သနပ ၅.၂: တိႆေမေတၱယ်မာဏဝပုစၧာ

၁ဝ၄၇။ (တိဿမေတ္တေယျသည် ဤသို့ မေးလျှောက်၏) –

ဤလောက၌ အဘယ်သူသည် ရောင့်ရဲလွယ်သူ ဖြစ်ပါသနည်း၊ အဘယ်သူအား တုန်လှုပ်မှုတို့ မရှိပါကုန်သနည်း၊ အဘယ်သူသည် အစွန်းနှစ်ဖက်ကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း ပညာဖြင့်သိ၍ မလိမ်းကျံ မကပ်ငြိပါသနည်း၊ အဘယ် သူကို မဟာပုရိသဟူ၍ ဟောတော်မူပါသနည်း၊ ဤလောက၌ အဘယ်သူသည် ချုပ်စပ်တတ်သောတဏှာကို လွန်မြောက်ပါသနည်း။ (၁)

၁ဝ၄၈။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) –

မေတ္တေယျ အကြင်ရဟန်းသည် ကာမတို့၌ အပြစ်ကို မြင်၍ မဂ်အကျင့်မြတ်ကို ကျင့်သုံးသူတပ်မက်မှု ‘တဏှာ’ ကင်းသူ အခါ ခပ်သိမ်း အောက်မေ့မှု ‘သတိ’ ရှိသူ ပညာဖြင့် ဆင်ခြင်၍ ငြိမ်းအေးသူဖြစ်၏။ ထိုရဟန်းအား တုန်လှုပ်တတ်သောတဏှာဒိဋ္ဌိတို့ မရှိကုန်။ (၂)

၁ဝ၄၉။ ထိုရဟန်းသည် ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော အစွန်းနှစ်ဖက်ကိုလည်းကောင်း၊ နိရောဓသစ္စာဟူသော အလယ်ကိုလည်းကောင်း မဂ်ပညာဖြင့် သိ၍ (တဏှာဒိဋ္ဌိတို့ဖြင့်) မလိမ်းကျံ မကပ်ငြိတော့ပေ၊ ထိုရဟန်းကို မဟာပုရိသဟူ၍ ငါ ဆို၏။ ထိုရဟန်းသည် ဤလောက၌ ချုပ်စပ်တတ်သောတဏှာကို လွန်မြောက်လေပြီ။ (၃)

နှစ်ခုမြောက် တိႆေမေတၱယ်မာဏဝပုစၧာ ၿပီး၏။