မဟာဝဂ် ၄၅ – ၅၆

မဟာဝဂ္ဂ: The Great Section

သံယုတ္တ: ၄၅ ၊ ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ ၊ ၅၀ ၊ ၅၁ ၊ ၅၂ ၊ ၅၃ ၊ ၅၄ ၊ ၅၅ ၊ ၅၆ ၊

၄၅. မဂ္ဂသံယုတ် – The Noble Eightfold Path

သန ၄၅.၁: အဝိဇ္ဇာသုတ်Ignorance [Thanissaro]  [Bodhi]
မှားသောအမြင် ရှိလျှင် မှားသောအတွေးရှိနိုင်သည်။ မှားသောအတွေး ရှိလျှင် မှားသောစကား ပြောမိနိုင်သည်။ မှားသောစကား ပြောလျှင် မှားသောလုပ်ရပ်များ လုပ်နိုင်သည်။ မှားသောလုပ်ရပ်များ လုပ်လျှင် မှားသောအသက်မွေးမှု မွေးမိနိုင်သည်။ မှားသောအသက်မွေးမှု ပြုလျှင် မှားသောအားထုတ်မှု ပြုနိုင်သည်။ မှားသောအားထုတ်မှု ပြုလျှင် မှားသောသတိရှိနိုင်သည်။ မှားသောသတိရှိလျှင် မှားသောတည်ကြည်မှု ဖြစ်နိုင်သည်။

သန ၄၅.၂: ဥပဍ္ဎသုတ် – Half (of the Holy Life) [Thanissaro]  [Bodhi]
“မိတ်ဆွေကောင်း ရှိခြင်းသည် အကျင့်မြတ်၏ ထက်ဝက် ပြည့်စုံသည်”ဟု ပြောမိသော အရှင်အာနန္ဒာကို ဆုံးမသော အကြောင်းဖြစ်သည်။ အရိယာမဂ်ကို မည်သို့ ပွားများရမည်ကို ဟောကြားထားပါသည်။

  သန ၄၅.၈: ဝိဘင်္ဂသုတ်An Analysis of the Path [Thanissaro] [Bodhi]
အရိယာမဂ် ၈ပါးကို အဓိပ္ပါယ်ဖွင့် ဟောကြားထားပါသည်။

  သန ၄၅.၁၅၉: အာဂန္တုကသုတ်For All Comers [Walshe] [Bodhi]
အရိယာမဂ် ၈ပါးကို အကြိမ်များစွာ ကျင့်ကြံလျှင် ထိုးထွင်း၍ သိသင့်သောတရားတို့ကို ထိုးထွင်း၍ သိသည်။ ထိုးထွင်းသိသော ဉာဏ်ဖြင့် စွန့်ပယ်သင့်သည့်တရားတို့ကို စွန့်ပယ်သည်။ ထိုးထွင်းသိသော ဉာဏ်ဖြင့် မျက်မှောက်ပြု နားလည်သင့်သောတရားတို့ကို မျက်မှောက်ပြု နားလည်သည်။ ထိုးထွင်းသိသော ဉာဏ်ဖြင့် ကျင့်ကြံအားထုတ်ရမည့်တရားတို့ကို ကျင့်ကြံအားထုတ်သည်။

သန ၄၅.၁၆၅: ဒုက္ခတာသုတ် Suffering [Walshe] [Bodhi]
ဒုက္ခ ၃ မျိုးရှိကြောင်း ဟောထားပါသည်။

သန ၄၅.၁၇၂: သြဃသုတ်Floods (1) [Thanissaro] [Bodhi]
သံသရာ လည်စေတတ်သော သြဃ ၄ မျိုးရှိကြောင်း ဟောထားပါသည်။

၄၆. ဗောဇ္ဈင်္ဂသံယုတ် – The Seven Factors for Awakening

သန ၄၆.၁: ဟိမဝန္တသုတ်The Himalayas [Thanissaro] [Bodhi]
ဗောဇ္ဈင်ခုနစ်ပါးတို့သည် သီလကို အမှီပြု၍ ကျင့်ကြံပွားများရသည်ဟု ဟောကြားထားပါသည်။

  သန ၄၆.၆: ကုဏ္ဍလိယသုတ် – [Bodhi]
အသိဉာဏ် “ဝိဇ္ဇာ”၊ လွတ်မြောက်မှု “ဝိမုတ္တိ”၊ သတိပဋ္ဌာန် ၄ ပါး၊ ဗောဇ္ဈင် ၇ ပါး ဆက်စက်ပုံကို ဟောကြားထားပါသည်။

