သဂါထာဝဂ် ၁ – ၁၁

သဂါထာဝဂ်သံယုတ်ပါဠိတော် − The Section of Verses

သံယုတ္တ: ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ ၊

၁. ဒေဝတာသံယုတ် – Devas

သန ၁.၁: သြဃတရဏသုတ်Crossing over the Flood [Thanissaro]  [Bodhi]
နတ်သားတစ်ပါးက မြတ်စွာဘုရားကို “သံသရာ၏သြဃမှ အဘယ်သို့ ကူးမြောက်ခဲ့သနည်း”ဟု မေးလျှောက်သော သုတ်ဖြစ်ပါသည်။

သန ၁.၃: ဥပနီယသုတ်Doomed [Walshe]  [Bodhi]
ဘဝသည် တိုတောင်းလှသည်။ သေခြင်းကိုကြောက်ရွင့်၍ နိဗ္ဗာန်ကို အလိုရှိသူသည် ကောင်းမူပြုခြင်း သက်သက်ဖြင့် မလုံလောက်။

သန ၁.၉: မာနကာမသုတ်Vain Conceits [Walshe]  [Bodhi]
မာနမပယ်နိုင်လျှင် သေခြင်း၏လွန်မြောက်ရာ နိဗ္ဗာန်ကို မရ်နိုင်။

သန ၁.၁၀:  အရညသုတ် – The Wilderness/A Face So Calm [Ireland | Olendzki | Thanissaro] [Bodhi]
“တောနေရဟန်းတို့သည် ဆွမ်းတစ်နှပ်သာစားသော်လည်း အဘယ်ကြောင့် ကြည်လင်နေကြသနည်း”ဟု မေးလျှောက်သော သုတ်ဖြစ်သည်။

သန ၁.၁၇: ဒုက္ကရသုတ်Difficult [Walshe]  [Bodhi]
လိပ်သည် အင်္ဂါတို့ကို ၎င်း၏အခွံထဲတွင် လုံခြုံစွာ သိမ်းဆည်းထားသကဲ့သို့ မိမိစိတ်ကို စောင့်ရှောက်၍ သူတစ်ပါးကို ညှင်းဆဲခြင်း အပြစ်တင်ခြင်း မပြုရဟု ဆုံးမသော သုတ်ဖြစ်သည်။

သန ၁.၁၈: ဟိရီသုတ်Conscience [Thanissaro]  [Bodhi]
သတိဖြင့် အရှက်တရားဖြင့် မကောင်းမှုတို့ကို ရှောင်ကြဉ်သင့်ကြောင်း ဆုံးမသော သုတ်ဖြစ်သည်။

သန ၁.၂၀: သမိဒ္ဓိသုတ် – About Samiddhi/Samiddhi [Thanissaro | Walshe] [Bodhi]
ကာမဂုဏ်တို့၏ အပြစ်နှင့် တရား၏အကျိုးကို မြတ်စွာဘုရားထံမှ ကြားနာနိုင်ရန် နတ်သမီးတစ်ပါးကိုယ်စား အရှင်သမိဒ္ဓိက မေးလျှောက်သောသုတ် ဖြစ်ပါသည်။

သန ၁.၂၅: အရဟန္တသုတ်The Arahant [Walshe]  [Bodhi]
ရဟန္တာ တို့သည် “ငါ၊သူတစ်ပါး” စသည်တို့ကို လောက၌ ပြောဆိုသော အရပ်သုံးစကား အနေဖြင့်သာ ပြောဆိုသုံးစွဲသည်။

သန ၁.၃၈: သကလိကသုတ်The Stone Sliver [Thanissaro] [Bodhi]
ဒေဝဒတ္တ၏ လုပ်ကျန်မူကြောင့် ခြေတော်၌ ဒဏ်ရာရသော မြတ်စွာဘုရားက ပြင်းထန်သော ဝေဒနာတို့ကို သည်းခံတော်မူသည့် အကြောင်းဖြစ်သည်။

သန ၁.၄၁: အာဒိတ္တသုတ်(The House) On Fire [Thanissaro] [Bodhi]
နတ်သားတစ်ပါးက မြတ်စွာဘုရားကို လှူဒါန်းခြင်း၏ အကျိုးကိုလျှောက်သော သုတ်ဖြစ်သည်။

