၎ – စတုက္ကနိပါတ်

စတုက္ကနိပါတ် – Book of the Fours

အန ၄.၁: အနုဗုဒ္ဓသုတ်Understanding [Thanissaro] [Bodhi]
အဘယ်အကြောင်းကြောင့် သတ္တဝါများ သံသရာ လှည့်လည်နေကြသနည်း။

အန ၄.၅: အနုသောတသုတ်With the Flow [Thanissaro] [Bodhi]
ဤသံသရာတွင် တွေ့ရသော ပုဂ္ဂိုလ် ၄ မျိုး အကြောင်းကို ဟောကြားထားပါသည်။

  အန ၄.၁၀: ယောဂသုတ် – Bondage/Yokes [Nizamis | Thanissaro] [Bodhi]
ချည်နှောင်ခံရတတ်သည့် ယောဂ ၄ မျိုး အကြောင်းကို ဟောကြားထားပါသည်။

အန ၄.၁၉: တတိယ အဂတိဂမနသုတ်Off Course [Thanissaro] [Bodhi]
အဂတိလိုက်စားရသော အကြောင်းအရင်း ၄ မျိုးကို ဟောကြားထားပါသည်။

အန ၄.၂၄: ကာဠကာရာမသုတ်At Kalaka’s Park [Thanissaro] [Bodhi]
မြတ်စွာဘုရားသည် တရားအလုံးစုံကို ကိုယ်တိုင်သိတော်မူသော်လည်း “ငါသိ၏ ငါမြင်၏ ဤမျှသာဖြစ်၏” ဟုယူတော်မှု၏။ ထိုတရားတို့ကို စွဲလန်းမနေ။

အန ၄.၂၈: အရိယဝံသသုတ်The Discourse on the Traditions of the Noble Ones [Thanissaro] [Bodhi]
မည်သည့်ကာလမဆို အမြဲမှန်ကန်စွာ ကျင့်သုံးနေမည့် ရဟန်းတရား ၄ ပါးကို ဟောကြားထားပါသည်။

အန ၄.၃၁: စက္ကသုတ်Wheels [Thanissaro] [Bodhi]
စည်းစိမ်ဥစ္စာ အခြံအရံ အကျော်အစောနှင့် ချမ်းသာခြင်းတို့ ပြည့်စုံလို ပါသလား၊ ဤသုတ်တွင် ဖော်ပြထားပါသည်။

အန ၄.၃၂: သင်္ဂဟသုတ်The Bonds of Fellowship [Thanissaro] [Bodhi]
မိတ်ဆွေအပေါင်းအသင်းကြား၊ မိဘနှင့် သားသမီးကြား ဆက်ဆံရေး အဆင်ပြေ ချောမွှေ့လိုပါသလား၊ ဤသုတ်တွင် ဖော်ပြထားပါသည်။

အန ၄.၃၅: ဝဿကာရသုတ်With Vassakara [Thanissaro] [Bodhi]
ပုဏ္ဏားဝါဒအလိုအရ ပညာရှိတို့ ရှိအပ်သော တရား ၄ မျိုးနှင့် မြတ်စွာဘုရား အလိုအရ ပညာရှိတို့ ရှိအပ်သော တရား ၄ မျိုး မတူပုံကို တွေ့ရပါမည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်မှ ပုဏ္ဏားဝါဒပညာရှိ တရားသည် လောကီ အမြင်မှကြည့်လျှင် အလွန်ယဉ်ကျေးမှု အဆင့်မြင့်သည်ကို တွေ့ရပါသည်။

အန ၄.၃၆: ဒေါဏသုတ်With Dona [Thanissaro] [Bodhi]
ငြိမ်သက် အေးချမ်းနေသော မြတ်စွာဘုရားကို မြင်၍ ပုဏ္ဏားတစ်ဦးက “လူလေလော နတ်လေလော”ဟု မေးသော အကြောင်းဖြစ်သည်။