သန ၄၆.၁၄: ပဌမ ဂိလာနသုတ် – Ill [Piyadassi | Thanissaro] [Bodhi]
မြတ်စွာဘုရားက အပြင်းအထန် နေမကောင်းဖြစ်နေသော အရှင်မဟာကဿပကို ဗောဇ္ဈင်ခုနစ်ပါးတရားတော် ဟောကြားခြင်းဖြစ်သည်။

သန ၄၆.၁၆: တတိယ ဂိလာနသုတ်Ill [Piyadassi] [Bodhi]
အရှင်မဟာစုန္ဒက အပြင်းအထန် နေမကောင်းဖြစ်နေသော မြတ်စွာဘုရားကို ဗောဇ္ဈင်ခုနစ်ပါးတရားတော် ရွတ်ဆိုခြင်းဖြစ်သည်။

  သန ၄၆.၅၁: အာဟာရသုတ်Food [Thanissaro] [Bodhi]
တရားတက်ခြင်းကို ပိတ်ပင်တတ်သော နီဝါရဏ ၅ ပါးနှင့် တရားပြည့်စုံခြင်းကို ဖြစ်စေတတ်သော ဗောဇ္ဈင်ခုနစ်ပါးတရားတော်တို့၏ ဖြစ်ခြင်းနှင့် ပျက်ခြင်း၏အကြောင်းအရင်း အထောက်အပံ့ကို ဟောကြားထားပါသည်။

  သန ၄၆.၅၂: ပရိယာယသုတ် – [Bodhi]
သာသနာပြင်ရှိ ဗောဇ္ဈင်ခုနစ်ပါးတရားတော်နှင့် သာသနာတွင်းရှိ ဗောဇ္ဈင်ခုနစ်ပါးတရားတော်တို့ ကွာခြားပုံကို ဟောကြားထားပါသည်။

  သန ၄၆.၅၃: အဂ္ဂိသုတ်Fire [Thanissaro | Walshe (excerpt)] [Bodhi]
စိတ်လေးလံ ထိုင်းမှိုင်းသောအခါနှင့် စိတ်ဂနာမငြိမ် ဖြစ်နေသောအခါ ပွားများသင့်သော ဗောဇ္ဈင်တရားကို ဟောကြားထားပါသည်။

သန ၄၆.၅၄: မေတ္တာသဟဂတသုတ် – Good Will/The Brahma-viharas [Thanissaro | Walshe (excerpt)] [Bodhi]
သာသနာပြင်ပရှိသူများ၏ မေတ္တာဘာဝနာနှင့် မြတ်စွာဘုရား၏ မေတ္တာဘာဝနာ မည်သို့ကွာခြားကြောင်း ဖော်ပြထားသော သုတ်ဖြစ်သည်။ မြတ်စွာဘုရား၏ မေတ္တာဘာဝနာနည်းဖြင့် တတိယ အရူပဈာန် (အာကိဉ္စညာယတနဈာန်) ထိ ရောက်နိုင်ကြောင်း ဟောကြားထားပါသည်။

သန ၄၆.၅၅: သင်္ဂါရဝသုတ်Sangarava [Walshe] [Bodhi]
အချို့စာများကို မည်သို့ပင် အချိန်ပေး လေ့လာသော်လည်း မမှတ်မိနိုင် ဖြစ်တတ်သည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းကို ဟောကြားထားပါသည်။

၄၇. သတိပဋ္ဌာနသံယုတ် – The Four Frames of Reference (Foundations of Mindfulness)

သန ၄၇.၆: သကုဏဂ္ဓိသုတ်The Hawk [Thanissaro] [Bodhi]
မြတ်စွာဘုရားက အလွန်ပေါ်လွင်သော သိမ်းငှက်နှင့် ဗီလုံးငှက်ငယ် ပုံပြင်ဖြင့် ကျက်စားသင့်သောနေရာ၊ မကျက်စားသင့်သောနေရာတို့ အကြောင်းကို ဟောကြားထားပါသည်။

