ဒီဃနိကာယ် (အသံ)

ဒီဃနိကာယ် (Long Discourses)

ဒန ၁၅: မဟာနိဒါနသုတ်
ပဋိစ္စသမုပ္ပါဒ် တရားတော်ကို အသေးစိတ် ဟောကြားသော သုတ်ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ် တရားတော်ကို စတင်ထိုးဖောက်နားလည်လာ၍ လွယ်သည်ဟုဆိုသော အရှင်အာနန္ဒာကို မြတ်စွာဘုရားက ပဋိစ္စသမုပ္ပါဒ် တရားတော်သည် အလွန်နက်နဲ သိမ့်မွေ့၍ တရားတော်ကို မသိသောကြောင့် သတ္တဝါတို့ သံသရာ ကျင်လည်ကြသည်ဟု ဟောကြားထားပါသည်။ ဤတရားတော်တွင် လက်နက်စွဲကိုင်၍ ရန်ဖြစ်ခြင်း ငြင်းခုံခြင်းတို့၏ မူလအကြာင်းအရင်းကို ဟောထားပါသည်။

ဒန ၂၂: မဟာသတိပဋ္ဌာနသုတ်
ဤသုတ်သည် မြတ်စွာဘုရားကိုယ်တိုင် ဟောကြားတော်မူသော တရားထိုင်နည်းများဖြစ်သော သတိပဋ္ဌာန လေးပါး ဗောဇ္ဈင်ခုနစ်ပါး စသည်တို့မှ သစ္စာလေးပါးထိ အသေးစိတ်   ဖော်ပြထားသော အလွန်တန်ဖိုးကြီးသောသုတ် ဖြစ်ပါသည်။