သန ၁.၄၂: ကိံဒဒသုတ်A Giver of What  [Thanissaro] [Bodhi]
မြတ်စွာဘုရားက လှူတန်းခြင်း၏ အကျိုးကို ဟောထားပါသည်။

သန ၁.၆၉: ဣစ္ဆာသုတ်Desire [Thanissaro] [Bodhi]
နိဗ္ဗာန်ရောက်ကြောင်းတရား အတိုချုပ်ဖြစ်ပါသည်။

သန ၁.၇၁: ဆေတွာသုတ်Having Killed [Thanissaro] [Bodhi]
နတ်သားတစ်ပါးက “အဘယ်အရာကို ဖြတ်တောက်လျှင် ချမ်းသာစွာ နေရသနည်း”ဟု လျှောက်ထားသော သုတ်ဖြစ်သည်။

၂. ဒေဝပုတ္တသံယုတ် – Sons of the Devas

သန ၂.၆: ကာမဒသုတ်Kamada’s Lament [Olendzki]
ရဟန်းတရားသည် ခက်ခဲသော်လည်း အောင်မြင်စွာ ဆောင်ရွက်နိုင်သည်ဟု သံသယဝင်နေသော နတ်သားတစ်ပါး ကို ဆုံးမသော သုတ်ဖြစ်သည်။

သန ၂.၇: ပဉ္စာလစဏ္ဍသုတ်Pañcalacanda the Deva’s Son [Thanissaro]
ဈာန်သမာပတ်၊ သတိ၊ သမာဓိနှင့် နိဗ္ဗာန်ရောက်ကြောင်း ဟောကြားသော သုတ်ဖြစ်သည်။

သန ၂.၈: တာယနသုတ် Taayana [Walshe]
နတ်သားတစ်ပါးလျှောက်သော ဂါထာကို ရဟန်းတို့အား ဆောင်ယူကြရန် ဆုံးမသော သုတ်ဖြစ်သည်။

သန ၂.၁၀: သူရိယသုတ်The Sun Deity’s Prayer for Protection [Piyadassi] 

သန ၂.၁၉: ဥတ္တရသုတ်Uttara the Deva’s Son [Thanissaro] 
ဘဝသည် တိုတောင်းလှသည်။ သေခြင်းကိုကြောက်ရွင့်၍ နိဗ္ဗာန်ကို အလိုရှိသူသည် ကောင်းမူပြုခြင်း သက်သက်ဖြင့် မလုံလောက်။

သန ၂.၂၅: ဇန္တုသုတ် Jantu [Walshe] 
စည်းကမ်းမဲ့ နေထိုင်ပြောဆိုနေသော ရဟန်းတို့ကို နတ်သားတစ်ပါးက ဂါထာဖြင့်ဆုံးမသော သုတ်ဖြစ်သည်။

သန ၂.၂၆: ရောဟိတဿသုတ်To Rohitassa [Thanissaro]
လူဘဝတွင် စကြာဝဠာ အဆုံးသို့ (စိတ်တန်ခိုးနှင့် ပျံ၍) မွေးခြင်း သေခြင်း ကင်းရာနေရာကို ရှာခဲ့သော နတ်သားတစ်ပါးကို မိမိ ခန္ဓာကိုယ်တွင် ရှာရသည်ဟု ဆုံးမသော သုတ်ဖြစ်သည်။

၃. ကောသလသံယုတ် – King Pasenadi of Kosala

သန ၃.၁: ဒဟရသုတ်Young [Thanissaro] 
မြတ်စွာဘုရားက ကောသလမင်းအား အသက်ငယ် ရဟန်းဝါနု သော်လည်း မလေးမစား မပြုထိုက်ဟု ဆုံးမသော သုတ်ဖြစ်သည်။

သန ၃.၄: ပိယသုတ် Dear [Thanissaro]
မိမိကိုယ်ကို ချစ်မြတ်နိုးသူသည်  ကိုယ်နှုတ်စိတ်တို့ကို စောင့်ရှောက်ရသည်။

သန ၃.၅: အတ္တရက္ခိတသုတ်Self-protected [Thanissaro] 
မည်သို့ မိမိကိုယ်ကို စောင့်ရှောက်သူ ဖြစ်သနည်း။

သန ၃.၆: အပ္ပကသုတ်Few [Thanissaro]
စည်းစိမ်များပြားခြင်း၏ အန္တရယ်တို့ကို ဟောကြားထားပါသည်။