သန ၄၇.၇: မက္ကဋသုတ် – The Foolish Monkey/The Monkey [Olendzki | Thanissaro] [Bodhi]
မြတ်စွာဘုရားက အလွန်ပေါ်လွင်သော မုဆိုးနှင့်မျောက် ပုံပြင်ဖြင့် ကျက်စားသင့်သောနေရာ မကျက်စားသင့်သောနေရာတို့ အကြောင်းကို ဟောကြားထားပါသည်။

သန ၄၇.၈: သူဒသုတ်The Cook [Thanissaro] [Bodhi]
သတိပဋ္ဌာန်လေးပါး ကျင့်ကြံပုံကို စားဖိုမှူး ဥပမာဖြင့် ဟောကြားထားပါသည်။

  သန ၄၇.၁၀: ဘိက္ခုနုပဿယသုတ် – Directed and Undirected Meditation/Mindfulness [Olendzki | Walshe (excerpt)] [Bodhi]
စိတ်အခြေအနေပေါ်မူတည်၍ သတိပဋ္ဌာန်လေးပါးကို နှစ်မျိုးခွဲကာ ကျင့်နည်းကို ဟောကြားထားပါသည်။ တရားထိုင်ရင်း စိတ်ပျံ့လွင့်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း ဖြစ်လာလျှင် သတိပဋ္ဌာန်ကို မည်သို့ရှုရမည်ကို တွေ့ရပါမည်။

  သန ၄၇.၁၂: နာလန္ဒသုတ်
“သဗ္ဗညုတဉာဏ်တော်၌ မြတ်စွာဘုရားထက် ပိုမိုလွန်ကဲစွာ သိသော မြတ်စွာဘုရားမှ အခြားတစ်ပါးသော သမဏသည် လည်းကောင်း၊ ဗြာဟ္မဏသည် လည်းကောင်း ဖြစ်လည်း မဖြစ်ဖူး၊ ဖြစ်လိမ့်မည်လည်း မဟုတ်၊ ယခုအခါ၌လည်း မရှိပါဟု မြတ်စွာဘုရား၌ တပည့်တော် ဤသို့ ယုံကြည်ပါ၏”ဟု အဘယ်အကြောင်းကြောင့် အရှင်သာရိပုတြာ လျောက်ထားသနည်း

သန ၄၇.၁၃: စုန္ဒသုတ် – About Cunda [Nyanaponika | Thanissaro] [Bodhi]
အရှင်သာရိပုတြာ ပရိနိဗ္ဗာန်စံသည့် အကြောင်းကို မှတ်တမ်းတင်ထားပါသည်။

သန ၄၇.၁၄: ဥက္ကစေလသုတ်At Ukkacela [Nyanaponika] [Bodhi]
အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ပရိနိဗ္ဗာန်စံပြီးနောက် မြတ်စွာဘုရားက ရဟန်းအပေါင်းကို ဟောကြားသော သုတ်ဖြစ်သည်။

သန ၄၇.၁၉: သေဒကသုတ် – The Bamboo Acrobat/At Sedaka [Olendzki | Thanissaro] [Bodhi]
တရားကျင့်ခြင်းသည် အတ္တကြီးစွာ မိမိအကျိုးအတွက်သက်သက် မဟုတ်။ “မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည် သူတစ်ပါးကို စောင့်ရှောက်ရာရောက်သည်။ သူတစ်ပါးကို စောင့်ရှောက်ခြင်းသည် မိမိကိုယ်ကို စောင့်ရှောက်ရာရောက်သည်။”ဟု ဟောကြားထားပါသည်။

သန ၄၇.၂၀: ဇနပဒကလျာဏီသုတ်At Sedaka [Thanissaro] [Bodhi]
သီဆို ကခုန်နေသော အလှမယ်နှင့် အားပေးအော်ဟစ်နေသော လူအုပ်ကြားတွင်  အနားထိပြည့်နေသော ဆီခွက်ကို မဖိတ်အောင် ယူဆောင်သွားသကဲ့သို့ ကာယဂတာသတိကို ကျင့်ရမည်ဟု ဟောကြားထားပါသည်။

  သန ၄၇.၃၅: သတိသုတ်Mindful [Thanissaro] [Bodhi]
“သတိရှိရမည်” မည်သည်ကို သတိ ရှိရမည်နည်း။ ဤသုတ်တွင် ရှင်းပြထားပါသည်။