အန ၄.၃၇: အပရိဟာနိယသုတ်No Falling Away [Thanissaro]  [Bodhi]
“ဤတရား ၄ မျိုးကို လိုက်နာကျင့်သုံးလျှင် နိဗ္ဗာန်သည် အနီး၌သာ ဖြစ်၏”ဟု ဟောကြားထားပါသည်။

အန ၄.၄၁: သမာဓိဘာဝနာသုတ်Concentration [Thanissaro] 
သမာဓိထူထောင်လျှင် ဤအကျိုး ၄ မျိုးထဲမှ တစ်မျိုးမျိုးကို ရနိုင်သည်။ ယင်း ၄ မျိုးတို့မှာ ၁. ဈာန်ရ၍ အေးချမ်းခြင်း ၂. ဉာဏ်အမြင် ရခြင်း ၃. အောက်မေ့ခြင်း ‘သတိ’ နှင့် ဆင်ခြင်ဉာဏ် ‘သမ္ပဇဉ်’ ရခြင်း ၄. အာသဝေါတရားတို့ ကုန်ခန်းခြင်း တို့ဖြစ်သည်။

အန ၄.၄၂: ပဉှဗျာကရဏသုတ်Questions [Thanissaro]
စကားပြောဆို ဆွေးနွေးရာတွင် မှန်တာပြောရုံသက်သက်ဖြင့် မြတ်စွာဘုရား အလိုတော်သို့ မရောက်၊ ဤသုတ်တွင်ပါသော အကြောင်း ၄ မျိုးနှင့်လည်း ကိုက်ညီရသည်။

အန ၄.၄၅: ရောဟိတဿသုတ် To Rohitassa [Thanissaro]
မွေးခြင်း အိုခြင်း နာခြင်း သေခြင်း ကင်းသောနေရာ လောကတွင်လိုက်ရှာစရာမလို၊ ဤကိုယ်တွင် ရှာရသည်။

အန ၄.၄၉: ဝိပလ္လာသသုတ် – Distortions of the Mind/Perversions [Olendzki | Thanissaro]
သညာ၏ ဖောက်ပြန် မှားယွင်းမှု ၄ မျိုးကြောင့် ယောဂ ၄ မျိုးဖြင့် ချည်နှောင်ခံရ၍ သံသရာလည်နေရသည်။

အန ၄.၅၀: ဥပက္ကိလေသသုတ်Obscurations [Thanissaro] 
ရဟန်းတို့ကို ညစ်နွမ်းစေသော တရား ၄ မျိုးအကြောင်းကို ဟောထားပါသည်။

အန ၄.၅၅: ပဌမ သမဇီဝီသုတ်Living in Tune [Thanissaro]  [Bodhi]
လင်နှင့် မယား ဘဝအဆက်ဆက် အတူတူပေါင်းသင်း လိုပါသလား၊ ဤသုတ်တွင် မြတ်စွာဘုရားက နည်းပေးထားပါသည်။ နကုလပိတာသူကြွယ်ဇနီးမောင်နှံသည် “ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာ ဥပါသကာမ တို့တွင် နကုလပိတာသူကြွယ်ဇနီးမောင်နှံသည် အမြတ်ဆုံး ပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ဥပါသကာ ဥပါသကာမတို့ ဖြစ်သည်။

အန ၄.၆၂: အာနဏျသုတ် – Debtless [Thanissaro] [Bodhi]
]မြတ်စွာဘုရားသည် ကြိုးစားအားထုတ်၍ ရှာမှီးထားသော စည်းစိမ်ဥစ္စာတို့ကို လောကီလူဘဝတွင် ချမ်းသာသောအရာဟု အသိအမှတ်ပြုပါသည်။ သို့သော် အပြစ်မရှိမှု ချမ်းသာသည် အမြင့်ဆုံးဖြစ်သည်ဟု ဟောကြားထားပါသည်။

