သနပ ၅.၉: တောဒေယျမာဏဝပုစ္ဆာ

၁ဝ၉၅။ (တောဒေယျသည် ဤသို့ မေးလျှောက်၏) –

အကြင်ပုဂ္ဂိုလ်၌ ကာမတို့ မကိန်းအောင်းကုန်၊ အကြင်သူအား တပ်မက်မှု ‘တဏှာ’ မရှိ၊ အကြင်ပုဂ္ဂိုလ်သည်သို့လောသို့လော တွေးတောမှု ‘ဝိစိကိစ္ဆာ’ကို လွန် မြောက်၏။ ထိုပုဂ္ဂိုလ်အား အဘယ်သို့ သော လွတ်မြောက်မှု ‘ဝိမောက္ခ’ကို အလိုရှိ အပ်ပါသေးသနည်း။ (၁)

၁ဝ၉၆။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) –

တောဒေယျ အကြင်ပုဂ္ဂိုလ်၌ ကာမတို့ မကိန်းအောင်းကုန်၊ အကြင်သူအား တပ် မက်မှု ‘တဏှာ’ မရှိ၊ အကြင်ပုဂ္ဂိုလ်သည်သို့လောသို့လော တွေးတောမှု ‘ဝိစိ ကိစ္ဆာ’ကို လွန်မြောက်၏။ ထိုပုဂ္ဂိုလ်အားအခြားတစ်ပါးသော လွတ်မြောက်မှု ‘ဝိမောက္ခ’ကို အလိုမရှိအပ်တော့ပြီ။ (၂)

၁ဝ၉၇။ သာကီနွယ်ဖွား မြတ်စွာဘုရား ထိုသူသည် တွယ်တာမှု ‘အာသာ’ ကင်းပြီ လော၊သို့ မဟုတ်တွယ်တာမှု ‘အာသာ’ ရှိသေးသလော၊ ထိုသူသည် ပညာရှိသူ ဖြစ်သလော၊သို့ မဟုတ် သမာပတ္တိစသောဉာဏ်ဖြင့် တဏှာကပ္ပ ဒိဋ္ဌိကပ္ပကို ဖြစ် စေသူပါလော၊ ထက်ဝန်းကျင် မြင်စွမ်းနိုင်သော ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ် သိနိုင်လောက်အောင် ထိုမုနိကို အကျွန်ုပ်အားဟောကြားတော်မူပါလော့။ (၃)

၁ဝ၉၈။ တောဒေယျ ထိုသူသည် တွယ်တာမှု အာသာကင်းပြီ၊ တွယ်တာမှု အာသာ မရှိတော့ပြီ၊ ထိုသူသည် ပညာရှိသူ ဖြစ်၏။ သမာပတ္တိစသောဉာဏ်ဖြင့် တဏှာကပ္ပ ဒိဋ္ဌိကပ္ပကို ဖြစ်စေသူမဟုတ်တော့ပြီ၊ ဤသို့လျှင်ကြောင့်ကြ မရှိသူ ကာမ၌လည်းကောင်း၊ ဘဝ၌လည်းကောင်းကပ်ငြိမှု ‘တဏှာ’ မရှိသူကို ‘မုနိ’ဟူ၍ သိလော့။ (၄)

ကိုးခုမြောက် တောဒေယျမာဏဝပုစ္ဆာ ပြီး၏။