပါသည်။

  သန ၂၂.၉၅: ဖေဏပိဏ္ဍူပမသုတ်Foam [Thanissaro] [Bodhi]
ခန္ဓာငါးပါး၏ သဘော သဘာဝနှင့် အနှစ်မရှိပုံကို အလွန်ရှင်းလင်းသော ဥပမာများဖြင့် ဟောကြားထားပါသည်။

သန ၂၂.၉၇: နခသိခါသုတ်The Tip of the Fingernail [Thanissaro] [Bodhi]
မည်သည့်အရာမှ မည်မျှနည်းသည်ဖြစ်စေ မပြောင်းလဲ တည်တန့်ခြင်းမရှိ။

သန ၂၂.၉၉: ဂဒ္ဒုလဗဒ္ဓသုတ် The Leash (1) [Thanissaro]  [Bodhi]
တိုင်တွင် ကပ်ချည်ထားသော ခွေးသည် တိုင်နားတွင် တဝဲလည်လည် နေရသကဲ့သို့ ခန္ဓာငါးပါးကို ဖောက်ထွင်း၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မမြင်မသိပါက သံသရာ လည်နေရဦးမည်။

သန ၂၂.၁၀၀: ဒုတိယ ဂဒ္ဒုလဗဒ္ဓသုတ်The Leash (2) [Thanissaro] [Bodhi]
တိုင်တွင် ကပ်ချည်ထားသော ခွေးသည် တိုင်နားတွင် တဝဲလည်လည် နေရသကဲ့သို့ ခန္ဓာငါးပါးကို ဖောက်ထွင်း၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မမြင်မသိပါက သံသရာ လည်နေရဦးမည်။

သန ၂၂.၁၀၁: ဝါသိဇဋသုတ်The Ship [Thanissaro] [Bodhi]
အသဝေါကုန်၍ လွတ်မြောက်မှုကို တောင့်တရုံသက်သက်ဖြင့် မရနှိင်။ ကျင့်ကြံနေသောသူသည် တောင့်တသည်ဖြစ်စေ မတောင့်တသည်ဖြစ်စေ အသဝေါမှ လွတ်မြောက်ကြောင်းကို အလွန်ရှင်းလင်းသော ဥပမာများဖြင့် ဟောကြားထားပါသည်။

သန ၂၂.၁၀၉: သောတာပန္နသုတ်The Sotaapanna (‘Stream-winner’) [Walshe] 
မည်သို့သိသူ မြင်သူသည် သောတာပန် ဖြစ်သနည်း။

သန ၂၂.၁၁၀: အရဟန္တသုတ် The Arahant [Walshe] 
မည်သို့သိသူ မြင်သူသည် ရဟန္တာ ဖြစ်သနည်း။

သန ၂၂.၁၂၁: ဥပဒါနိယသုတ်Clinging [Thanissaro]
မည်သည့်အရာကို စွဲလမ်းသနည်း၊ စွဲလမ်းမှု ဥပါဒန် သည် အဘယ်ကို စွဲလန်းသနည်း။

  သန ၂၂.၁၂၂: သီလဝန္တသုတ်Virtuous [Thanissaro]
အရှင်သာရိပုတြာက သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် ရနည်းကို ဟောကြားထားပါသည်။

၂၃. ရာဓသံယုတ် – Ven. Radha

သန ၂၃. ၂: သတ္တသုတ်A Being [Thanissaro]
ကလေးငယ်တို့ မြေမှုန့်တို့ဖြင့် အိမ်ငယ်ပြုလုပ် ဆော့ကစားခြင်း၌ တွယ်တာနေသကဲ့သို့ ခန္ဓာငါးပါးကို ငြီးငွေ့ခြင်းမရှိဘဲ တွယ်တာနေသေးလျှင် လွတ်မြောက်မည် မဟုတ်။

၂၅. ဩက္ကန္တသံသသံယုတ် – Entering

သန ၂၅. ၁: စက္ခုသုတ်The Eye [Thanissaro]
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် နှင့် စိတ်တို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

  သန ၂၅. ၂: ရူပသုတ်Forms [Thanissaro]
အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အတွေ့ နှင့် သဘောတရားတို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

သန ၂၅. ၃: ဝိညာဏသုတ်Consciousness [Thanissaro]
မျက်စိ၌ မှီသောစိတ်၊ နား၌ မှီသောစိတ်၊ နှာခေါင်း၌ မှီသောစိတ်၊ လျှာ၌ မှီသောစိတ်၊ ကိုယ်၌ မှီသောစိတ် နှင့် မနော၌ မှီသောစိတ်တို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

သန ၂၅. ၄: သမ္ဖဿသုတ်Contact [Thanissaro]
မျက်စိ အတွေ့၊ နား အတွေ့၊ နှားခေါင်း အတွေ့၊ လျှာ အတွေ့၊ ကိုယ် အတွေ့နှင့် မနော အတွေ့တို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