အန ၄.၆၇: အဟိရာဇသုတ် – A Snake/By a Snake  [Piyadassi | Thanissaro]
မေတ္တာပို့သခြင်းဖြင့် မြွေဘေးကင်းနည်းကို ဟောကြားထားပါသည်။

  အန ၄.၇၃: သပ္ပုရိသသုတ်A Person of Integrity [Thanissaro]
သူတော်ကောင်းနှင့် သူယုတ်မည်သို့ ခွဲခြားမည်နည်း။ ဘာသာမရွေး လူမျိုးမရွေး လက်ခံနိုင်သော အချက်အလက်များ ပါရှိပါသည်။

အန ၄.၇၇: အစိန္တေယျသုတ်Unconjecturable [Thanissaro]
ဤအကြောင်းအရာ ၄ မျိုးကို တွေးတောကြံစလျှင် ဆင်းရဲပင်ပန်း၍ ရူးသွပ်ခြင်းသာ ဖြစ်လိပ်မည်။

အန ၄.၇၉: ဝဏိဇ္ဇသုတ်Trade [Thanissaro]
ကြိုးစားအားထုတ်၍ စီးပွားရှာကြသူတို့တွင် အချို့သူတို့မှာ မှန်းထားသည်ထက် အောင်မြင်အဆင်ပြေ၍ အချို့သူတို့မှာ မအောင်မြင်ကြ၊ အဘယ်ကြောင့်နည်း။ ဤသုတ်တွင် မြတ်စွာဘုရားက ရှင်းလင်းပြောကြားထားပါသည်။

အန ၄.၈၅: တမောတမသုတ်Darkness [Thanissaro]
ချမ်းသာသောမိဘ၊ ချမ်းသာသောတိုင်းပြည်၌ ပဋိသန္ဓေနေရန် ရွေးချယ်၍မရခဲ့၊ သို့သော် ယခုဘဝ တိုးတက်ရန် နောင်ဘဝကောင်းစားရန်မှာ ယခုသင့်လက်ထဲတွင် ရှိနေပါသည်။

  အန ၄.၉၄: တတိယ သမာဓိသုတ် –  Concentration (Tranquillity and Insight) [Thanissaro]
သမထနှင့် ဝိပဿနာကိုစုံတွဲ၍ ထူထောင်ရန် ဟောကြားထားသော သုတ်ဖြစ်ပါသည်။

အန ၄.၉၅: ဆဝါလာတသုတ် – Wood from a Pyre/The Firebrand [Buddharakkhita | Thanissaro]
သူတစ်ပါးအကျိုးဆောင်ခြင်းနှင့် မိမိအကျိုးဆောင်ခြင်း မည်သည်ကပိုမြတ်သနည်း။ သင်မထင်ထားသော အဖြေဖြစ်နိုင်သည်။

အန ၄.၉၆: ရာဂဝိနယသုတ်The Subduing of Passion [Thanissaro]
သူတစ်ပါးအကျိုးဆောင်ခြင်းနှင့် မိမိအကျိုးဆောင်ခြင်းပေါ်မူတည်၍ ပုဂ္ဂိုလ် ၄ မျိုးကွဲပြားပုံကို ဟောကြားထားပါသည်။

အန ၄.၉၉: သိက္ခာပဒသုတ်Trainings [Thanissaro]
သီလဆောက်တည်ခြင်းပေါ်မူတည်၍ ပုဂ္ဂိုလ် ၄ မျိုးကွဲပြားပုံကို ဟောကြားထားပါသည်။

အန ၄.၁၀၂: ဒုတိယ ဝလာဟကသုတ်Thunderheads [Thanissaro]
တရားတော်များကို လေ့လာကျွမ်းကျင်ရုံနှင့် မလုံလောက်၊ သစ္စာတရားကို ကိုယ်တိုင်ထိုးထွင်းသိဖို့ လိုသေးသည်။