သန ၃.၇: အဍ္ဍ္ပကရဏသုတ်In Judgment [Thanissaro] 
ကောသလမင်းကြီးက “မင်းမျိုးဖြစ်စေ၊ ရဟန်းဖြစ်စေ၊ ပုဏ္ဏားဖြစ်စေ ကာမဟူသော အကြောင်းကြောင့် လိမ်ကြသည်”ဟု မြတ်စွာဘုရားကို လျှောက်သော အကြောင်းဖြစ်သည်။

သန ၃.၈: မလ္လိကာသုတ်Mallikaa [Walshe]
လူသည် မိမိကိုယ်သာ အချစ်မြတ်ဆုံးဖြစ်သည်။

သန ၃.၁၃: ဒေါဏပါကသုတ် – King Pasenadi Goes on a Diet/A Heavy Meal [Olendzki | Walshe
ထမင်းအစားများသွား၍ မအီမသာဖြစ်နေသော ကောသလမင်းကြီးကို မြတ်စွာဘုရားက ဂါထာဖြင့် ဆုံးမသော သုတ်ဖြစ်သည်။

သန ၃.၁၄: ပဌမ သင်္ဂါမသုတ်A Battle (1) [Thanissaro]
အဇာတသတ်မင်းကို စစ်ရှုံးသွားသော ကောသလမင်းအား အကြောင်းပြု၍ ဟောကြားသော သုတ်ဖြစ်သည်။

သန ၃.၁၅: ဒုတိယ သင်္ဂါမသုတ်A Battle (2) [Thanissaro]
အဇာတသတ်မင်းကို စစ်နိုင်သွားသော ကောသလမင်းအား အကြောင်းပြု၍ ဟောကြားသော သုတ်ဖြစ်သည်။

သန ၃.၁၇: အပ္ပမာဒသုတ် Heedfulness [Thanissaro] 
ကောသလမင်းကြီးက “ယခုဘဝနှင့် နောင်ဘဝ အကျိုးတွက် အရေးကြီးဆုံး တရားသည် အဘယ်နည်း”ဟု မေးလျှောက်သော သုတ်ဖြစ်ပါသည်။

သန ၃.၁၉: ပဌမ အပုတ္တကသုတ်Heirless (1) [Thanissaro] 
အလွန်ချမ်းသာသော်လည်း ဆင်းရဲစွာနေထိုင်၍ သေဆုံးသွားသော သူဌေးကြီးတစ်ယောက်ကို အကြောင်းပြု၍ ဟောကြားသော သုတ်ဖြစ်သည်။

သန ၃.၂၀: ဒုတိယ အပုတ္တကသုတ်Heirless (2) [Thanissaro] 
လှူဒါန်းပြီး နောင်တရသောကြောင့် အလွန်ချမ်းသာသောဘဝကို ရသော်လည်း ဆင်းရဲစွာနေထိုင်၍ သေဆုံးသွားသော သူဌေးကြီးတစ်ယောက်ကို အကြောင်းပြု၍ ဟောကြားသော သုတ်ဖြစ်သည်။

သန ၃.၂၃: လောကသုတ်(Qualities of) the World [Thanissaro] 
ကောသလမင်းကြီးက “အဘယ်တရားများကြောင့် အစီးပွားနည်းခြင်း ဆင်းရဲခြင်း ဖြစ်သနည်း”ဟု မေးလျှောက်သော သုတ်ဖြစ်ပါသည်။

သန ၃.၂၄: ဣဿတ္တသုတ်  – Archery Skills [Thanissaro]
အကျိုးအများဆုံးရသော လှူဒါန်းနည်းကို ဟောကြားထားပါသည်။

သန ၃.၂၅: ပဗ္ဗတူပမသုတ် – Irresistible Force/The Simile of the Mountains [Olendzki | Thanissaro
အုပ်ချုပ်ရေးကိစ္စများဖြင့် အလုပ်များနေသော ကောသလမင်းကြီးကို လူအဖြစ်သည် ရခဲခြင်း သေခြင်းတရားကို ရှောင်လွဲမရခြင်းတို့ကြောင့် တရားကျင့်ကြံရန် ဆုံးမသော သုတ်ဖြစ်သည်။