သန ၄၇.၃၇: ဆန္ဒသုတ်Desire [Thanissaro] [Bodhi]
သတိပဋ္ဌာန်လေးပါး ကျင့်ကြံလျှင် လိုခြင်မှု ဆန္ဒကင်းပျောက်၍ နိဗ္ဗာန် ရောက်နိုင်သည်။

သန ၄၇.၃၈: ပရိညာတသုတ်Comprehension [Thanissaro][Bodhi]
သတိပဋ္ဌာန်လေးပါး ကျင့်ကြံလျှင် ရုပ်၊ ဝေဒနာ၊ စိတ် နှင့် သဘောတရားတို့ကို ပိုင်းခြားသိ၍ နိဗ္ဗာန် ရောက်နိုင်သည်။

သန ၄၇.၄၀: ဝိဘင်္ဂသုတ်Analysis of the Frames of Reference [Thanissaro] [Bodhi]
သတိပဋ္ဌာန်လေးပါး ကျင့်ကြံရမည်ကို အတိုချုပ် ဟောထားပါသည်။

သန ၄၇.၄၁: အမတသုတ်Deathless [Thanissaro] [Bodhi]
နိဗ္ဗာန်ရရှိရန် သတိပဋ္ဌာန်လေးပါး ကျင့်ကြံဖို့ တိုက်တွန်းထားသော သုတ်ဖြစ်သည်။

  သန ၄၇.၄၂: သမုဒယသုတ်Origination [Thanissaro] [Bodhi]
သတိပဋ္ဌာန်လေးပါးတို့၏ ဖြစ်ရခြင်းနှင့် ချုပ်ရခြင်း အကြောင်းအရင်းကို ဟောကြားထားပါသည်။

သန ၄၇.၄၆: ပါတိမောက္ခသံဝရသုတ်Obligation [Walshe] [Bodhi]
ရဟန်းသိက္ခာပုဒ်တို့ကို သေချာစွာ စောင့်ထိန်း၍ သတိပဋ္ဌာန်လေးပါး ကျင့်ကြံရန် ဆုံးမသော အကြောင်းဖြစ်သည်။

၄၈. ဣန္ဒြိယသံယုတ် – The Five Mental Faculties

သန ၄၈.၁၀: ဒုတိယ ဝိဘင်္ဂသုတ်Analysis of the Mental Faculties [Thanissaro]
ဣနြေ္ဒ ၅ မျိုးတို့အကြောင်းကို အတိုချုပ် ဟောထားပါသည်။

သန ၄၈.၃၈: တတိယ ဝိဘင်္ဂသုတ်An Analysis  [Thanissaro]
ဝေဒနာ ၅ မျိုးတို့နှင့် တွဲ၍ ဖြစ်သော ဣနြေ္ဒ ၅ မျိုးတို့အကြောင်းကို ဟောထားပါသည်။

သန ၄၈.၃၉: ကဋ္ဌောပမသုတ် The Fire-stick [Thanissaro]
ဝေဒနာ ၅ မျိုးတို့နှင့် တွဲ၍ ဖြစ်သော ဣနြေ္ဒ ၅ မျိုးတို့၏ ဖြစ်ခြင်းနှင့် ချုပ်ခြင်း၏ အကြောင်းအရင်းကို ဟောထားပါသည်။

သန ၄၈.၄၁: ဧရာဓမ္မသုတ်Old Age [Thanissaro]
သက်တော်ကြီးရင့်လာသော မြတ်စွာဘုရားက အိုခြင်းတရားကို မြင်ပုံအား ဖော်ပြထားပါသည်။

သန ၄၈.၄၂: ဥဏ္ဏာဘဗြာဟ္မဏသုတ်The Brahman Unnabha [Walshe]
ဣနြေ္ဒ ၅ မျိုးနှင့် စိတ်ဆက်စပ်ပုံ အကြောင်းကို ဟောကြားထားပါသည်။

သန ၄၈.၄၄: ပုဗ္ဗကောဋ္ဌကသုတ်Eastern Gatehouse [Thanissaro] မြတ်စွာဘုရားနှင့် အရှင်သာရိပုတြာတို့ သဒ္ဓိနြေ္ဒ (ယုံကြည်မှု သဒ္ဓါ) အကြောင်းကို ဆွေးနွေးသော သုတ်ဖြစ်သည်။

သန ၄၈.၅၃: သေခသုတ်The Learner  [Thanissaro]
မိမိကိုယ်ကို ရဟန္တာ ဟုတ်မဟုတ် ဆန်းစစ်နည်းကို ဟောကြားထားပါသည်။

