ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိသော ပရိဗိုဇ်တို့သည် ဤသို့ မေးကုန်ငြားအံ့ ….
”ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့တည်း၊ အဘယ်သုံးမျိုးတို့နည်းဟူမူ- တပ်မက်ခြင်း ‘ရာဂ’၊ အမျက်ထွက်ခြင်း ‘ဒေါသ’၊ တွေဝေခြင်း ‘မောဟ’တို့တည်း။ ငါ့သျှင်တို့တရားတို့သည် ဤသုံးမျိုးတို့ ပေတည်း။

ငါ့သျှင်တို့ ဤတရားသုံးမျိုးတို့၏ ထူးခြားမှုကား အဘယ်ပါနည်း၊ ပယောဂလွန်ကဲမှုကား အဘယ်ပါနည်း၊ ကွဲပြား ခြားနားမှုကား အဘယ်ပါနည်း”ဟု မေးကုန်ငြားအံ့…
ဤသို့မေးအပ်ကုန်သော် ရဟန်းတို့ သင်တို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိသော ထို ပရိဗိုဇ်တို့အား ဤသို့ ဖြေဆိုကြ ကုန်လော့ ”ငါ့သျှင်တို့ ရာဂသည် အပြစ်နည်း၏၊ ဖြည်းဖြည်း ကင်းပျောက်၏၊ ဒေါသသည် အပြစ်ကြီး၏၊ မြန်မြန် ကင်းပျောက်၏၊ မောဟသည် အပြစ်ကြီး၏၊ ဖြည်းဖြည်း ကင်းပျောက်၏”ဟု (ဖြေဆိုကြ ကုန်လော့)။ (အန ၃.၆၉)

လောဘ

၁. သာဠှတို့ ထို အရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ လိုချင်တပ်မက်ခြင်း ‘လောဘ’ဟူသည် ရှိသလောဟု (မေး၏)။
ရှိပါသည် အသျှင်ဘုရား။

၂. သာဠှတို့ ဤသဘောကို ‘အဘိဇ္ဈာ’ဟု ငါဆို၏။ သာဠှတို့ တပ်မက်သောသူသည် မက်မောခြင်း ‘အဘိဇ္ဈာ’ များသည် ဖြစ်၍ သူ့အသက်ကိုလည်း သတ်၏၊ မပေးသည်ကိုလည်း ယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ မဟုတ် မမှန်သော စကား ကိုလည်း ပြော၏၊ သူတစ်ပါးကိုလည်း ထို အတိုင်းပြုရန် ဆောက်တည်စေ၏၊

၃. ယင်းသူ့အသက်သတ်ခြင်း စသည်သည် ထိုသူအား ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွါးမရှိခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်နိုင်သည် မဟုတ်လောဟု (မေး၏)။
ဖြစ်နိုင်ပါသည် အသျှင်ဘုရား။ (အန ၃.၆၇)

ဒေါသ
မောဟ