၎. မာရသံယုတ် – Mara

သန ၄.၈: နန္ဒတိသုတ်Delight [Thanissaro]  [Bodhi]
မာရ်နတ်က မြတ်စွာဘုရားကို ပိုင်ဆိုင်ခြင်းဖြင့် နှစ်သက်ခြင်းဖြစ်သည်ဟု နှောက်ယှက်သော အကြောင်းဖြစ်သည်။

သန ၄.၁၃: သကလိကသုတ်The Stone Sliver [Thanissaro] [Bodhi]
ဒေဝဒတ္တ၏ လုပ်ကျန်မူကြောင့် ခြေတော်၌ ဒဏ်ရာရသော မြတ်စွာဘုရားက ပြင်းထန်သော ဝေဒနာတို့ကို သည်းခံတော်မူသည့် အကြောင်းဖြစ်သည်။

သန ၄.၁၉: ကဿကသုတ်The Farmer [Thanissaro]  [Bodhi]
မာရ်နတ်က မြတ်စွာဘုရားကို လယ်သမားအသွင်ဆောင်၍ နှောက်ယှက်သော အကြောင်းဖြစ်သည်။

သန ၄.၂၀: ရဇ္ဇသုတ် –  Rulership [Thanissaro]  [Bodhi]
မာရ်နတ်က မြတ်စွာဘုရားကို ဣဒ္ဓိပါဒ်လေးပါး ပွားများထားသောကြောင့် မင်းပြုရန် နှောက်ယှက်သော အကြောင်းဖြစ်သည်။

၅. ဘိက္ခုနီသံယုတ် – Nuns

သန ၅.၁: အာဠဝိကာသုတ် – Alavika/Sister Alavika [Bodhi | Thanissaro]
မာရ်နတ်က အာဠဝီမြို့သူ ဘိက္ခုနီမကို တရားကျင့်မည့်အစား ကာမဂုဏ်တို့ကို ခံစားရန် နှောက်ရှက်သော အကြောင်းဖြစ်သည်။

သန ၅.၂: သောမာသုတ် – Soma/Mara Meets His Match/Sister Soma [Bodhi | Olendzki | Thanissaro]  
မာရ်နတ်က သောမာဘိက္ခုနီမကို အမျိုးသမီးဖြစ်၍ နိဗ္ဗာန်မရနိုင်ဟု နှောက်ရှက်သော အကြောင်းဖြစ်သည်။

သန ၅.၃: ကိသာဂေါတမီသုတ် – Gotami/Sister Gotami [Bodhi | Thanissaro
မာရ်နတ်က တောသို့တရားကျင့်ရန်လာသော ကိသာဂေါတမီဘိက္ခုနီမကို အမျိုးသားရှာလာသလားဟု နှောက်ယှက်သော အကြောင်းဖြစ်သည်။ ကိသာဂေါတမီဘိက္ခုနီမသည် “ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် ထို ကိသာဂေါတမီသည် အမြတ်ဆုံးပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းမဖြစ်သည်။ မြတ်စွာဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်ကပင် အမျိုးသမီးများကို အသိအမှတ်ပြု ချီးမြောက် ပေးခဲ့သည်ကို ကြည်ညိုဖွယ် တွေ့ရပါသည်။ အမြတ်ဆုံး (ဧတဒဂ္ဂ) ဂုဏ်ကို ရဟန်းများ၊ ရဟန်းမိန်းမများ၊ ဒကာများ၊ ဒကာမများ အထိ ချီးမြောက်တော် မူခဲ့ပါသည်။ အသေးစိတ်ကို အန ၁၈၈-၁၉၇ တွင်ကြည့်ပါ။

သန ၅.၄: ဝိဇယာသုတ် – Vijaya/Sister Vijaya [Bodhi | Thanissaro]
မာရ်နတ်က ဝိဇယာဘိက္ခုနီမကို တရားကျင့်မည့်အစား ဂီတတူရိယာဖြင့် ပျော်ပါးရန် နှောက်ယှက်သော အကြောင်းဖြစ်သည်။

သန ၅.၅: ဥပ္ပလဝဏ္ဏာသုတ် – Uppalavanna/Sister Uppalavanna [Bodhi | Thanissaro]
မာရ်နတ်က အင်ကြင်းပင်ရင်း၌ တစ်ပါးတည်းရပ်နေသော ဥပ္ပလဝဏ္ဏာဘိက္ခုနီမကို လူဆိုးတို့ကို မကြောက်သလောဟု နှောက်ယှက်သော အကြောင်းဖြစ်သည်။ ဥပ္ပလဝဏ္ဏာဘိက္ခုနီမသည် တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် ထို ဥပ္ပလဝဏ္ဏာသည် အမြတ်ဆုံးပေတည်းဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းမဖြစ်သည်။