အန ၄.၁၁၁: ကေသိသုတ်To Kesi the Horsetrainer [Thanissaro]
မြတ်စွာဘုရား၏ဂုဏ်တော်တစ်ပါးတွင် “ဆုံးမထိုက်သူတို့ကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူပါ၏၊” ဟုပါရှိပါသည်။ ဤသုတ်တွင် ဆုံးမနည်းကို ဟောကြားထားပါသည်။

အန ၄.၁၁၃: ပတောဒသုတ် – The Goad-stick/The Goad [Thanissaro | Woodward]
တွေ့ကြုံရသော ဆင်းရဲခြင်း၊ သေခြင်း ဒုက္ခတို့၏ အတိုင်းအတာပေါ်မူတည်၍ တရားဘာဝနာ ဆောက်တည်ကြသော ပုဂ္ဂိုလ် ၄ မျိုး အကြောင်းကို ဟောကြားထားပါသည်။

အန ၄.၁၁၅: ဌာနသုတ်Courses of Action [Thanissaro]
ဆောင်ရွက်လိုသော အရာနှင့် အကျိုးရှိမှု အမြဲမတိုက်ဆိုင်သောအခါဘယ်သို့ ဆုံးဖြတ်မည်နည်း။ ဤသုတ်တွင် မြတ်စွာဘုရားက အကြံပေးထားပါသည်။

အန ၄.၁၂၃: ပဌမ နာနာကရဏသုတ်Mental Absorption (1) [Thanissaro]
သာမန်လူနှင့် မြတ်စွာဘုရား၏တပည့်တို့ ဈာန်သမာပတ်ရ၍ ဗြဟ္မာဘုံသို့ ရောက်ခြင်းတူနိုင်သော်လည်း မြတ်စွာဘုရား၏တပည့်တို့မှာ ထိုဗြဟ္မာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုနိုင်သည်ဟု ဟောကြားထားပါသည်။

အန ၄.၁၂၄: ဒုတိယ နာနာကရဏသုတ်Mental Absorption (2) [Thanissaro]
ဈာန်သမာပတ်ရနေချိန်၌ ခန္ဓာငါးပါးကို ရှုခြင်း ၁၁ မျိုးဖြင့် ရှုနိုင်ခဲ့ပြီး သေဆုံးသောအခါ အနာဂါမ်တို့နေရာ သုဒ္ဓါဝါသဗြဟ္မာဘုံသို့ ရောက်၏။

အန ၄.၁၂၅: ပဌမ မေတ္တာသုတ် – Loving-kindness (1)/Good Will (1) [Ñanamoli | Thanissaro]
သာမန်လူနှင့် မြတ်စွာဘုရား၏တပည့်တို့ ဗြဟ္မာဝိဟာရ (မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ) ဖြင့် ဈာန်သမာပတ်ရ၍ ဗြဟ္မာဘုံသို့ ရောက်ခြင်းတူနိုင်သော်လည်း မြတ်စွာဘုရား၏တပည့်တို့မှာ ထိုဗြဟ္မာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုနိုင်သည်ဟု ဟောကြားထားပါသည်။

အန ၄.၁၂၆: ဒုတိယ မေတ္တာသုတ် – Loving-kindness (2)/Good Will (2) [Ñanamoli | Thanissaro]
ဗြဟ္မာဝိဟာရ (မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ) ဖြင့် ဈာန်သမာပတ်ရနေချိန်၌ ခန္ဓာငါးပါးကို ရှုခြင်း ၁၁ မျိုးဖြင့် ရှုနိုင်ခဲ့ပြီး သေဆုံးသောအခါ အနာဂါမ်တို့နေရာ သုဒ္ဓါဝါသဗြဟ္မာဘုံသို့ ရောက်၏။

အန ၄.၁၄၄: သြဘာသသုတ်Brightness [Thanissaro]
အလင်းရောင်အားလုံးတွင် ပညာအလင်းရောင်သည် အမြတ်ဆုံးဖြစ်သည်။