သန ၄၈.၅၄: ပဒသုတ်In the Foot [Walshe]
ပညိနြေ္ဒအစုကို ဆင်ခြေရာ ဥပမာဖြင့် ဟောကြားထားပါသည်။

သန ၄၈.၅၆: ပတိဋ္ဌိတသုတ်Established [Thanissaro]
မမေ့မလျော့မှုသည် ဣနြေ္ဒငါးပါးတို့ကို ပွါးများရန် လိုအပ်ချက်ဖြစ်သည်။

၄၉. သမ္မပ္ပဓာနသံယုတ် – The Four Right Exertions

၅၀. ဗလသံယုတ် – The Five Strengths

၅၁. ဣဒ္ဓိပါဒသံယုတ် – The Four Bases of Power

သန ၅၁.၁၅: ဥဏ္ဏာဘဗြာဟ္မဏသုတ် To Unnabha the Brahman [Thanissaro]
အရှင်အာနန္ဒာက “တရားတော်၏ နောက်ဆုံးရလဒ်သည် ဆန္ဒကို ပယ်ရန်ဖြစ်သည်”ဟု ဟောကြားထားပါသည်။

သန ၅၁.၂၀: ဝိဘင်္ဂသုတ် Analysis of the Bases of Power [Thanissaro]
မြတ်စွာဘုရားက ဣဒ္ဓိပါဒ် လေးပါး ပွါးများနည်းကို ဟောကြားထားပါသည်။

၅၂. အနုရုဒ္ဓသံယုတ် – Ven. Anuruddha

သန ၅၂.၁၀: ဗာဠ္စဂိလာနသုတ် Illness [Thanissaro]
အရှင်အနုရုဒ္ဓါက နေမကောင်းဖြစ်၍ ကိုယ်နာကျဉ်မှုကို မည်သို့ရင်ဆိုင်ပုံကို ဟောကြားထားပါသည်။

၅၃. ဈာနသံယုတ် – Jhana (mental absorption)

၅၄. အာနာပါနသံယုတ် – Mindfulness of breathing

သန ၅၄.၆: အရိဋ္ဌသုတ်To Arittha [Thanissaro]
အာနာပါနဿတိ မည်သို့ကျင့်ရမည်ကို ဟောကြားထားပါသည်။

သန ၅၄.၈: ပဒီပေါပမသုတ်The Lamp [Thanissaro]
အာနာပါနဿတိဖြင့် ရူပ၊ အရူပဈာန်များကို ဝင်စား၍ အကျိုးများပုံများကို ဟောကြားထားပါသည်။

သန ၅၄.၉: ဝေသာလီသုတ်At Vesali [Thanissaro]
အသုဘကမ္မဋ္ဌာန်းကို ကျင့်ကြံပြီး ရဟန်းများ မိမိကိုယ်ကို သတ်သေကြသောကြောင့် အာနာပါနဿတိကို ပြောင်းလဲ ဟောကြားရကြောင်းကို တွေ့ရပါမည်။

သန ၅၄.၁၃: ပဌမ အာနန္ဒသုတ်To Ananda [Thanissaro]
အာနာပါနဿတိကမ္မဋ္ဌာန်းဖြင့် သတိပဋ္ဌာန်လေးပါးနှင့် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပြည့်စုံစေကာ နိဗ္ဗာန်ရပုံကို ဟောကြားထားပါသည်။

၅၅. သောတာပတ္တိသံယုတ် – Stream-entry

သန ၅၅.၁: စက္ကဝတ္တိရာဇသုတ် The Emperor [Thanissaro]
စကြဝတေးမင်းအဖြစ်ထက် သောတာပန်အဖြစ်က ပို၍မြတ်သည်။

သန ၅၅.၂၁: ပဌမ မဟာနာမသုတ်To Mahanama (1) [Thanissaro]
သောတာပန်တည်လျှင် မတော်တဆ ဆိုးရွားသော သေဘေးတွေ့သော်လည်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘဝသို့ မရောက်နိုင်။

သန ၅၅.၂၂: ဒုတိယ မဟာနာမသုတ်To Mahanama (2) [Thanissaro]
သောတာပန်တည်လျှင် မတော်တဆ ဆိုးရွားသော သေဘေးတွေ့သော်လည်း ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘဝသို့ မရောက်နိုင်။