  သန ၅.၆: စာလာသုတ် – Cala/Sister Cala [Bodhi | Thanissaro]
မာရ်နတ်က စာလာဘိက္ခုနီမကို ပဋိသန္ဓေနေသူသည် ကာမဂုဏ်တို့ကို ခံစားရ၏ဟု နှောက်ယှက်သော အကြောင်းဖြစ်သည်။

သန ၅.၇: ဥပစာလာသုတ် – Upacala/Sister Upacala [Bodhi | Thanissaro]
မာရ်နတ်က ဥပစာလာဘိက္ခုနီမကို နတ်ဘုံ၌ စိတ်ညွတ်ရန် နှောက်ယှက်သော အကြောင်းဖြစ်သည်။

သန ၅.၈: သီသုပစာလာသုတ် – Sisupacala/Sister Sisupacala [Bodhi | Thanissaro]
မာရ်နတ်က သီသုပစာလာဘိက္ခုနီမကို အယူဝါဒနှင့် ဆက်လျှင်း၍ နှောက်ယှက်သော အကြောင်းဖြစ်သည်။

သန ၅.၉: သေလာသုတ် – Sela/Sister Sela [Bodhi | Thanissaro]
မာရ်နတ်က သေလာဘိက္ခုနီမကို သက္ကာယ မလွတ်သော မေးခွန်းများနှင့် နှောက်ယှက်သော အကြောင်းဖြစ်သည်။ သေလာဘိက္ခုနီမက ရိုးရှင်း၍ အလွန်ထိရောက်သော ဥပမာဖြင့် ဖြေဆိုထားပါသည်။

သန ၅.၁၀: ဝဇိရာသုတ် – Vajira/Sister Vajira  [Bodhi | Thanissaro]
မာရ်နတ်က ဝဇိရာဘိက္ခုနီမကို သက္ကာယ မလွတ်သော မေးခွန်းများနှင့် နှောက်ယှက်သော အကြောင်းဖြစ်သည်။ ဝဇိရာဘိက္ခုနီမက ရိုးရှင်း၍ အလွန်ထိရောက်သော ဥပမာဖြင့် ဖြေဆိုထားပါသည်။

၆. ဗြဟ္မသံယုတ် – Brahma deities

  သန ၆.၁: ဗြဟ္မာယာစနသုတ်The Request [Thanissaro]
ဘုရားဖြစ်တော်မူပြီးစ တရားဟောရန် စိတ်မညွတ်သော မြတ်စွာဘုရားကို သဟမ္ပတိဗြဟ္မာက တရားဟောရန် လျှောက်ထားသော သုတ်ဖြစ်ပါသည်။

သန ၆. ၂: ဂါရဝသုတ်Reverence [Thanissaro]
ဘုရားဖြစ်တော်မူပြီးစ မြတ်စွာဘုရားက “မည်သည့်ရဟန်း ပုဏ္ဏားကို အရိုအသေပြု၍ နေမည်နည်း”ဟု တွေးတောမိသော သုတ်ဖြစ်ပါသည်။

သန ၆.၁၃: အန္ဓကဝိန္ဒသုတ်Let the Wilderness Serve! [Olendzki]
မှောင်မိုက်နေသောညတွင် မိုးပေါက်များအောက် လွင်တီးခေါင်၌ တစ်ပါးတည်းထိုင်နေတော်မူသော မြတ်စွာဘုရားကို သဟမ္ပတိဗြဟ္မာက ဂါထာဖြင့် လျှောက်ထားသော သုတ်ဖြစ်ပါသည်။

သန ၆.၁၅: ပရိနိဗ္ဗာနသုတ်Total Unbinding [Thanissaro] 
ရူပဈာန် အရူပဈာန်တို့ကို အစဉ်လိုက် အတက်အဆင်း ဝင်စား၍ ပရိနိဗ္ဗာန်ပြုသွားသော မြတ်စွာဘုရား၏ နောက်ဆုံးအချိန်ကို မှတ်တမ်းတင်ထားပါသည်။

