သန ၄၈.၅၄: ပဒသုတ်

၅၂၄။ ရဟန်းတို့ ဥပမာသော်ကား မြေ၌ နေကုန်သောအခြေရှိသော သတ္တဝါတို့၏ ခြေရာဟူသမျှအားလုံးတို့သည် ဆင်ခြေရာ၌ အတွင်းဝင်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့်ထိုခြေရာဟူသမျှ အားလုံးတို့ထက် မြတ်၏ဟု ဆိုအပ်၏၊ ဤအတူပင် သိရန်အလို့ငှါ ဖြစ်ကုန်သောတရားအစု ဟူသမျှတို့ ထက် သိရန်အလို့ငှါ ပညိနြေ္ဒအစုကို မြတ်၏ဟု ဆိုအပ်၏။ ရဟန်းတို့အဘယ်တရားအစုတို့သည် သိရန် အလို့ငှါ ဖြစ်ကုန်သနည်း၊ ရဟန်းတို့ သဒ္ဓိနြေ္ဒအစုသည် သိရန်အလို့ငှါဖြစ်၏၊ ဝီရိယိနြေ္ဒအစုသည် သိရန် အလို့ငှါ ဖြစ်၏၊ သတိနြေ္ဒအစုသည် သိရန်အလို့ငှါ ဖြစ်၏၊ သမာဓိနြေ္ဒအစုသည် သိရန်အလို့ငှါ ဖြစ်၏၊ ပညိနြေ္ဒအစုသည် သိရန်အလို့ငှါ ဖြစ်၏။

ရဟန်းတို့ ဥပမာသော်ကား မြေ၌ နေကုန်သောအခြေရှိသော သတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ အတွင်းဝင်ကုန်၏၊ ဆင်ခြေရာကို ကြီးသည်၏ အဖြစ်ကြောင့် ထိုခြေရာဟူသမျှအားလုံးတို့ထက် မြတ်၏ဟု ဆိုအပ်၏၊ ဤအတူပင် သိရန်အလို့ငှါ ဖြစ်ကုန်သော တရားအစု ဟူသမျှတို့ထက် သိရန်အလို့ငှါ ပညိနြေ္ဒအစုကို မြတ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။