သန ၅၅.၂၄: ပဌမ သရဏာနိသက္ကသုတ်Sarakaani (Who Took to Drink) [Walshe]
အရက်သောက်၍ သီလမမြဲသော သရဏာနိသာကီဝင်သည် သေခါနီး၌ အကျင့် သိက္ခောကို ဆောက်တည်သောကြောင့် သောတာပန်တည်သွားသော အကြောင်းဖြစ်သည်။

သန ၅၅.၃၀: နန္ဒကလိစ္ဆဝိသုတ်To the Licchavi  [Thanissaro]
သောတာပန်တို့၏ အင်္ဂါလေးပါးကို ဟောကြားထားပါသည်။

သန ၅၅.၃၁: ပဌမ ပုညာဘိသန္ဒသုတ်Bonanzas (1) [Thanissaro]
သောတာပန်တို့၏ အခြားသော အင်္ဂါလေးပါးကို ထပ်မံဟောကြားထားပါသည်။

သန ၅၅.၃၂: ဒုတိယ ပုညာဘိသန္ဒသုတ်Bonanzas (2) [Thanissaro]
သောတာပန်တို့၏ အခြားသော အင်္ဂါလေးပါးကို ထပ်မံဟောကြားထားပါသည်။

သန ၅၅.၃၃: တတိယ ပုညာဘိသန္ဒသုတ်Bonanzas (3) [Thanissaro]
သောတာပန်တို့၏ အခြားသော အင်္ဂါလေးပါးကို ထပ်မံဟောကြားထားပါသည်။

သန ၅၅.၄၀: နန္ဒိယသက္ကသုတ်To Nandiya [Thanissaro]
သောတာပန်ဖြစ်ပြီး၍ ဆက်လက် ကျင့်ကြံအားမထုတ်လျှင် မေ့မေ့လျော့လျော့နေသူဟု ခေါ်သည်။

  သန ၅၅.၅၄: ဂိလာနသုတ်Ill [Thanissaro]
သေဆုံးခါနီးသူအား နှစ်သိမ့်နည်းကို ဟောကြားထားပါသည်။

၅၆.  သစ္စသံယုတ် – The Four Noble Truths

သန ၅၆.၉: ဝိဂ္ဂါဟိကကထာသုတ်Wordy Warfare [Walshe] [Bodhi]
“သင်သည် တရားကိုနားမလည်၊ သင့်တရားထိုင်နည်းသည် မမှန်၊ အစဉ်လိုက် ပြောသင့်သည်ကို မသိ၊ ငါထောက်ပြသော အမှားကြောင့် သင်အရေးနိမ့်ပြီ”…. စသည်ဖြင့် စကားများကို ပြောမည့်အစား သစ္စာလေးပါးတရားကိုသာ ဆွေးနွေးရန် ဟောကြားထားပါသည်။

  သန ၅၆.၁၁: ဓမ္မစက္ကပ္ပဝတ္တနသုတ် – The Discourse on the Setting in Motion of the Wheel (of Vision) of the Basic Pattern: the Four True Realities for the Spiritually Ennobled Ones/Setting Rolling the Wheel of Truth/Setting in Motion the Wheel of Truth/Setting the Wheel of Dhamma in Motion [Harvey | Ñanamoli | Piyadassi | Thanissaro] [Bodhi]
ဗုဒ္ဓအဖြစ်ကို ရတော်မှုပြီး မြတ်စွာဘုရား ဟောတော်မှုသော တရားဦးဖြစ်သည်။ သစ္စာလေးပါးကို ထိုးထွင်းနားလည်တော်မှုသောကြောင့် အရှင်ကောဏ္ဍညသည် သောတာပန်တည်၍ ပထမဆုံး အရိယာသံဃာစတင် ဖြစ်ပေါ်သည်။

သန ၅၆.၂၀: တထသုတ်Real [Thanissaro]  [Bodhi]
သစ္စာလေးပါးကို ထိုးထွင်းနားလည်အောင် ကျင့်ကြံကြရန် တိုက်တွန်းထားပါသည်။

