သန ၄၈.၅၆: ပတိဋ္ဌိတသုတ်

၅၂၆။ ရဟန်းတို့ တစ်ခုတည်းသော တရား၌ တည်သော ရဟန်းအား ပွါးများအပ်သော ဣနြေ္ဒငါးပါးတို့သည် ကောင်းစွာ ပွါးများအပ်သည် မည်ကုန်၏။ အဘယ်တစ်ခုတည်းသော တရား၌နည်း၊ မမေ့မလျော့မှုတည်း။

ရဟန်းတို့ မမေ့မလျော့မှုသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝတရားတို့၌လည်းကောင်း၊ အာသဝတို့၏ အာရုံတရားတို့၌လည်းကောင်း စိတ်ကို စောင့်ရှောက်၏။ အာသဝ တရားတို့၌လည်းကောင်း၊ အာသဝတို့၏ အာရုံတရားတို့၌လည်းကောင်း စိတ်ကိုစောင့်ရှောက်သော ထို ရဟန်းအား သဒ္ဓိနြေ္ဒသည်လည်း ပွါးများပြည့်စုံခြင်းသို့ ရောက်၏၊ ဝီရိယိနြေ္ဒသည်လည်း ပွါးများပြည့်စုံခြင်း သို့ ရောက်၏၊ သတိနြေ္ဒသည်လည်း ပွါးများပြည့်စုံခြင်းသို့ရောက်၏၊ သမာဓိနြေ္ဒသည်လည်း ပွါးများပြည့် စုံခြင်းသို့ ရောက်၏၊ ပညိနြေ္ဒသည်လည်းပွါးများပြည့်စုံခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤသို့လျှင် တစ်ခုတည်းသော တရား၌ တည်သော ရဟန်းအား ပွါးများအပ်သောဣနြေ္ဒငါးပါးတို့သည် ကောင်းစွာ ပွါးများအပ်သည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။