အန ၄.၁၅၉: ဘိက္ခုနီသုတ် The Nun [Thanissaro]
ဤကိုယ်ခန္ဓာသည် အာဟာရ၊တဏှာ၊မာနနှင့် မေထုန်မှုကို မှီ၍ဖြစ်တည်လာသည်။ ထိုအာဟာရ၊တဏှာနှင့် မာနကို အာဟာရ၊တဏှာ၊မာနကိုပင်မှီ၍ ပယ်ရသည်။ သို့သော် မေထုန်မှုကို မေထုန်မှုကိုမှီ၍ မပယ်ရ။

အန ၄.၁၅၆: ကပ္ပသုတ်
Eon (World cycle) တစ်ခုဖြစ်ချိန် ပျက်ချိန် များကို နှစ်ကာလ အပိုင်းအခြားဖြင့် ဖော်ပြရန် မလွယ်ကြောင်း ဟောကြားထားပါသည်။ မြန်မာပြန်တွင် “ကပ္ပ” Eon (World cycle) ကို “ကမ္ဘာ” ဟု နားလည်လွယ်ရန် ပြန်ဆိုထားပါသည်။

အန ၄.၁၆၂: ဝိတ္ထာရသုတ်(Modes of Practice) in Detail [Thanissaro]
မိမိ၏ပင်ကိုယ်စရိုက်ပေါ်မူတည်၍ တရားအားထုတ်ရာတွင် ချမ်းသာစွာကျင့်ရခြင်း သို့မဟုတ် ဆင်းရဲစွာကျင့်ရခြင်း ဖြစ်နိုင်သော်လည်း လျှင်မြန်စွာတရားတိုးတက်ရေးမှာ မိမိအရည်အချင်း ကြိုးစားအားထုတ်မှု စသည်တို့ဖြင့်သာဆိုင်သည်။

အန ၄.၁၆၃: အသုဘသုတ်Unattractiveness [Thanissaro]
တရားအားထုတ်ရာတွင် ချမ်းသာစွာကျင့်နည်းနှင့် ဆင်းရဲစွာကျင့်နည်း နှစ်နည်းရှိသော်လည်း လျင်မြန်စွာတရားတိုးတက်ရေးမှာ မိမိအရည်အချင်း ကြိုးစားအားထုတ်မှု စသည်တို့ဖြင့်သာဆိုင်သည်။

အန ၄.၁၆၄: ပဌမ ခမသုတ်Tolerant (1) [Thanissaro]
၎ မျိုးသော အကျင့်တို့တွင် အဘယ်အကျင့်ကို ကျင့်သုံးမည်နည်း။

အန ၄.၁၆၅: ဒုတိယ ခမသုတ် Tolerant (2) [Thanissaro]
၎ မျိုးသော အကျင့်တို့တွင် အဘယ်အကျင့်ကို ကျင့်သုံးမည်နည်း။

  အန ၄.၁၇၀: ယုဂနန္ဓသုတ်In Tandem [Thanissaro]
အရှင်အာနန္ဒာက သမထနှင့် ဝိပဿနာ အချင်းချင်း အမှီပြု၍ ရဟန္တာအဖြစ်သို့ ရောက်ရပုံကို ဟောကြားထားပါသည်။

အန ၄.၁၇၃: မဟာကောဋ္ဌိကသုတ်To Kotthita [Thanissaro]
‘ဖဿာယတန’ ခြောက်ပါး တို့၏ အကြွင်းမဲ့ ကင်းခြင်း ချုပ်ခြင်းသည် ပပဉ္စတရားတို့၏ ချုပ်ခြင်းသည် ဖြစ်၏။

အန ၄.၁၇၈: ဇမ္ဗာလီသုတ်The Waste-water Pool [Thanissaro]
သကာယနှင့် အဝိဇ္ဇာ ချုပ်နိုင်ပုံ မချုပ်နိုင်ပုံကို အလွန်ပေါ်လွင်သော ဥပမာများဖြင့် ဟောကြားထားပါသည်။