၇. ဗြာဟ္မဏသံယုတ် – Brahmans

သန ၇.၁: ဓနဉ္စာနီသုတ်Dhanañjaani [Walshe]
ဇနီးက နမောတဿ သုံးကြိမ်ရွတ်သည်ကို မကျေနပ်၍ မြတ်စွာဘုရားကို ချေပရန်လာသော ပုဏ္ဏားတစ်ယောက် အကြောင်းဖြစ်သည်။

  သန ၇.၂: အက္ကောသသုတ် – Insult/Abuse [Buddharakkhita | Thanissaro | Walshe]
ပုဏ္ဏားတစ်ယောက် ရဟန်းပြုသွားသည်ကို မကျေနပ်၍ ဆဲရေး ခြိမ်းခြောက်သော အခြားပုဏ္ဏား တစ်ယောက်ကို မြတ်စွာဘုရားက ဆုံးမသော သုတ်ဖြစ်သည်။

သန ၇.၆: ဇဋာသုတ်The Tangle [Thanissaro] 
“ရှုပ်ထွေးနေသော တဏှာကို မည်သူ ဖြေရှင်းပေးနှိင် သနည်း”ဟု မြတ်စွာဘုရားကို မေးလျှောက်သော သုတ်ဖြစ်သည်။

သန ၇.၁၁: ကသိဘာရဒွါဇသုတ် – Discourse to Bharadvaja, the Farmer/To the Plowing Bharadvaja [Piyadassi | Thanissaro]
ဆွမ်းခံကြွလာသော မြတ်စွာဘုရားကို ဆွမ်းမလောင်းဘဲ “လယ်ထွန် အလုပ်လုပ်၍စား”ဟု ပြောဆိုသော ပုဏ္ဏားကို ဆုံးမသော သုတ်ဖြစ်သည်။

သန ၇.၁၂: ဥဒယသုတ်Breaking the Cycle [Olendzki]
မိမိအိမ်သို့ သုံးရက်တိုင်တိုင် ဆွမ်းခံကြွလာသော မြတ်စွာဘုရားကို “အရသာ၌ နှစ်သက်၍ အဖန်တလဲလဲ လာသည်”ဟု ပြောဆိုသော ပုဏ္ဏားကို ဆုံးမသော သုတ်ဖြစ်သည်။

သန ၇.၁၄: မဟာသာလသုတ်Very Rich [Thanissaro]
ဖခင်ပုဏ္ဏားအိုကို စွန့်ပစ်လိုက်သော သားလေးယောက်နှင့် ဇနီးတို့ကို အကြောင်းပြု၍ ဟောကြားသော သုတ်ဖြစ်သည်။

သန ၇.၁၇: နဝကမ္မိကသုတ်The Builder [Thanissaro] 
တောထဲ၌ တစ်ပါးတည်း တရားထိုင်နေသော မြတ်စွာဘုရားကို “တစ်ပါးတည်းထိုင်နေ၍ မည်သို့အလုပ်ဖြစ်မည်နည်း”ဟု ပြောဆိုသော ပုဏ္ဏားကို ဆုံးမသော သုတ်ဖြစ်သည်။

သန ၇.၁၈: ကဋ္ဌဟာရသုတ် – Buddha in the Forest/Firewood-gathering [Olendzki | Thanissaro]
တောထဲ၌ တစ်ပါးတည်း ဈာန်ဝင်စားနေသော မြတ်စွာဘုရားကို “ဗြဟ္မာ့ပြည်သို့ ရောက်လို၍ တရားထိုင်ခြင်းလော”ဟု မေးလျှောက်သော သုတ်ဖြစ်သည်။

သန ၇.၂၁: သင်္ဂါရဝသုတ်Sangaarava [Walshe] 
မြစ်ထဲရေချိုးခြင်းဖြင့် စင်ကြယ်မှုကိုကျင့်ကြံနေသော ပုဏ္ဏားတစ်ယောက်ကို ဆုံးမသော သုတ်ဖြစ်သည်။

၈. ဝင်္ဂီသသံယုတ် – Ven. Vangisa

သန ၈.၄: အာနန္ဒသုတ်Ananda [Thanissaro] 
ဆွမ်းခံဝင်ရင်း တပ်မက်ခြင်း ရာဂ တက်လာသော အရှင်ဝင်္ဂီသကို အရှင် အာနန္ဒာက တရားဟောသော သုတ်ဖြစ်သည်။

