၅ဝ၈။ ရဟန်းတို့ ဣနြေ္ဒတို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်း၊ သုခိနြေ္ဒ၊ ဒုက္ခိနြေ္ဒ၊ သောမနဿိနြေ္ဒ၊ ဒေါမနဿိနြေ္ဒ၊ ဥပေက္ခိနြေ္ဒတို့တည်း။
ရဟန်းတို့ သုခိနြေ္ဒဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော ချမ်းသာမှု ကိုယ်၌ ဖြစ် သောသာယာမှု ကိုယ်အတွေ့ကြောင့် ဖြစ်သော ချမ်းသာမှု သာယာမှု ခံစားမှုကို သုခိနြေ္ဒဟု ဆိုအပ်၏။
ရဟန်းတို့ ဒုက္ခိနြေ္ဒဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော ဆင်းရဲမှု ကိုယ်၌ ဖြစ် သောမသာယာမှု ကိုယ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲမှု မသာယာမှု ခံစားမှုကို ဒုက္ခိနြေ္ဒဟု ဆိုအပ်၏။
ရဟန်းတို့ သောမနဿိနြေ္ဒဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ ဖြစ်သော ချမ်းသာမှု စိတ်၌ဖြစ်သော သာယာမှု စိတ်အတွေ့ကြောင့် ဖြစ်သော ချမ်းသာမှု သာယာမှု ခံစားမှုကို သောမနဿိနြေ္ဒဟုဆိုအပ်၏။
ရဟန်းတို့ ဒေါမနဿိနြေ္ဒဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ ဖြစ်သော ဆင်းရဲမှု စိတ်၌ဖြစ်သော မသာယာမှု စိတ်အတွေ့ကြောင့် ဖြစ်သော ဆင်းရဲမှု မသာယာမှု ခံစားမှုကို ဒေါမနဿိနြေ္ဒဟုဆိုအပ်၏။
ရဟန်းတို့ ဥပေက္ခိနြေ္ဒဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ ဖြစ်သော သာယာမှုလည်း မဟုတ်မသာယာမှုလည်း မဟုတ်သော ခံစားမှုကိုလည်းကောင်း၊ စိတ်၌ ဖြစ်သော သာယာမှုလည်း မဟုတ်မသာယာမှုလည်း မဟုတ်သော ခံစားမှုကိုလည်းကောင်း ဥပေက္ခိနြေ္ဒဟု ဆိုအပ်၏။
ရဟန်းတို့ ထိုဣနြေ္ဒတို့တွင် သုခိနြေ္ဒကိုလည်းကောင်း၊ သောမနဿိနြေ္ဒကိုလည်းကောင်း သုခဝေဒနာဟုရှုမှတ်အပ်၏။ ထိုဣနြေ္ဒတို့တွင် ဒုက္ခိနြေ္ဒကိုလည်းကောင်း၊ ဒေါမနဿိနြေ္ဒကိုလည်းကောင်း ဒုက္ခဝေဒနာဟုရှုမှတ်အပ်၏။ ထိုဣနြေ္ဒတို့တွင် ဥပေက္ခိနြေ္ဒကို မဆင်းရဲ မချမ်းသာ (အလယ်အလတ်) ကို ခံစားမှုအဒုက္ခမသုခဝေဒနာဟု ရှုမှတ်အပ်၏။ ရဟန်းတို့ ဤသို့လျှင် ဤဣနြေ္ဒငါးပါးတို့သည် အကြောင်း ‘ပရိယာယ်’ အားဖြင့် ငါးပါးတို့ ဖြစ်လျက် သုံးပါးတို့ ဖြစ်ကုန်၏၊ သုံးပါးတို့ ဖြစ်လျက် ငါးပါးတို့ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။