သန ၂၅. ၅: သမ္ဖဿဇာသုတ်Feeling [Thanissaro]
မျက်စိ အတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ နား အတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ နှာခေါင်း အတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ လျှာ အတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ ကိုယ် အတွေ့ကြောင့်ဖြစ်သော ဝေဒနာ နှင့် မနော အတွေ့ကြောင့်ဖြစ်သော ဝေဒနာတို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

သန ၂၅. ၆: ရူပသညာသုတ်Perception [Thanissaro]
အဆင်း၌ ဖြစ်သော မှတ်သားမှု ‘သညာ’ ၊ အသံ၌ ဖြစ်သော မှတ်သားမှု ‘သညာ’၊  အနံ့ ၌ ဖြစ်သော မှတ်သားမှု ‘သညာ’ ၊ အရသာ၌ ဖြစ်သော မှတ်သားမှု ‘သညာ’ ၊ အတွေ့၌ ဖြစ်သော မှတ်သားမှု ‘သညာ’  နှင့် သဘောတရား၌ ဖြစ်သော မှတ်သားမှု ‘သညာ’ တို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

သန ၂၅. ၇: ရူပသဉ္စေတနာသုတ် – Intention [Thanissaro]
အဆင်း၌ စေ့ဆော်မှု ‘စေတနာ’၊ အသံ၌ စေ့ဆော်မှု ‘စေတနာ’၊  အနံ့ ၌ စေ့ဆော်မှု ‘စေတနာ’၊ အရသာ၌ စေ့ဆော်မှု ‘စေတနာ’ ၊ အတွေ့၌ စေ့ဆော်မှု ‘စေတနာ’ နှင့် သဘောတရား၌ စေ့ဆော်မှု ‘စေတနာ’တို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

သန ၂၅. ၈: ရူပတဏှာသုတ် Craving [Thanissaro]
အဆင်း၌ တပ်မက်မှု ‘တဏှာ’၊ အသံ၌ တပ်မက်မှု ‘တဏှာ’၊  အနံ ၌ တပ်မက်မှု ‘တဏှာ’၊ အရသာ၌ တပ်မက်မှု ‘တဏှာ’ ၊ အတွေ့၌ တပ်မက်မှု ‘တဏှာ’ နှင့် သဘောတရား၌ တပ်မက်မှု ‘တဏှာ’တို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

သန ၂၅. ၉: ပထဝီဓာတုသုတ်Properties [Thanissaro]
မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်၊ အကာသဓာတ် နှင့် ဝိညာဏ်ဓာတ် တို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

သန ၂၅. ၁၀: ခန္ဓသုတ်Aggregates [Thanissaro]
ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ နှင့် ဝိညာဏ် တို့၏ မမြဲခြင်းသဘော တစ်မျိုးတစ်ဖုံ ဖြစ်တတ်ခြင်း သဘောကို နားလည်သောသူသည် သောတာပတ္တိဖိုလ်ကို ယခုဘဝတွင်ပင် ရလိမ့်မည်ဟု ဟောကြားထားပါသည်။

၂၇. ကိလေသသံယုတ် – Defilements

သန ၂၇. ၁: စက္ခုသုတ်The Eye
မျက်စိ၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၂: ရူပသုတ်Forms
အဆင်း၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၃: ဝိညာဏသုတ်Consciousness
အာရုံတံခါးတို့တွင်ဖြစ်သော သိစိတ်၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၄: သမ္ဖဿသုတ် Contact
အာရုံတံခါးတို့တွင်ဖြစ်သော အတွေ့၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၅: သမ္ဖဿဇာသုတ်Feeling
အာရုံတံခါးတို့တွင်ဖြစ်သော ခံစားမှု၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၆: သညာသုတ်Perception
ပြင်ပအာရုံခံပစ္စည်း တို့ပေါ်တွင်ဖြစ်သော မှတ်သားမှု၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၇: သဉ္စေတနာသုတ် – Intention
ပြင်ပအာရုံခံပစ္စည်း တို့ပေါ်တွင်ဖြစ်သော စေ့ဆော်မှု၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၈: တဏှာသုတ်Craving
ပြင်ပအာရုံခံပစ္စည်း တို့ပေါ်တွင်ဖြစ်သော လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၉: ဓာတုသုတ်Properties
ဓာတ်တို့၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။

သန ၂၇. ၁၀: ခန္ဓသုတ်Aggregates
ခန္ဓာငါးပါး၌ လိုချင်တပ်မက်မှု ဆန္ဒရာဂသည် ကိလေသာ (စိတ်ညစ်ညူးမှု)ဖြစ်သည်။ ထိုကိလေသာကို ပယ်လျှင် ရရှိသော အကျိုးကို ဟောကြားထားပါသည်။