၉. ဝနသံယုတ် – The forest

သန ၉.၁: ဝိဝေကသုတ်Seclusion [Thanissaro] 
တောထဲ၌ တစ်ပါးတည်း တရားကျင့်ရင်း မကောင်းသော အကြံအစည်ဖြစ်လာသော ရဟန်းကို နတ်သားတစ်ပါးက ဆုံးမသော သုတ်ဖြစ်သည်။

သန ၉.၆: အနုရုဒ္ဓသုတ်Anuruddha [Thanissaro]
အရှင်အနုရုဒ္ဓ၏ ရှေးဘဝဇနီးဖြစ်သော နတ်သမီးတစ်ပါးက နတ်ပြည်သို့ ပြန်လာရန် လျှောက်ထားသော သုတ်ဖြစ်သည်။ အရှင်အနုရုဒ္ဓသည် “ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ထိုအနုရုဒ္ဓါသည် အမြတ်ဆုံးပေတည်း”ဟု မြတ်စွာဘုရား ချီးမြောက်တော်မူသော ရဟန်းဖြစ်သည်။

သန ၉.၉: ဝဇ္ဇိပုတ္တသုတ်The Vajjian Princeling [Thanissaro] 
တောထဲ၌ တစ်ပါးတည်း တရားကျင့်ရင်း မြို့ထဲမှလာသော ဂီတသံတို့ကြောင့် စိတ်ပြန့်လွင့်လာသော ရဟန်းကို နတ်သားတစ်ပါးက ဆုံးမသော သုတ်ဖြစ်သည်။

သန ၉.၁၁: အကုသလဝိတက္ကသုတ်Inappropriate Attention [Thanissaro] 
တောထဲ၌ တစ်ပါးတည်း တရားကျင့်ရင်း မသင့်တော်သော အကြောင်းတို့ကို တွေးတောမိသောကြောင့် မကောင်းသောအကြံ ကြံမိသော ရဟန်းကို နတ်သားတစ်ပါးက ဆုံးမသော သုတ်ဖြစ်သည်။

သန ၉.၁၄: ဂန္ဓတ္တေနသုတ် – Stealing the Scent/The Thief of a Scent [Olendzki | Thanissaro]
ကြာပန်းကို နမ်းမိ၍ ရဟန်းတို့ သီလစောင့်ရန် အရေးကြီးပုံကို နတ်သားတစ်ပါးက ဆုံးမသော သုတ်ဖြစ်သည်။

၁၀. ယက္ခသံယုတ် – Yakkha demons

သန ၁၀.၈: သုဒတ္တသုတ်About Sudatta (Anathapindika) [Thanissaro] 
အနာထပိဏ်သူဌေး မြတ်စွာဘုရားကို ပထမဆုံးဖူးမြင်ရပုံကို ဖော်ပြထားပါသည်။

သန ၁၀.၁၂: အာဠဝကသုတ် – Discourse to Alavaka/To the Alavaka Yakkha [Piyadassi | Thanissaro
အာဠဝကဘီလူးက မြတ်စွာဘုရားကို ခြိမ်းခြောက်သော အကြောင်းဖြစ်သည်။

၁၁. သက္ကသံယုတ် – Sakka (the Deva king)

သန ၁၁.၃: ဓဇဂ္ဂသုတ် – Banner Protection/The Top of the Standard [Piyadassi | Thanissaro]
မြတ်စွာဘုရားက ထိပ်လန့်ကြောက်ရွင့်လာလျှင် အဘယ်သို့ ပြုလုပ်ရမည်ကို ဟောကြားထားသော သုတ်ဖြစ်သည်။

သန ၁၁.၄: ဝေပစိတ္တိသုတ် – Calm in the Face of Anger [Olendzki]
မြတ်စွာဘုရားက ရဟန်းတို့ သည်းခံခြင်းတရားကို တန်ဖိုးထားစေရန် အလွန်ထိရောက်သော ဥပမာဖြင့် ဟောကြားထားပါသည်။

သန ၁၁.၅: သုဘာသိတဇယသုတ် – Victory Through What is Well Spoken [Thanissaro]
မြတ်စွာဘုရားက ရဟန်းတို့ သည်းခံခြင်းတရားကို တန်ဖိုးထားစေရန် အလွန်ထိရောက်သော ဥပမာဖြင့် ဟောကြားထားပါသည်။