အန ၄.၁၇၉: နိဗ္ဗာနသုတ် –  Unbinding [Thanissaro]
အဘယ်အကြောင်းကြောင့် အချို့သူတို့ မျက်မှောက်ဘဝတွင် နိဗ္ဗာန်မရနိုင်ကြသနည်း။

အန ၄.၁၈၁: ယောဓာဇီဝသုတ်The Warrior [Thanissaro]
ရဟန်း၏ အင်္ဂါ ၄ ရပ်ကို မြားသည်တော် သူရဲကောင်း ဥပမာဖြင့် ဟောထားပါသည်။

အန ၄.၁၈၃: သုတသုတ်On What is Heard [Thanissaro]
စကားကို မှန်တိုင်း ပြောသင့်သည် ထင်ပါသလား။

အန ၄.၁၈၄: အဘယသုတ်Fearless [Thanissaro]
အချို့ သေခြင်းတရားကို ကြောက်၍ အချို့ မကြောက်၊ အဘယ့်ကြောင့်နည်း။

အန ၄.၁၉၂: ဌာနသုတ်Traits [Thanissaro]
လူ့စရိုက် လူ့အရည်အသွေးစီစစ်နည်းကို ဟောကြားထားပါသည်။

အန ၄.၁၉၉: တဏှာသုတ်Craving [Thanissaro]
မိမိကိုယ်ကို တဏှာရှိမရှိ မည်သို့စစ်မည်နည်း။ ဤသုတ်တွင်ပါသော စကား ၃၆ ခွန်းကို စိတ်ထဲတွင် ပြောမိပါက တဏှာရှိနေသည်။

အန ၄.၂၀၀: ပေမသုတ်Affection [Thanissaro]
ချစ်ခြင်းကြောင့် ချစ်ခြင်းဖြစ်၏။ ချစ်ခြင်းကြောင့် ဒေါသဖြစ်၏။ ဒေါသကြောင့် ချစ်ခြင်းဖြစ်၏။ ဒေါသကြောင့် ဒေါသဖြစ်၏။ ချစ်ခြင်းနှင့် ဒေါသကင်းနည်းကို ဟောကြားထားပါသည်။

အန ၄.၂၃၇: အရိယမဂ္ဂသုတ်The Noble Path [Thanissaro]
ကံ ၄ မျိုး၏ အကျိုးကို ဟောကြားထားပါသည်။ မည်းညစ်သောကံထက် ဖြူစင်သောကံက ပိုကောင်းပါသည်။ သို့သော် မမည်းညစ် မဖြူစင်သည့် ကံကုန်ဆုံးသော ကံက ပို၍ကောင်းပါသည်။

အန ၄.၂၄၅: သိက္ခာနိသံသသုတ်Training [Thanissaro]
ရဟန်းတရားသည် အကျင့်သိက္ခော၊ ပညာ၊ ဝိမုတ္တိ၊ သတိ တို့ဖြင့် ပြီးပြည့်စုံရသည်။

အန ၄.၂၅၅: ပရိယေသနသုတ်Searches [Thanissaro]
အရိယာမဟုတ်သူတို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်း စိုးရိမ်ပူပန်ခြင်းတို့ကို ရရှိလျှက် လိုက်၍ရှာနေကြသည်။

အန ၄.၂၅၈: ကုလသုတ်On Families [Thanissaro]
မိသားစု စည်းစိမ် လျော့နည်းခြင်းကင်းလို ပါသလား၊ ဤသုတ်တွင် နည်းပေးထားပါသည်။

အန ၄.၂၆၂: အရညသုတ်A Wilderness Dweller [Thanissaro]
တောကျောင်း၌ သတင်းသုံးလိုသော ရဟန်းတို့ရှိရမည့် တရား ၄ ပါး။