သန ၅၆.၂၂: ဒုတိယ ကောဋိဂါမသုတ်Knowledge [Walshe (excerpt)] [Bodhi]
“သစ္စာလေးပါးကို ထိုးထွင်းနားမလည်ပါက သမဏ၊ဗြာဟ္မဏဖြစ်ရခြင်း၏ အကျိုးကိုလည်း မခံစားရ၊ သမဏဗြာဟ္မဏဟူ၍လည်း မခေါ်ဆိုထိုက်”ဟု ဟောထားပါသည်။

သန ၅၆.၃၁: သီသပါဝနသုတ် – The Simsapa Leaves } [Thanissaro | Walshe] [Bodhi]
မြတ်စွာဘုရားသည် သိထားသော တရားအားလုံးကို မဟော၊ အနည်းငယ်ကိုသာ ဟောသည်။ အဘယ်ကြောင့်နည်း။

သန ၅၆.၃၅: သတ္တိသတသုတ်One Hundred Spears [Thanissaro] [Bodhi]
“တစ်နေ့လှံအချက် သုံးရာဖြင့် အနှစ်တစ်ရာထိုးခံရ၍ သစ္စာတရားလေးပါးကို သိမည်ဆိုပါက တန်သေးသည်”ဟု ဟောကြားထားပါသည်။

သန ၅၆.၃၆: ပါဏသုတ်Animals [Thanissaro] [Bodhi]
လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့သည် သစ္စာတရားလေးပါးကို ဟုတ်တိုင်းမှန်စွာ သိသည်ဟု ဟောကြားထားပါသည်။

သန ၅၆.၄၂: ပပါတသုတ်The Drop-off [Thanissaro] [Bodhi]
သစ္စာတရားလေးပါးကို မသိသောသူတို့သည် “ဇာတိ၊ဇရာ၊မရဏတို့ကို ဖြစ်စေတတ်သော ပြုစီရင်မှု “သင်္ခါရ”တို့ကို မွေ့လျော်ကြ၍ ဆင်းရဲအပေါင်းတို့မှ မလွတ်ကြ”ဟု ဟောကြားထားပါသည်။

သန ၅၆.၄၄: ကူဋာဂါရသုတ် Gabled [Thanissaro] [Bodhi]
သစ္စာတရားလေးပါးကို မသိဘဲ ဆင်းရဲအဆုံးကို မပြုနိုင်၊ အိမ်ကို အောက်ခြေမှစ၍ စတင်ဆောက်ရသကဲ့သို့ပင် ဖြစ်သည်။

သန ၅၆.၄၅: ဝါလသုတ်The Horsehair [Thanissaro] [Bodhi]
သစ္စာတရားလေးပါးကို ထိုးထွင်းသိဖို့ အားထုတ်ရန် အရှင်အာနန္ဒာကို ဆုံးမသော သုတ်ဖြစ်ပါသည်။

သန ၅၆.၄၆: အန္ဓကာရသုတ် Darkness [Thanissaro]  [Bodhi]
သစ္စာတရားလေးပါးကို မသိသောသူတို့သည် “ဇာတိ၊ဇရာ၊မရဏတို့ကို ဖြစ်စေတတ်သော ပြုစီရင်မှု “သင်္ခါရ”တို့ကို မွေ့လျော်ကြ၍ ဆင်းရဲအပေါင်းတို့မှ မလွတ်ကြ”ဟု ဟောကြားထားပါသည်။

သန ၅၆.၄၈: ဒုတိယ ဆိဂ္ဂဠယုဂသုတ် The Hole [Thanissaro] [Bodhi]
လိပ်ကန်းဥပမာဖြင့် အလွန်ရခဲလှသော လူဘဝကိုရခိုက် သစ္စာတရားလေးပါးကို ထိုးဖောက်အားထုတ်ကြရန် ဟောကြားထားသော သုတ်ဖြစ်ပါသည်။

သန ၅၆.၁၀၂: မနုဿစုတိ နိရယသုတ်Dust [Thanissaro] 
လက်သည်းဖျားပေါ်မှ မြေမှုန့်ဥပမာဖြင့် အလွန်ရခဲလှသော လူ့ဘဝအကြောင်းကို ဟောကြားထားသော သုတ်ဖြစ်ပါသည်။

သန ၅၆.၁၁၃: ဒေဝမနုဿနိရယသုတ်
“လူ့ဘဝ၊ နတ်ဘဝမှ သေဆုံး၍ လူ့ဘဝပြန်ရရှိရန် အလွန်ခက်ခဲလှသည်”ဟု ဟောကြားထားပါသည်။